မိမိရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ လီဗာပူးလ်ညာနောက်ခံလူ အာနိုးလ်ငြင်းဆန်

မိမိရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ လီဗာပူးလ်ညာနောက်ခံလူ အာနိုးလ်ငြင်းဆန်

လီဗာပူးလ်အသင်းက လက်စတာအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တဲ့ အင်္ဂလန်ညာနောက်ခံလူအာနိုးလ်ဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

မကြာသေးခင်ကမှ ဒဏ်ရာကနေပြန်သက်သာလာခဲ့တဲ့ အာနိုးလ်ဟာ လက်စတာအသင်းနဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် လူစားဝင်အဖြစ်ပါဝင်ပြီး လှပတဲ့ကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာနိုးလ်ဟာ ဂိုးသွင်းယူအပြီးမှာ သူ့ရဲ့အင်္ကျီကိုချွတ်ကာ အားမာန်အပြည့်နဲ့ အောင်ပွဲခံခဲ့တာကြောင့် လီဗာပူးလ်အသင်းပရိသတ်တွေက သူ့ရဲ့အောင်ပွဲခံပုံအပေါ်ထင်မြင်ချက်အမျိုးမျိုးတွေရှိခဲ့ကြတာပါ။

အာနိုးလ်က "ကျွန်တော့်ရဲ့အခြေအနေအကြောင်းကို မပြောဘူးလို့ တစ်ရာသီလုံးပြောခဲ့ပါတယ်။ အသေးစိတ်မပြောချင်ပေမယ့် ဒီလိုနေ့တွေက အလွန်ထူးခြားပါတယ်။ ဂိုးသွင်းယူတာ၊ကစားတာ၊ပွဲတွေအနိုင်ရတာနဲ့ ဆုဖလားပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ရတာဟာ ကျွန်တော်နဲ့အတူ ထာဝရရှိနေမယ့် ထူးခြားတဲ့အခိုက်အတန့်တွေပါ။ ဒီအစုအဖွဲ့ထဲမှာ ပါဝင်ခွင့်ရလို့ ဝမ်းသာတယ်"လို့ Sky Sports ကိုဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းနည်းပြအာနီဆလော့က ခေါင်းကြီးပိုင်းက အာနိုးလ်ဂိုးသွင်းခဲ့တဲ့အကြောင်းဖြစ်သင့်ပြီး စာချုပ်အကြောင်းမဟုတ်ဘူးလို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ မှတ်ချက်ပေးခဲ့တာပါ။ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ လီဗာပူးလ်အသင်းနောက်ခံလူဟောင်း ကာရေဂါက အာနိုးလ်အနေနဲ့ နွေရာသီမှာထွက်ခွာမယ့်အကြောင်း အသင်းကိုပြောခဲ့ပြီးရင် သူ့ကိုပွဲထွက်လူစာရင်းမှာ ထပ်အသုံးမပြုဖို့ Sky Sports မှာ ဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ရမှတ်(၁၃)မှတ်ဖြတ်ပြီး ဦးဆောင်ထားတာကြောင့် လာမယ့်ပွဲစဉ်မှာအနိုင်ရရင် အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်တော့မှာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့နေရာမှာအစားထိုးဖို့အတွက် အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို အက်သလက်တီကိုမက်ဒရစ်အသင်းကနေ အံ့အားသင့်ဖွ

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်ဟာ ဖလားဗိုလ်လုပွဲတွေ ယှဉ်ပြိုင်ရင် ဘယ်တော့မှ မရှုံးတဲ့သူရဲ့မှတ်တမ်းကောင်းကို စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဆက်လက်ထိန်းသိ

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်းက မိန့်ဇ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ အဝါကတ်ပြခံခဲ့ရတဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ပွဲမတိုင်ခင် စပိန်ဒိုင်လူကြီးတွေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရုပ်သံမီဒီယာတိုက်ပွဲ၊ ပွဲချိန်အတွင်း ရီးရဲလ်ကစားသမားတွေနဲ