Memecoin တန်ဖိုးမြင့်တက်သွားစေခဲ့တဲ့ Elon Musk နဲ့ နာမည်အသစ်
နာမည်ပြောင်းလိုက်တယ်ဆိုပေမဲ့ နာမည်အရင်းကိုပြောင်းတာမဟုတ်ပါဘူး။ X (Twitter) က နာမည်ကို ပြောင်းလိုက်တာပါ။ Musk က သူ့ရဲ့ X account မှာ နာမည်နဲ့ ပရိုဖိုင်ဓါတ်ပုံကို ပြောင်းလိုက်တာပါ။ Kekius Maximus ဆိုတဲ့ အမည်ကိုပြောင်းလိုက်တာဖြစ်ပြီး ပရိုဖိုင်ဓါတ်ပုံကိုတော့ Pepe the Frog ဇာတ်ကောင်ပုံကို ထားထားတာပါ။
ပရိုဖိုင်တွေ Social Media account name တွေ ပြောင်းတာက ပုံမှန်ပဲဆိုပေမဲ့ Musk အတွက်ကတော့ ထူးခြားမှုတွေ နောက်ကဆက်လိုက်လာတာပါပဲ။ အခုဆိုရင်လည်း Musk ရဲ့ပြောင်းလဲမှုကြောင့် ၁ ရက်အတွင်းမှာပဲ Memecoin ရဲ့ တန်ဖိုးမြင့်တက်လာတာပါ။ ရာခိုင်နှုန်းအနေနဲ့ ၆၀၀ ကျော်အထိ မြင့်တက်လာတာကြောင့်လည်း တော်တော်လေးကို လူပြောများနေတာပါ။ ဒီလိုအဖြစ်အပျက်ကြောင့်လည်း Musk အနေနဲ့ Memecoin မှာ ပါဝင်ပတ်သက်မှုတွေ ရှိနေလားဆိုတာလည်း ခန့်မှန်းနေကြပါတယ်။
Memecoin ဆိုတာကတော့ cryptocurrency အမျိုးအစားတစ်ခုဖြစ်ပြီး အများစုက Memes တွေကနေ ရရှိလာတဲ့ ပိုက်ဆံတစ်မျိုးပါ။ Memecoin တွေဟာ Bitcoin, Ethereum တို့နဲ့အလားတူဖြစ်ပြီး အခြား cryptocurrency တွေလိုပဲ အွန်လိုင်းမှာ ဝယ်လို့ရ၊ ရောင်းလို့ရပါတယ်။ နာမည်ကြီး Memecoin တွေဆိုရင် Shiba Inu (SHIB) နဲ့ Dogecoin (DOGE) တို့ဖြစ်ပါတယ်။ (Memecoin နဲ့ပတ်သက်ပြီး ဖော်ပြချက်မှားယွင်းပါက ထောက်ပြပေးနိုင်ပါတယ်ခင်ဗျာ...)