နေပူထဲ သွားတော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိရပါ !!🌞💗
အခုတလော ရာသီဥတုက အေးတယ်လို့ ထင်ရပေမယ့် နေရှိန်ကတော့ တော်တော်လေးကိုပြင်းပါတယ်။အသားအရေကို ပျက်စီးဖို့ နေရောင်အောက်တွင် ၁၅ မိနစ်ခန့်ပဲကြာပါတယ်..
ဒီလို နေအရှိန်နဲ့တော့ အပြင်မထွက်ခင် ကိုယ့်အသားအရေ ကို ကြိုတင်ကာကွယ်ထားမှစိတ်ချရပါမယ်။ဒီတော့ နေလောင်ဒဏ်ကနေ ကိုယ့်အသားအရေကို ကာကွယ်ဖို့အတွက် သိထားသင့်တဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။
Sunscreen ကိုမဖြစ်မနေလိမ်းပါ။မိုးအုံ့တဲ့နေ့ ဖြစ်နေပါစေ၊အိမ်မှာနေတဲ့ အချိန်ဖြစ်နေပါစေ..နေ့တိုင်း Sunscreen သုံးပေးပါ။အနည်းဆုံး SPF 30 ပါတဲ့ Sunscreenကို အပြင်မထွက်မီ အနည်းဆုံး ၁၅ မိနစ် လောက်ကြိုပြီးလိမ်းပါ။Sunscreen လိမ်းတာက နေရောင်ဒဏ်မှ ကာကွယ်နိုင်တာကို သိကြပေမယ့်အများစုကတော့ Sunscreen လိမ်းဖို့ မေ့နေကြတုန်းပါပဲ။အလေ့အကျင့်တစ်ခုအဖြစ် သတိတရလိမ်းပေးပါ။
နေရှိန်ပြင်းတဲ့အချိန်ဆိုရင် တတ်နိုင်သမျှအပြင်ထွက်ခြင်းကိုရှောင်ပါ။နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေ က ခရမ်းလွန်ရောင်ခြည်ပါဝင်မှု မြင့်မားတာကြောင့်ပြင်ပလှုပ်ရှားမှုများကို တတ်နိုင်သမျှ ရှောင်ပါ။အရေးကြီးကိစ္စရှိခဲ့ပါကလည်း အကာကွယ်အချို့ ယူပါ။
အင်္ကျီကို သေချာရွေးချယ်ဝတ်ပါ။အဝတ်အစားတွေကလည်း နေရောင်ခြည်ကို အသင့်အတင့် ကာကွယ်ပေးလို့ သေချာရွေးချယ်ပြီးဝတ်စေချင်ပါတယ်။ထူထဲတဲ့ အင်္ကျီတွေထက် ချည်သား အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ဖို့ အကြံပေးပါရစေ။အရောင်ရင့်လွန်းတဲ့ အင်္ကျီ၊ဘောင်းဘီတွေ၊အထူးသဖြင့် အနက်ရောင် ကိုတော့ တတ်နိုင်သမျှရှောင်ပါ။
ထီး ဒါမှမဟုတ် ဦးထုပ်ဆောင်းပါ။မျက်နှာ၊ လည်ပင်းနှင့် နားရွက်တို့ကို အရိပ်ပေးနိုင်ဖို့ ဦးထုပ် နှင့် ထီးတို့ကိုအသုံးပြုပါ။အနက်ရောင်က အပူကိုစုပ်ယူတဲ့အတွက် ပိုပြီးပူစေနိုင်လို့ အနက်ရောင်ကိုတော့ တတ်နိုင်သမျှရှောင်ပါ။
နေကာမျက်မှန် ဆောင်ပါ။ခရမ်းလွန်ရောင်ခြည် စုပ်ယူမှု 99% မှ 100% ထိပါတဲ့ နေကာမျက်မှန်တွေက မျက်လုံး ကိုအကောင်းဆုံးကာကွယ်မှုပေးပါသည်။နေကာမျက်မှန်က မျက်လုံးကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးပြီး အတွင်းတိမ်ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
နေပူရှိန် အရမ်းပြင်းတော့ အပူမရှပ်ဖို့ကလည်းအရေးကြီးတဲ့အတွက် အပြင်ကပြန်ရောက်တဲ့အခါ ခြေလက်တန်းမဆေးပဲ၊ ရေတစ်ခွက်အရင်သောက်၊နားပြီးမှ ရေချိုးဖို့ပြောပါရစေ..အသားအရေ ပျက်စီးမှု နှင့် အရေပြားကင်ဆာဖြစ်ခြင်းမှ ကာကွယ်နိုင်ဖို့ ဒီအချက်လေးတွေကို မမေ့မလျော့ နဲ့ သတိထားပြီး လုပ်ကြရအောင်နော်…