အစားအသောက်လည်းကောင်း ဓာတ်ဖမ်းလို့လည်းမိုက်တဲ့ ရန်ကင်းကLuxury ဆန်ဆန် နေရာလေး

အစားအသောက်လည်းကောင်း ဓာတ်ဖမ်းလို့လည်းမိုက်တဲ့ ရန်ကင်းကLuxury ဆန်ဆန် နေရာလေး

ကဲ ကဲ Admin လို စားရတာလည်း ဝါသနာပါ ဓာတ်ပုံရိုက်ရတာလည်း ဝါသနာပါတဲ့ သူတွေ ရှိကြလား?ဒါဆိုရင်တော့ ရန်ကင်းမှာ ဖွင့်ထားတာ မကြာသေးတဲ့ Meraki Lounge ဆိုတဲ့ European ဆိုင်လေး တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဆိုင်လေးကတော့ ခုမှ soft opening လေးပဲ ရှိသေးတယ်ပေါ့နော်။

သူ့ဆိုင်လေးကလေ၂ထပ်ဆိုတော့ တော်တော်ကို ကျယ်ကျယ်ဝန်းဝန်းရှိပြီး အစားအသောက် ကောင်းကောင်းလေး စားချင်တဲ့ သူတွေရော နေရာလှလှလေးမှာ ဓာတ်ပုံလေးတွေ ရိုက်ချင်တဲ့ သူတွေအတွက်ရော တကယ်ကို ကွက်တိပဲ။

ဆိုင်လေးက အောက်မှာဆိုလည်း ထိုင်စရာနေရာ လှလှလေးတွေနဲ့ အပေါ်ထပ်မှာဆိုရင်လည်း အပြင်အဆင်ကလုံးဝLuxury and instagramatic ဖြစ်တာနော်။Admin အမြင် အပေါ်ထပ် တစ်ထပ်လုံးကလေ ဘယ်နေရာကြည့်ကြည့် တော်တော်လှတယ်လို့ ပြောလို့ရတယ်။

အထူးသဖြင့် balcony ကြီးပေါ့။ညဘက်ဆို မီးလေးတွေနဲ့ တော်တော်လှပြီး ထိုင်လို့ကောင်းတယ်ပြောတယ်။ admin ကတော့ ဝမ်းနည်းစွာနဲ့ နေ့ဘက်သွားလိုက်မိပါတယ်။ဒါကြောင့်နောက်တစ်ခေါက်ကို ညဘက်အေးဆေးလေး သွားထိုင်ကြည့်ဖို့လည်း တွေးထားပါတယ်။

ပြီးတော့ Event တွေ birthday party တွေ အတွက်လည်း အခန်းကျယ် ၂ခန်းတောင်ရှိတော့ အေးဆေးပဲနော်။

အစားအသောက်ဘက်ဆိုရင်တော့ admin က Steak ကို တော်တော် သဘောကျတယ်။သူ့ရဲ့ အမဲသားလေးက လုံးဝ နူးညံ့ပြီး အနှစ်လေးကလည်း အရမ်းအရသာရှိတယ်။ Steak Lovers တွေဆိုရင် ရောက်ရင်စားကြည့်ခဲ့ကြနော်။နောက် Drink လေးတွေဆိုလည်း သောက်လိုက်တာနဲ့ အရမ်းကို လန်းဆန်းသွားတဲ့ အရသာလေးကိုရလို့ recommend ပေးချင်ပါတယ်။

နောက်ပြီး ဆိုင်က ဝန်ထမ်း အစ်ကို အစ်မတွေအကုန်လုံးကလေ အရမ်းလည်း သဘောကောင်းတဲ့ အပြင် ရုပ်လေးတွေကလည်း model တွေအလား အကုန် ချောကြတာဆိုတာ။ကဲ ဒါဆိုရင်တော့ Admin အပေါ်မှာပြောခဲ့သလိုမျိုး အစားအသောက်ကောင်းလေးတွေ စားချင်တာပဲဖြစ်ဖြစ် ဓာတ်ပုံလှလှလေးတွေရိုက်ရတာ ဝါသနာပါတာပဲဖြစ်ဖြစ် ဒီ ဆိုင်လေးကို သွားကို သွားကြည့်ကြဖို့ ပြောချင်ပါတယ်။

Meraki Lounge Yangon · No.22 Aungzeya Street, Yangon, Myanmar (Birma)
★★★★☆ · Europees restaurant
ဆိုင်နာမည်- Meraki Lounge
ဖုန်း- 09 406335559
ဆိုင်ဖွင့်ချိန်- 9AM~9PM
ဆိုင်လိပ်စာ- 22,Aungzeya Street,Yankin,Yangon
https://www.facebook.com/MerakiLoungeCafe

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ