မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

PSG အသင်းဟာ နိုက်စ်အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ပြီး ဒီရာသီပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က လာမယ့် အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် မိမိရဲ့အသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ ဆိုခဲ့ပါတယ်။

PSG အသင်းဟာ နိုက်စ်အသင်းနဲ့ လီဂူး-၁ ပွဲစဉ်မှာ ဂိုးပေါက်ကန်သွင်းမှု(၃၂)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တာပါ။

PSG အသင်းဟာ ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာ ရှုံးပွဲကြုံတွေ့ပြီးနောက် လာမယ့်ကြားရက်ထဲမှာ ယှဉ်ပြိုင်မယ့် အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်ကို အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။ PSG အသင်းပရိသတ်တွေဟာ နိုက်စ်အသင်းနဲ့ပွဲစဉ်မှာ "အာဆင်နယ်အသင်းကို ဖြုတ်ချပြီး ဗိုလ်လုပွဲရောက်ရှိအောင်သွားပါ"လို့ ရေးသားထားတဲ့စာတန်းကို ပြသခဲ့ကြပါတယ်။

လူးဝစ်အင်းနရစ်က "ဒီပွဲမှာ ကျွန်တော်တို့အတွက် ရလဒ်မကောင်းခဲ့ပေမယ့် ဂိုးသွင်းဖို့အခွင့်အရေးအကြိမ်(၃၀)အထိရှိတဲ့ အသင်းကိုမြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်စိုးရိမ်မှုလုံးဝမရှိပါဘူး။ ကျွန်တော်တို့ဟာ ပြင်သစ်မှာ အကောင်းဆုံးအသင်းဖြစ်ပြီး ဒါကို သက်သေပြသခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အခုအချိန်မှာ သတ္တိရှိရှိနဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်မယ့်အကြောင်း စဉ်းစားရမှာပါ"လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်နဲ့ PSG အသင်းတို့ဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာတွေ့ဆုံခဲ့ပြီး အာဆင်နယ်အသင်းက (၂-ဝ)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Read more

ဒေဝါလီခံပြီး လူမွဲစာရင်းသွင်းခံရဖို့ နီးစပ်နေတဲ့ စင်ကလဲယား

ဒေဝါလီခံပြီး လူမွဲစာရင်းသွင်းခံရဖို့ နီးစပ်နေတဲ့ စင်ကလဲယား

မန်စီးတီးအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ ထရီဗာစင်ကလဲယားဟာ အခွန်ငွေ ပေါင်(၃၆၀၀၀)ကျော်ကို မပေးဆောင်နိုင်ဘဲ ငွေကြေးအခက်အခဲ ကြီးကြီးမားမာ

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

ဒီရာသီလီဗာပူးလ်အသင်းမှာ ပွဲကစားချိန်မိနစ်တွေအကန့်အသတ်နဲ့သာ ရရှိနေတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အသင်းကိုဝေဖန်ထိုးနှက်ဖို့ ရည်ရွယ်ပြီး ရေးသားခဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (FA ဖလားဆီမီးဖိုင်နယ်) (26 April 2025/ 10:45 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဗီလာက ရမှတ်(၅၇)မှတ်နဲ့ အဆင့်(၇)မှာ ရှိနေပြီး ခရစ္စတယ်

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ချယ်လ်ဆီးအသင်းရဲ့ အီတလီလူမျိုးနည်းပြမာရက်စ်ကာက ချယ်လ်ဆီးအသင်းအတွက် အင်္ဂလန်ကြယ်ပွင့်ကိုးလ်ပါမား (၁၆)ပွဲဆက်တိုက်ဂိုးမသွင်းယူနိုင်တာက သူ့ရဲ့အမှားကြ