ဂီတဆိုတာက လူတွေရဲ့စိတ်ကို ဘယ်လို ပြောင်းလဲစေလဲ။ ကုစားပေးလဲ?

ဂီတဆိုတာက လူတွေရဲ့စိတ်ကို ဘယ်လို ပြောင်းလဲစေလဲ။ ကုစားပေးလဲ?

ဂီတဟာ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ပြောင်းလဲစေနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပျော်စရာသီချင်းလေးကို နားထောင်မိရင် မြူးကြွတဲ့ သီချင်းနားထောင်မိရင် စိတ်က အလိုလို တက်ကြွလာတယ်။ ဦးနှောက်ကလည်း ပို Active ဖြစ်လာတယ်။ ဝမ်းနည်းစရာ Music နားထောင်မိရင်လည်း လူက အလိုလို ခံစားမိတယ်။ ဝမ်းနည်းစရာတွေကို တွေးမိသလိုလိုဖြစ်လာတယ်။ အလုပ်လုပ်နေချိန်ဆိုလည်း Active ဖြစ်စေတဲ့သီချင်းလေးတွေ နားထောင်ပြီးလုပ်ရင် အလုပ်ပိုပြီးတယ်။ အာရုံစိုက်ပြီး လုပ်ရမဲ့အလုပ်ဆိုလည်း Jazz Music လေးတွေ Piano Music လေးနားထောင်ပြီးလုပ်ရင် စိတ်က ပိုခံစားမှုကောင်းပြီး အလုပ်လုပ်လို့ပိုအဆင်ပြေတယ်။ စားသောက်ဆိုင်တစ်ခုထဲ ရောက်သွားရင်ပဲဖြစ်ဖြစ် Hotel တွေမှာပဲဖြစ်ဖြစ် သတိထားမိမှာပေ့ါ။ သီချင်းတွေ ဖွင့်ထားတယ်။ Cafe လို ကော်ဖီဆိုင်တွေမှာဆိုလည်း ငြိမ့်ငြိမ့်ငြောင်းငြောင်းသီချင်းလေးတွေ နားထောင်ပြီး အပန်းဖြေနိုင်အောင် လုပ်ထားတယ်။ တစ်ချို့ လူတွေ အထိုင်များတဲ့ Fast Food တို့မှာဆို မြုးမြူးကြွကြွသီချင်းတွေ ဖွင့်ထားတယ်။ ဒီလိုဖွင့်ထားလိုက်တော့ လူတွေ အစားကို မြန်မြန်စားကြတယ်။အိပ်မရတဲ့ ညတွေမှာဆိုလည်း Soothing Musicလို့ခေါ်တဲ့စိတ်ကို Relax ဖြစ်စေတဲ့ သံစဉ်လေးတွေ နားထောင်ပြီး အိပ်တဲ့အခါ အများကြီး အထောက်အကူပြုတာမျိုးတွေ ရှိပါတယ်။ အားကစားလုပ်တယ်ဆိုလည်း Youtube မှာ Gym Music လို့ ရိုက်ရှာလို့တွေ့မှာပါ။ ဦးနှောက်ကို ပို Active ဖြစ်စေပြီး အားကစားလုပ်ရင် စိတ်ကို ပိုတက်ကြွစေပါတယ်။ အိမ်မှာ အလုပ်တွေ လုပ်နေရင်းပစ္စည်းတွေ ရှင်းနေရင်း သီချင်းမြူးမြူးလေးနားထောင်ပြီးလုပ်တော့စိတ်ကို ပိုရွှင်လန်းစေပြီး အလုပ်ပိုပြီးစေတယ်။ မနက်စောစောထထချင်းလည်း ကိုယ်အကြိုက်ဆုံး စိတ်ကို မြူးစေ Active ဖြစ်စေတဲ့သီချင်းကိုဖွင့်ပြီး အိပ်ချင်စိတ်ပျောက်အောင်လုပ်လို့ရပါတယ်။

ကမ္ဘာပေါ်မှာ ဂီတ အမျိုးအစားတွေ အများကြီးရှိပါတယ်။ အမျိုးအစားတစ်ခုချင်းစီက လူတွေရဲ့စိတ်ခံစားချက်ကို တစ်မျိုးစီ ပြောင်းလဲစေတာတော့ လုံး၀ ငြင်းမရပါဘူး။ အချိန်တွေ ဘယ်လောက်ပြောင်းပြောင်း လူမျိုးတွေ ဘယ်လောက်ပဲ ကွဲပြားပါစေ သီချင်းကို ဖန်တီးကြပုံချင်း၊ သီချင်းနားထောင်းပြီး ကခုန်လို့ပျော်တာချင်း၊ အပန်းပြေစေတဲ့သီချင်းလေးနားထောင်ပြီး စိတ်ကို သက်သာအောင် လုပ်ကြတာချင်းအတူတူပါပဲ။

သီချင်းနားမထောင်ပဲ နေနိုင်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဂီတဆိုတာ ကုထုံးတစ်မျိုးဆိုလည်း မမှားပါဘူး။ ဘာသာစကားတွေ မလိုဘဲ လူတွေ စိတ်ချင်းဆက်နိုင်ပါတယ်။ဂီတကို အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူတွေ၊ စိတ်ဖောက်ပြန်နေသူတွေ၊ စိတ်ဓာတ်ကျနေသူတွေ၊ စိတ်ဒဏ်ရာတွေကို ကုသနိုင်တဲ့ ကုထုံးတွေလည်း ရှိပါတယ်။ သိပ္ပံပညာရှင်တွေ ဆရာဝန်တွေ စိတ်ရောဂါကုထုံးဆရာဝန်တွေ အနေနဲ့လည်း ခံစားနေရတဲ့ဝေဒနာတွေသက်သာအောင် ကုသပေးနိုင်စွမ်းရှိပါတယ်ဆိုပြီး အတိအကျ ပြောထားကြပါတယ်။ ဂီတဟာ စိတ်ကော ဦးနှောက်ကိုပါ လွမ်းမိုးမှုရှိတာမို့ပဲဖြစ်ပါတယ်။

ဂီတကို အသုံးပြုပြီး ကုသပေးတဲ့  အသိအမှတ်ပြု လက်မှတ်ရ Certified Music Therpist တွေရှိပါတယ်။သူတို့တွေဟာ အများအားဖြင့် ဂီတပညာရှင်တွေဖြစ်တယ်။ ဘယ်လိုသီချင်း ဘယ်လို Music တွေဟာ စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုသက်ရောက်စေတယ်။ စိတ်ကို ဘယ်လို လှုံ့ဆော်ပေးလဲ၊ ဘယ်လို အကူအညီပေးပြီး ဘယ်လို ကုသပေးလဲဆိုတာ ကောင်းကောင်းသိကြတယ်။

ဥပမာအားဖြင့် လေဖြတ်ခဲ့တဲ့လူနာတွေ ဦးနှောက် ဘယ်ဘက်ကို ထိခိုက်မှုတခုခုရှိခဲ့လို့ စကားပြောလို့ မရတော့တဲ့သူတွေကို ကုသပေးတဲ့နေရာအထိထိရောက်တာကို တွေ့ရပါတယ်။ သီချင်းဆိုလို့ရအောင် လှုံဆော်ပေးတာက ညာဘက်ဦးနှောက်ဘက်ခြမ်းက စပြီး ဘယ်ဘက်ဦးနှောက်ကနေ စိတ်ထဲမှာရှိတဲ့ အတွေးတွေကို သီချင်းလို ပြောင်းလဲရွတ်ဆိုရင်း တဖြေးဖြေး မယ်လိုဒီသံတွေထည့်ရင်း ဘယ်ဘက်ခြမ်းထိခိုက်လို့ စကားမပြောနိုင်တာတွေကို ပြန်ပြောနိုင်အောင် လုပ်ပြီး ကုသခဲ့တာတွေကိုလည်း Harvard တက္ကသိုလ်က ဆေးဝါးသုနေတန ဆောင်းပါးမှာရေးထားတာကို တွေ့ရပါတယ်။ Cancer ဖြစ်လို့ဆေးကုသမှုခံယူနေတဲ့သူတွေကိုလည်း စိတ်ဖိစီးမှုတွေ သက်သာစေတဲ့အပြင်၊  ပြင်းထန်တဲ့ ဓာတုဆေးကုထုံးတွေရဲ့ Side effects တွေဖြစ်တဲ့ ခေါင်းမူးတာတွေ အန်တာတွေဖြစ်မှာကြောက်တဲ့ စိတ်တွေကို ဖြေဖျောက်ပေးနိုင်ပါတယ်။

Music Therapy ဂီတကုထုံးအရဆိုရင် စိတ်ဓာတ်ကျနေသူတွေကို စိတ်သက်သာရာရစေတယ်။ ရောဂါတခုခုကြောင့် ဖြစ်တဲ့နာကျင်မှု ဝေဒနာတွေရဲ့အသိတွေကို လျော့စေပြီး စိတ်ပိုင်းဆိုင်ရာအရ နာကျင်မှုဝေဒနာတွေကို ထိန်းချုပ်တတ်စေတဲ့ စိတ်အာရုံကို ရစေတယ်။

စိတ်ဖောက်ပြန်နေသူတွေကိုလည်း အရင်က Memory တွေ အကြောင်းအရာတွေ ပြန်မှတ်မိလာအောင်၊ စိတ်ကယောင်ချောက်ချားဖြစ်တာတွေ၊ Communicationပိုင်း သူတို့နဲ့ ပြောဆိုဆက်ဆံတဲ့နေရာတွေမှာပိုကောင်းလာအောင်၊ ခန္တာကိုယ်လှုပ်ရှားမှုပိုင်းမှာလည်း ဟန်ချက်ညီစေတာအထိ ကူညီပေးနိုင်တယ်ဆိုတာကိုလည်း ရေးထားပါတယ်။

ကမ္ဘာပေါ်မှာ သီချင်းနဲ့ ပတ်သတ်ပြီး ကြောက်စရာ ကောင်းတဲ့ အဖြစ်အပျက်တွေတောင်ဖြစ်ခဲ့ပါတယ်။ ၁၉ ၃၃ ခုနှစ်က ဟန်ဂေရီယမ် Suicide song ဆိုတဲ့သီချင်းထွက်ခဲ့ပါတယ်။ သီချင်းနာမည်ကတော့ Gloomy Sunday အုံ့မှိုင်းနေသော စနေနေ့ပေ့ါ။ ကမ္ဘာပေါ်မှာ နားထောင်ဖို့ အန္တရယ်အရှိဆုံးသီချင်း၊ New York Time သတင်းရဲ့ ထုတ်ပြန်မှုအရ အဲဒိသီချင်းနားထောင်ပြီးတာနဲ့ လူရာကျော်လောက် ကိုယ့်ကိုကိုယ် သက်သေကြတယ်ဆိုတဲ့ အဖြစ်တွေရှိခဲ့ပါတယ်။ စိတ်ဓာတ်ကျပြီး သိပ်မအောင်မြင်တဲ့ သီချင်းရေးဆရာဟာ သူ့ကောင်မလေးနဲ့ပြတ်ပြီး ရေးခဲ့တာပါ။ ဒါ့ကြောင့် သီချင်းဂီတတွေဟာ လူတွေရဲ့ စိတ်နဲ့ဦးနှောက်ကို အများကြီး လွမ်းမိုးနိုင်တယ်ဆိုတာ လက်မခံနိုင်စရာအကြောင်းမရှိပါဘူး။

တစ်ကယ်လည်း စိတ်ဓာတ်ကျနေချိန်ဆိုရင် ခွန်အားဖြစ်စေတဲ့သီချင်းမျိုးကိုပဲ နားထောင်စေချင်ပါတယ်။ ဂီတကို လိုသလိုသုံးပြီး ကိုယ့်ရဲ့ တနေ့တာ လုပ်ငန်းဆောင်တာတွေ ပိုတိုးတက်အောင် အများကြီးအသုံးချလို့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ Social လူမှုရေးရာတွေမှာပါ အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။

Musical instruments  တူရိယာဂီတတခုခုကို တီးခတ်ခြင်းဟာလည်း ဦးနှောက်ကို ပိုအလုပ်လုပ်စေတာကို တွေ့ရပါတယ်။ ဦးနှောက် ရေရှည်မှတ်ဉာဏ်ကို ပိုတိုးတက်စေတယ်။ တစ်ချို့လေ့လာမှုတွေမှာ တူရီယာတစ်ခုခုတီးတတ်တဲ့ ကလေးတွေဟာ သချာၤမှာပိုကျွမ်းပြီး ဘာသာစကားသင်ယူရမှာလည်း ပိုတတ်တဲ့ စွမ်းရည်ရှိတယ်လို့ဆိုထားပါတယ်။

ဂီတဟာ လူတိုင်းမဖြစ်မနေလိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လူတွေရဲ့ဘဝကို အများကြီး ပြောင်းလဲစေတယ်။ တိုးတက်စေတယ်။ ပျော်ရွှင်စေတယ်။ဘဝရဲ့ အရည်အသွေးကို ပိုတိုးတက်စေတယ်။ ဆေးပညာမှာတောင် ရောဂါတော်တော်များများမှာ ကုသပေးဖို့ကုထုံးတွေတောင် ရှိနေပါပြီ။

Photo Credit - BBVA.com

Read more

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးဆာလာဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်(၅-၁)စပါးပွဲမှာ လီဗာပူးလ်အသင်းအတွက် ပွဲချိန်(၆၃)မိနစ်မှာ အနိုင်ဂိ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့(ဧပြီ ၃၀ ရက်)မှာ ကစားဖို့ရှိတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ဘာစီလိုနာ-အင်တာမီလန်ပွဲကို ဥရောပမှာ မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

မနေ့က ကစားခဲ့တဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အမျိုးသမီးအသင်းဟာ နာမည်ကြီးပြင်သစ်ကလပ် လိုင်ယွန်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အံ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲပြီး သူ့ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေ