“Gelလက်သည်းနီတွေ ဆိုးတဲ့ အခါမှာ သိထားသင့်တဲ့ အချက်များ”

“Gelလက်သည်းနီတွေ ဆိုးတဲ့ အခါမှာ သိထားသင့်တဲ့ အချက်များ”


ဒီဘက်ခေတ် လက်သည်းနီဆိုးတဲ့ အခါမှာ အရင်လို ရိုးရိုးလက်သည်းနီထက် Gel လက်သည်းနီကို ဆိုးကြတာများလာပါတယ်။

Gel လက်သည်းနီက အရောင်လေးတွေလည်း ပိုလှပြီး ရိုးရိုးလက်သည်းနီတွေထက်လည်း ပိုပြီးကြာရှည်ခံတာတွေကြောင့် လူကြိုက်များလာတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို gel လက်သည်းနီကို ခဏခဏ ဆိုးတာက နောက်ပိုင်း လက်သည်းကင်ဆာနှင့် အခြားဆိုးကျိုးတွေကိုလည်း ဖြစ်လာနိုင်စေပါတယ်နော်။

📌Gelလက်သည်းနီဆိုးတာက ပုံမှန်လက်သည်းဖျက်ဆေးနဲ့ မဟုတ်ဘဲ စက်နဲ့လုပ်ရတာမလို့ အကြိမ်များရင် လက်သည်းလည်း ထိလာပြီး ပါးလာတတ်ပါတယ်။

📌နောက်ပြီး Gel လက်သည်းနီတွေက ပုံမှန် ၂-၃ပတ်လောက်ထိ ခံပါတယ်။ ဒီလို ၃ပတ်လောက်ကြာသွားပြီးတဲ့ အခါမှာလည်း နောက်ထပ် အရောင်တစ်ခုကို ချက်ချင်း တန်းဆိုးတာကို လည်း ရှောင်သင့်ပါတယ်။

📌လက်သည်းကို ၂ ပတ်လောက် ဘာမှမဆိုးဘဲ ခဏအနားပေးပြီးမှ နောက်တစ်ခေါက်ပြန်ဆိုးပေးကြဖို့ ပြောချင်ပါတယ်။

📌ဒီလိုမျိုး gel လက်သည်းနီဖျက်တဲ့ အခါမှာလည်း ကုတ်ဖဲ့တာမျိုး၊ အိမ်မှာ ကိုယ့်ဘာသာဖျက်တာမျိုးမလုပ်ကြဖို့လည်း မှာချင်ပါတယ်။ ဆိုင်သွားပြီး ကျွမ်းကျင်သူတစ်ဦးနဲ့ လုပ်ကြဖို့ အကြံပေးချင်ပါတယ်။

📌ပိုပြီး ကျန်းမာတဲ့ လက်သည်း၊ခြေသည်းအတွက် အမြဲတမ်း အစိုဓာတ်ပေးနေဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် လက်သည်း၊ခြေသည်းနား တစ်ဝိုက်ကို Vaseline လိုမျိုး အစိုဓာတ်ထိန်းပေးတဲ့ Cream တစ်ခုခု လိမ်းပေးဖို့ ပြောချင်ပါတယ်။

📌နောက်ဆုံးတစ်ခုက တော့ gelလက်သည်းနီ၊ ခြေသည်းနီတွေကို ခံတယ်ဆိုပြီး အကြာကြီးထားကြတဲ့ အချက်ပဲ။ ဒိလို ဆိုးပြီးသွားပြီဆိုရင် အများဆုံး ၁လ ထက်ပိုပြီး လုံးဝမထားသင့်ပါဘူးနော်။

အခက်မသင့်ရင် ရောင်တာတွေ ယားယံတာတွေ အစရှိတဲ့ နောက်ဆက်တွဲတွေကို ဖြစ်လာနိုင်ပါတယ်။

ကဲ အခုဆိုရင် Gel လက်သည်းနီတွေ ဆိုးခြင်းကနေ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို သိပြီးကြပြီဖြစ်တာကြောင့် နောက်ကျ နည်းလမ်း မှန်မှန်ကန်ကန်နဲ့ ထိန်းသိမ်းကြဖို့လည်း မျှော်လင့်ပါတယ်။

#manicure #pedicure #healthtips #akhayarlifestyle

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ