နွေရာသီမှာထွက်ခွာမယ့် ရာနီရေးရီရဲ့နေရာမှာ ဖာဘရီဂတ်စ်ကိုနည်းပြအဖြစ်ခန့်အပ်ဖို့ ရိုးမားအသင်းဆက်သွယ်ခဲ့

နွေရာသီမှာထွက်ခွာမယ့် ရာနီရေးရီရဲ့နေရာမှာ ဖာဘရီဂတ်စ်ကိုနည်းပြအဖြစ်ခန့်အပ်ဖို့ ရိုးမားအသင်းဆက်သွယ်ခဲ့

ရိုးမားအသင်းဟာ နွေရာသီမှာအသင်းကထွက်ခွာမယ့် ဝါရင့်နည်းပြရာနီရေးရီရဲ့နေရာမှာ အာဆင်နယ်၊ဘာစီလိုနာနဲ့ ချယ်လ်ဆီးအသင်းကစားသမားဟောင်း ဖာဘရီဂတ်စ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ဆက်သွယ်မှုပြုလုပ်ခဲ့ပါတယ်။

ရာနီရေးရီဟာ ပြီးခဲ့တဲ့ရာသီက ကာဂလီယာရီအသင်းကို စီးရီးအေမှာတန်းကျန်ရစ်အောင်ကိုင်တွယ်ပေးနိုင်ခဲ့ပြီးနောက် နည်းပြလောကကနေ အနားယူခဲ့ပေမယ့် ရလဒ်ဆိုးနေတဲ့ အသင်းဟောင်းရိုးမားအသင်းကို ကိုင်တွယ်ဖို့ အနားယူတဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး ရာသီကုန်အထိကိုင်တွယ်ဖို့ စာချုပ်ချုပ်ခဲ့တာပါ။

ရာနီရေးရီကိုင်တွယ်ပြီးနောက်မှာ ရိုးမားအသင်းဟာ ရလဒ်တွေအလွန်ကောင်းမွန်ခဲ့ပြီး ပွဲစဉ်(၃၄)ပွဲကစားအပြီးမှာ အမှတ်ပေးဇယားအဆင့်(၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ မျှော်လင့်ချက်တွေရှိနေပေမယ့် အသင်းတာဝန်ရှိသူတွေက ရာနီရေးရီဟာ ရေရှည်ဖြေရှင်းချက်မဟုတ်ကြောင်း နားလည်ထားပြီး နည်းပြသစ်ရှာဖွေမှုတွေကို ပြုလုပ်နေတာပါ။

ကိုမိုအသင်းကို ကိုင်တွယ်နေတဲ့ ဖာဘရီဂတ်စ်ဟာ ရိုးမားအသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ထိပ်ဆုံးနေရာရပ်တည်နေတာဖြစ်ပါတယ်။ ဖာဘရီဂတ်စ်ဟာ တန်းတက်ကလပ်ကိုမိုအသင်းကို နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲဆက်တိုက်နိုင်ပွဲရယူပေးနိုင်တာအပါအဝင် စီးရီးအေအမှတ်ပေးဇယားအဆင့်(၁၁)နေရာမှာ ရပ်တည်နိုင်အောင် ပို့ဆောင်ပေးထားတာပါ။ ဥရောပကလပ်အသင်းအချို့ရဲ့ချိတ်ဆက်မှုတွေခံနေရတဲ့ ဖာဘရီဂတ်စ်ကို ရိုးမားအသင်းက ဆက်သွယ်မှုပြုလုပ်ပြီးဖြစ်တယ်လို့ Sky Sports Italy က ဖော်ပြထားပါတယ်။

အယ်လ်နာဆာအသင်းနည်းပြပိုင်အိုလီ၊အိုင်းယက်စ်အသင်းနည်းပြ ဖာရီအိုလီနဲ့ ဂျီနိုအာအသင်းနည်းပြ ဗီယာရာတို့လည်း ရိုးမားအသင်းနည်းပြသစ်စာရင်းထဲမှာ ပါဝင်နေကြပါတယ်။ ရိုးမားအသင်းဟာ နည်းပြသစ်ရှာဖွေနေသလို လာမယ့်ရာသီဥရောပဝင်ခွင့်ရယူနိုင်ဖို့လည်း ပစ်မှတ်ထားနေပြီး လာမယ့်စီးရီးအေပွဲစဉ်အဖြစ် ဖီအိုရမ်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Read more

နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်

နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်

ဂျိုနပ်စ်ဂူတီယာရက်ဇ်ဆိုတာ တစ်ချိန်က နယူးကာဆယ်အသင်းကွင်းလယ်မှာ ပရိသတ်တွေ နှစ်သက်ကြတဲ့ကစားသမားတစ်ဦးပါ။ လက်ရှိနယူးကာဆယ်အသင်းက ဂွီမာရေ့စ်၊ ဂျိုလင်တန်အစရှ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်) ပထမအကျော့ ဘာစီလိုနာ - အင်တာမီလန် (1 May 2025/ 1:30 am) ဘာစီလိုနာက လာလီဂါဇယားထိပ်ဆုံးမှာ လက်ရှိချန်ပီယံရီးရဲလ်မက်

၂၀၂၅ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမား ဒမ်ဘီလီ

၂၀၂၅ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမား ဒမ်ဘီလီ

ပြင်သစ်ကလပ် PSG အသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမားဒမ်ဘီလီဟာ ဒီနှစ်အတွင်း PSG အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု(၃၀)ဂိုးအထိရှိနေပြီး ဒါက ဥရောပထိပ်တန်းလိဂ်

အာဆင်နယ်-PSG ပွဲက အာဆင်နယ် ပရိသတ်တွေရဲ့အားပေးမှုကို ဝိန်းရွန်နီဝေဖန်

အာဆင်နယ်-PSG ပွဲက အာဆင်နယ် ပရိသတ်တွေရဲ့အားပေးမှုကို ဝိန်းရွန်နီဝေဖန်

မနေ့က အာဆင်နယ်(ဝ-၁)PSG ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ အာဆင်နယ်ပရိသတ်တွေရဲ့အားပေးမှုဟာ ငြိမ်သက်နေတယ်လို့ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆေ