“ကွန်ပြူတာ/ဖုန်းတွေကို ၅မိနစ်လောက်ပဲ ကြည့်ရုံနဲ့ ဇက်ကြောတက်လာလို့ စိတ်ညစ်နေရပြီလား”

“ကွန်ပြူတာ/ဖုန်းတွေကို ၅မိနစ်လောက်ပဲ ကြည့်ရုံနဲ့  ဇက်ကြောတက်လာလို့ စိတ်ညစ်နေရပြီလား”

ဇက်ကြောတက်တယ်ဆိုတာ အများအားဖြင့် အထိုင်များတဲ့သူတွေ ကွန်ပြူတာ,ဖုန်း အစရှိတာတွေကို အလွန်အကျွံအသုံးပြုခြင်းကနေ စတင်လာတာပဲ ဖြစ်ပါတယ်။

ထိုင်နေတာဖြစ်ဖြစ် မတ်တပ်ရပ်နေတာပဲဖြစ်ဖြစ် အိပ်ရာပေါ်မှာ လှဲနေရင်းကပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်က တစ်နေရာထဲမှာ လှုပ်ရှားမှုမရှိဘဲနဲ့ တသမတ်တည်း နေတာကြာရင် အများအားဖြင့် ဇက်ကြောတက်တာကို စတင် ခံစားလာရတတ်ပါတယ်။

ဒီလိုဖြစ်တာတွေက အစပိုင်းမှာတော့ အရမ်းကြီးမသိသာသေးဘဲနဲ့ ပျောက်လိုက် ပြန်ပေါ်လာလိုက် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတဲ့ အခါမှာတော့ ဒဏ်လိုဖြစ်လာပြီး ပြန်ပျောက်ဖို့လည်း ခဲယဉ်းလာတတ်ပါတယ်။

ဒါဟာလည်း ပေါ့ဆလို့မရတဲ့ ရောဂါတွေထဲက တစ်ခုမို့လို့ သေချာဂရုမစိုက်ဘူးဆိုရင် နောက်ဆက်တွဲ တခြားရောဂါတွေပါ ဖြစ်လာတတ်ပါတယ်နော်။

ဒီလေ့ကျင့်ခန်းလေးတွေကို နေ့တိုင်း အချိန်ခဏလောက်ပေးရုံနဲ့ လုပ်လို့ရပြီး ဒီလိုမျိုး ပုံမှန်လုပ်ပေးခြင်းအားဖြင့် ဇက်ကြောတက်တာကို အများကြီးသက်သာလာစေနိုင်ပြီး ပိုဆိုးလာတာမျိုးတော့ မဖြစ်စေပါဘူး။

ဒါပေမယ့် လေ့ကျင့်ခန်းအသစ်တစ်ခုကို စလုပ်တာဆိုတော့ ခန္ဓာကိုယ်က အသားမကျသေးတဲ့ အချိန်မှာ ကိုက်ခဲမှုလေးတွေ ဖြစ်တတ်တာကလည်း ပုံမှန်ဖြစ်တာကြောင့် စိုးရိမ်စရာမလိုဘူးနော်။

အခု အောက်မှာ ပြထားတဲ့ နည်းလမ်းလေးတွေက လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းလေးတွေအပြင် လေ့ကျင့်ခန်းတစ်ခုကို  ၅-၁၀ကြိမ်ကြားလောက် ပုံမှန်လေးလုပ်ပေးရင် ရတာမို့လို့ လိုက်လုပ်ကြည့်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။




1.Forward and backward tilt

2.Side tilt

3.Side Rotation

4.Head Lift

5.Chin Tucks

Read more

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

ဒီသတင်းက ဧပြီ ၂၂ တည်းကမို့ နည်းနည်းကြာပြီဆိုတော့ သိပြီးတဲ့သူတွေတောင်ရှိလောက်ပါတယ်။ UAE အစိုးရကနေ နိုင်ငံရဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေအသစ်တွေရေးသားခြင်းနဲ့ ပြုပြင်ပြောင်းလဲ

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

NVIDIA သည် အမေရိကန်ပြည်ထောင်စုအတွင်း၌ AI supercomputers များကို ပထမဆုံးအကြိမ်အဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ၎င်းစီမံကိန်းတွင် TSMC၊ Foxconn၊ Wistron၊ Amkor နှင့် SPIL တို့နှင့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

လီဗာပူးလ်အသင်းက စပါးအသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ်‌အောင်ပွဲခံချိန်မှာ ဥရုဂွေးတိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာ အီဂျ

Man City (2 -0) Nottingham Forest    FA Cup (Semi Final)  Highlight

Man City (2 -0) Nottingham Forest FA Cup (Semi Final) Highlight

0:00 /0:34 1× ■ Video - မနေ့ကကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ် မန်စီးတီး(၂-၀)နော်တင်ဂမ်ဖောရက်စ်ပွဲမှာ မန်စီးတီးအသင်းအတွက် ပွဲအစ(၂)မိနစ်မှာ ရီကိုလူးဝစ်သွင်းယူခဲ့တဲ