ငါးဖမ်းရွာလို မြို့သေးသေးလေးက လူဦးရေ (၄၀၀၀၀)ကျော်ကို ကိုယ်စားပြုတဲ့ နော်ဝေကလပ် Bodo/Glimt

ငါးဖမ်းရွာလို မြို့သေးသေးလေးက လူဦးရေ (၄၀၀၀၀)ကျော်ကို ကိုယ်စားပြုတဲ့ နော်ဝေကလပ် Bodo/Glimt

ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တက်ရောက်လာတဲ့အသင်း(၄)သင်းထဲမှာ ပရိသတ်တွေနဲ့ သိပ်ပြီး ယှဉ်ပါးခြင်းမရှိတဲ့ Bodo/Glimt ဆိုတဲ့အသင်းပါဝင်လာပါတယ်။ ဒီအသင်းက ရောမမြို့အခြေစိုက် အီတလီကလပ်လာဇီယိုအသင်းကို နှစ်ကျော့ပေါင်း(၃-၃)ဂိုးနဲ့ သရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ်နဲ့ ကျော်ဖြတ်ခဲ့တဲ့အသင်းပါ။

ဘိုသိုဂလင့်လို့ အသံထွက်ထဲ့ Bodo/Glimt အသင်းက အာတိတ်စက်ဝိုင်းထဲမှာရှိတဲ့ နော်ဝေကျွန်းဆွယ်ကလေးတစ်ခုဖြစ်တဲ့ Bodo ကျွန်းဆွယ်မှာ တည်ရှိတဲ့ Bodo မြို့မှာ အခြေစိုက်တဲ့အသင်းပါ။

ဧရိယာစတုန်းကီလိုမီတာ (၁၅)ကီလိုမီတာတောင်မရှိတဲ့ ဒီ Bodo မြို့လေးဟာ အရင်က ငါးဖမ်းရွာတစ်ရွာအဖြစ် သမိုင်းကြောင်းမှာ ရှိခဲ့ပြီး (၁၉)ရာစုမှာ မြို့တစ်မြို့ရဲ့အင်္ဂါရပ်တွေနဲ့ ပြည့်စုံအောင် တည်ဆောက်ခဲ့တာပါ။

ဒီမြို့မှာ လူဦးရေကအလွန်နည်းပါးပြီး နောက်ဆုံးကောက်ခံတဲ့စာရင်းအရ လူ(၄၂၈၃၁)ဦးသာရှိပါတယ်။

ဒါကြောင့် ငါးဖမ်းရွာလို ဖြစ်နေတဲ့ မြို့သေးသေးလေးကို ကိုယ်စားပြုတဲ့အသင်းအဖြစ် Bodo/Glimt အသင်းက ရှိနေပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း နော်ဝေလိဂ်ကို လွှမ်းမိုးလာခဲ့တာလည်း အိပ်မက်ပြဇာတ်တစ်ပုဒ်လို ဖြစ်နေပါတယ်။

၁၉၁၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ အသင်းဖြစ်ပေမယ့် နော်ဝေအောက်တန်းလိဂ်တွေမှာသာ ကျင်လည်ခဲ့ရပြီး ၂၀၁၈ ခုနှစ်မှ နော်ဝေပထမတန်းလိဂ်ပြိုင်ပွဲကို တန်းတက်လာခဲ့တာပါ။ တန်းတက်ပြီး (၃)ရာသီမြောက်မှာ နော်ဝေအမှတ်ပေးချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့ပြီး နောက်ဆုံး(၅)နှစ်အတွင်း ချန်ပီယံ(၄)ကြိမ်ဖြစ်ခဲ့တာက ဥရောပဘောလုံးလောကကိုပါ အံအားသင့်စေခဲ့ပါတယ်။

အခုတော့ နော်ဝေဘောလုံးလောကကိုသာမက ဥရောပကိုပါ လွှမ်းမိုးဖို့ ကြံစည်လာပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းခဲ့ပြီဖြစ်ပါတယ်။

Bodo/Glimt အသင်းဟာ လန်ဒန်ကလပ်စပါးအသင်းနဲ့ ကစားရမှာဖြစ်ပြီး ဗိုလ်လုပွဲအထိတက်လှမ်းပြီး ချန်ပီယံဆုကိုပါအရယူမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Read more

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့(ဧပြီ ၃၀ ရက်)မှာ ကစားဖို့ရှိတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ဘာစီလိုနာ-အင်တာမီလန်ပွဲကို ဥရောပမှာ မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

မနေ့က ကစားခဲ့တဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အမျိုးသမီးအသင်းဟာ နာမည်ကြီးပြင်သစ်ကလပ် လိုင်ယွန်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အံ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲပြီး သူ့ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေ

တိုက်စစ်မှူးအီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို မိမိတို့အယူခံဝင်မယ်လို့ ဘုန်းမောက်နည်းပြအီရာအိုလာအတည်ပြု

တိုက်စစ်မှူးအီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို မိမိတို့အယူခံဝင်မယ်လို့ ဘုန်းမောက်နည်းပြအီရာအိုလာအတည်ပြု

ဘုန်းမောက်အသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ ဘရာဇီးလ်တိုက်စစ်မှူး အီဗာနီလ်ဆန်ရဲ့အနီကတ်ပြ