အင်တာနက်ခေတ်ကြီးမှာ လူကို နေမထိထိုင်မသာဖြစ်စေတဲ့ အရာတွေ

အင်တာနက်ခေတ်ကြီးမှာ လူကို နေမထိထိုင်မသာဖြစ်စေတဲ့ အရာတွေ


Digital ခေတ်မှာ လူကို မရိုးမရွဖြစ်စေပြီး၊ နေမထိ ထိုင်မသာဖြစ်စေတဲ့ အရာတွေရဲ့ အဓိက မြစ်ဖျားခံရာကတော့ ဖုန်းတွေ လူမှုကွန်ရက်တွေကပဲ ဖြစ်ပါတယ်။ ပထမဆုံးပြောပြမယ့်အချက်ကတော့…

(၁) Group လို့ပြောလိုက်ရင် ကြက်သီးထလာတာ

Messenger ၊ facebook ၊ Viber ၊ Wechat ၊ Line ၊ Whatsapp စတဲ့နေရာတွေမှာ Group ပေါင်း သောင်းခြောက်ထောင်ရှိနေတတ်တဲ့ထဲ ကိုယ်ကိုယ်တိုင်ကလည်း အဲ့ Group တွေထဲက Member တစ်ယောက် မဟုတ်ပါလား။ ခုစာဖတ်နေတဲ့ အခရာပရိသတ်ကြီးတချို့လည်း ဖြစ်မှာပေါ့။ တစ်ယောက်ယောက်ကများ “Group ထဲ ထည့်လိုက်မယ်နော်” လို့ ပြောရင် မကြိုက်သော်လည်း အောင့်ကာနမ်းဆိုသလို “အင်း ထည့်လိုက်လေ” ဆိုပြီး အားနာနာနဲ့ ပြန်ပြောမိတယ် ဟုတ်။

(၂) Noti အသံတွေကို ကြောက်နေတာ

ဒီအသံကို ကြောက်တဲ့သူတွေက ပုံမှန်အားဖြင့် အွန်လိုင်းကို အလုပ်ကိစ္စတစ်ခုအတွက်ပဲ ဦးစားပေးပြီး သုံးတတ်တဲ့ ပုဂ္ဂိုလ်မျိုးတွေမှာ တွေ့ရပါလိမ့်မယ်။ ဒီလို ပုဂ္ဂိုလ်တွေမှာ ရှိတတ်တဲ့ Psycho တွေက အင်တာနက်လိုင်းဖွင့်လိုက်တာနဲ့ Noti တွေ ဆက်တိုက်တက်လာရင် “ငါမသိလိုက်တဲ့ ကိစ္စတွေရှိနေပြီ” ဒါမှမဟုတ် “ဘာပြဿနာတွေတက်ပြန်ပြီလဲ မသိဘူး” ဆိုတဲ့အတွေးတွေက ဆက်တိုက်ဖြစ်နေတတ်ပါတယ်။

(၃) React တွေအပေါ် အတွေးတွေပွားတာ

“ဘာလို့လဲ ဘာလို့လဲ သူငါ့ကို ဘာလို့ Angry ပေးသွားလဲ” ဆိုပြီး တွေးတယ် တွေးတယ် တကယ်တော့ ပေးတဲ့လူဘက်က ဒီတိုင်းလေးပဲ ပေးသွားတာ။ ကိုယ့်မှာတော့ အတွေးပေါင်းသောင်းခြောက်ထောင်ကျန်ခဲ့တဲ့ နေ့တွေ ပရိသတ်ကြီးမှာ ဘယ်လောက်တောင်များနေပြီလဲ။

(၄) Like ၊ Love ၊ Haha တွေရဲ့ အကြီးစားလွှမ်းမိုးမှု

ကိုယ့်အနီးအနားက ယူထားတဲ့ သဘောတူညီအရရော ကိုယ်ကိုယ်တိုင်ကပါ အလှဆုံးလို့ ထင်ရတဲ့ပုံကို တင်ထားရဲ့သားနဲ့ “ဘာလို့ ဟိုနေ့က တင်တဲ့ပုံထက် Love တွေ နည်းနေရတာလဲ” ဆိုပြီး တွေးဖူးရင်တော့ ပရိသတ်ကြီးဟာ ခေတ်သစ်ရောဂါခံစားနေရတဲ့လူလို့ ပြောချင်ပါတယ်။ အရေးထဲ ကိုယ့်ပို့စ်မှာ ရယ်စရာလည်းမပါပါဘဲနဲ့ ဘာမဆိုင် ညာမဆိုင် Ha Ha ပေးသွားတဲ့လူကို ဒေါသထွက်နေရင်တော့ ခေတ်သစ်ရောဂါဖြစ်နေတာ ပိုလို့တောင် သေချာသွားပါပြီ။

(၅) တစ်ခုခုမြင်ရင် ပွတ်မိနေတတ်တာ

ဖုန်းပွတ်ရတာ ဘယ်လောက်တောင် အကျင့်ပါနေလဲဆိုရင် တစ်ခါတလေ ကွန်ပျူတာ Screen ကို လက်နဲ့ ယောင်ပြီး သွားပွတ်တတ်ကြတယ်ဟုတ်။ မညာနဲ့နော် ဒီက သိနေတယ်။ ဒါလည်းပဲ ဒီဂျစ်တယ်ခေတ်ရေစီးကြောင်းက ရလာတဲ့ အကျင့်တစ်ခုပါပဲ။

(၆) အင်တာနက်မရှိရင် တစ်ခုခုလိုနေတာ

ရုံးမှာလည်း Wifi ၊ Shopping Center တွေမှာလည်း Wifi ၊ အိမ်ရောက်လည်း အင်တာနက်သုံးနေတဲ့ ခေတ်ကြီးမှာ

ကိုယ့်ဖုန်းထဲမယ်လည်း ဘေလ်မရှိ၊ Wifi မရှိတဲ့နေရာလည်းရောက်ချိန်ဆို နားကားတာပဲ။ ထိုင်မရ ထမရနဲ့၊ အာရုံပြောင်းအောင် ဖုန်းထဲက ဂိမ်းဆော့နေလည်း တစ်ခုခုလိုနေသလို ခံစားရသူတွေ ရှိတယ်ဟုတ်။

#socialmedia #knowledge #cracks #facts

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ