မကောင်းမှုကျူးလွန်ပြီး ကြံကြံဖန်ဖန်အကြွားပိုခဲ့တာကြောင့် တန်ဖိုးကြီးကြီးပြန်ပေးဆပ်ခဲ့ရတဲ့ ပရိသတ်

မကောင်းမှုကျူးလွန်ပြီး ကြံကြံဖန်ဖန်အကြွားပိုခဲ့တာကြောင့် တန်ဖိုးကြီးကြီးပြန်ပေးဆပ်ခဲ့ရတဲ့ ပရိသတ်

အဲဗာတန်ပရိသတ်တစ်ဦးဟာ မကောင်းမှုကျူးလွန်ပြီး ဆိတ်ဆိတ်မနေဘဲ ဆိုရှယ်မီဒီယာမှာ ကြံဖန်ကြွားလုံးထုတ်ခဲ့တာကြောင့် တန်ဖိုးကြီးကြီးပြန်ပေးဆပ်ခဲ့ရပါတယ်။

ဒီပရိသတ်က အသက်ငယ်ငယ်ရွယ်ရွယ်မဟုတ်ဘဲ (၆၂)နှစ်အရွယ်ရှိနေတဲ့ အရွယ်လွန်ပရိသတ်တစ်ဦးပါ။

သူက အဲဗာတန်အသင်းရဲ့ကွင်းသစ် Bramley Moore Stadium မှာ ပထမဆုံးသူခိုးဆိုပြီး သူ့ကိုယ်သူ သတ်မှတ်ဂုဏ်ဖော်ခဲ့တာပါ။

အဲဗာတန်အသင်းဟာ ဒီကွင်းသစ်ကို မဖွင့်လှစ်သေးမီ ပရိသတ်(၁၀၀၀၀)ခန့်ကို ဖိတ်ကြားကာ အဲဗာတန်ယူ-၁၈ အသင်းနဲ့ ဝီဂန်ယူ-၁၈ အသင်းတို့ကို ခြေစမ်းပွဲကစားစေပြီး ကွင်းသစ်ကို ပုံမှန်ပွဲစဉ်အတိုင်းစမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ(၁၇)ရက်နေ့က ကစားခဲ့တဲ့ဒီပွဲမှာ ဒီပရိသတ်က Bramley Moore ကွင်းအတွင်း စားသောက်ဆိုင်ကနေ အစားအသောက်တချို့ကို ပိုက်ဆံမရှင်းဘဲ မှာယူစားသောက်ခဲ့တာပါ။ စားစရာတချို့ရခဲ့ပြီးနောက် သူက ဘလက်ကော်ဖီထပ်မှာခဲ့ပြီး စားသောက်ဆိုင်ဝန်ထမ်းက ကော်ဖီသွားအယူမှာ သူက ဆိုင်ထဲကနေ လစ်ထွက်ခဲ့တာပါ။

ဒီဖြစ်ရပ်အစအဆုံးကို ဗီဒီယိုဖိုင်အတိုရိုက်ကူးခဲ့ပြီး သူက ဆိုရှယ်မီဒီယာ(X)မှာ တင်ခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ထဲမှာ သူက သူ့ကိုယ်သူ Bramley Moore ရဲ့ပထမဆုံး Toby(အလစ်သုတ်သမားတွေကို ခေါ်ဝေါ်တဲ့ဗန်းစကား)လို့ ပြောခဲ့ပါသေးတယ်။

ဒီဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး လူပြောများလာတဲ့နောက်မှာ အဲဗာတန်အသင်းက ဒီပရိသတ်ကို ရှာဖွေခဲ့ပါတယ်။ နည်းပညာခေတ်မှာ ခက်ခက်ခဲခဲမရှာဖွေရဘဲ သူ့ကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒီကွင်းသစ်မှာ ပွဲကြည့်ခွင့်ပိတ်ပင်လိုက်ပါတယ်။

ဒီပရိသတ်အနေနဲ့ တရားဝင် ဖွင့်တောင်မဖွင့်ရသေးတဲ့ Bramley Moore ကွင်းသစ်မှာ ပထမဆုံးပွဲကြည့်ခွင့်ပိတ်ပင်တားဆီးခံရသူဖြစ်ခဲ့တာမက သူကျူးလွန်ခဲ့တဲ့ အလစ်သုတ်မှု(ရည်ရွယ်ချက်ရှိရှိ ခိုးယူမှု)အတွက် အဲဗာတန်အသင်းက ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့ပြီး သူ့ရဲ့အချက်အလက်တွေအကုန် ပေးပို့လိုက်ပြီဖြစ်ပါတယ်။

(၁၂.၇၅)ပေါင်ဖိုး အစားအစာတွေကို အပျော်အပျက်ခိုးယူခဲ့တဲ့ ဒီပရိသတ်အနေနဲ့ ဒီအမှုအတွက် တရားရင်ဆိုင်ရဖွယ်ရှိနေပြီး အခုလောလောဆယ်မှာတော့ ဒီအမှုကို ကြေအေးဖို့အတွက် အလှူငွေထည့်ဝင်သွားမယ်လို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

Read more

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့(ဧပြီ ၃၀ ရက်)မှာ ကစားဖို့ရှိတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ဘာစီလိုနာ-အင်တာမီလန်ပွဲကို ဥရောပမှာ မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

မနေ့က ကစားခဲ့တဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အမျိုးသမီးအသင်းဟာ နာမည်ကြီးပြင်သစ်ကလပ် လိုင်ယွန်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အံ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲပြီး သူ့ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေ

တိုက်စစ်မှူးအီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို မိမိတို့အယူခံဝင်မယ်လို့ ဘုန်းမောက်နည်းပြအီရာအိုလာအတည်ပြု

တိုက်စစ်မှူးအီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို မိမိတို့အယူခံဝင်မယ်လို့ ဘုန်းမောက်နည်းပြအီရာအိုလာအတည်ပြု

ဘုန်းမောက်အသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ ဘရာဇီးလ်တိုက်စစ်မှူး အီဗာနီလ်ဆန်ရဲ့အနီကတ်ပြ