မကြာခင်ရက်ပိုင်းအတွင်း မိတ်ဆက်လာနိုင်ခြေရှိနေတဲ့ Redmi Turbo 4 Pro
ဇွန်၊ ဇူလှိုင်လလောက်မှ မိတ်ဆက်နိုင်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ ဒီ့ထက်စောစောတွေ့ရတော့မယ့် အခြေအနေပါပဲ။ Redmi ဘက်က တာဝန်ရှိသူတစ်ဦးကတော့ Redmi Turbo 4 Pro ကို နောက်အပတ်ထဲမှာ တရုတ်မှာမိတ်ဆက်သွားမယ်ဖြစ်ကြောင်း weibo မှာ ဖော်ပြလာပါတယ်။
Redmi Turbo 4 Pro ကိုတော့ Snapdragon 8s Elite ဒါမှမဟုတ် 8s Gen 4 Chips နဲ့လာမယ်လို့ တော်တော်များများခန့်မှန်းထားကြပါတယ်။ CPU စွမ်းဆောင်ရည်ပိုင်းမှာ Snapdragon 8s Gen 3 ထက် 31% တိုးတက်လာမယ်လို့ ပြောထားတယ်။ ထပ်ပြီး Leak ဖြစ်ထားတဲ့ Spec: တွေအရဆို 2.5K resolution display အထိရမယ်။ 7500mAh Battery ပါမယ်။ Glass body , Metal Frame နဲ့ဖြစ်မယ်။
သေချာတာကတော့ Pro ဗားရှင်းဆိုတော့ ရှေ့ကထွက်ထားတဲ့ Turbo 4 ရိုးရိုးထက်တော့ ပိုကောင်းမှာပါပဲ။ နောက်ပြီး Flagship killer လို့တောင် ဆိုထားကြပါသေးတယ်။ ဆိုတော့ ဘယ်လောက်မှမစောင့်ရတော့ပါဘူး။ ဘယ်လိုတွေ ကြမ်းပြဦးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ...