မေလ(၁၅)ရက်နေ့မှာ စတင်ထုတ်လွှင့်မယ့် ဗင်နီစီယပ်စ်ရဲ့ Netflix မှတ်တမ်းရုပ်ရှင်

မေလ(၁၅)ရက်နေ့မှာ စတင်ထုတ်လွှင့်မယ့် ဗင်နီစီယပ်စ်ရဲ့ Netflix မှတ်တမ်းရုပ်ရှင်

Netflix က ရိုက်ကူးခဲ့တဲ့ နာမည်ကျော်ဘရာဇီးလ်တိုက်စစ်မှူး ဗင်နီစီယပ်စ်ရဲ့မှတ်တမ်းရုပ်ရှင်ကို လာမယ့် မေလ(၁၅)ရက်နေ့မှာ Streaming platform တွေကတစ်ဆင့် စတင်ထုတ်လွှင့်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

Streaming ရုပ်သံမီဒီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Netflix ဟာ နာမည်ကျော်အားကစားအသင်းတွေ၊ အားကစားသမားတွေရဲ့ မှတ်တမ်းရုပ်ရှင်တွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးထုတ်လွှင့်လျက်ရှိရာမှာ အခု ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဗင်နီစီယပ်စ်ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

အခြားကစားသမားတွေနဲ့ မတူညီတဲ့ ဗင်နီစီယပ်စ်ရဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ဖြတ်သန်းမှု နောက်ကွယ်က ပရိသတ်မသိတဲ့အကြောင်းအရာတွေကို ဖော်ထုတ်တင်ပြသွားမှာဖြစ်ကြောင်း သိရပါတယ်။

အထူးသဖြင့် လူမျိုးရေးခွဲခြားမှုများပြားတဲ့ စပိန်ဘောလုံးလောကမှာ လူမည်းကစားသမားတစ်ဦးအနေနဲ့ ဘယ်လိုခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေထိုင်ရတယ်ဆိုတာကို ဒီမှတ်တမ်းရုပ်ရှင်မှာ တွေ့ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူဗင်နီစီယပ်စ်ရရှိခဲ့တဲ့ ဆုဖလားတွေအကြောင်း၊ သူရရှိခဲ့တဲ့ တစ်ဦးချင်းဆုတွေအကြောင်းကိုလည်း ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ တွေ့ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါဖလားတွေကို ဆွတ်ခူးရရှိခဲ့ပြီး၊ ဗင်နီစီယပ်စ်က ချန်ပီယံလိဂ်အကောင်းဆုံးကစားသမားဆု၊ တိုက်ကြီးများဖလားပြိုင်ပွဲအကောင်းဆုံးကစားသမားဆု၊ ဖီဖာ The Best အကောင်းဆုံးကစားသမားဆုအစရှိတာတွေ ဆွတ်ခူးခဲ့ပါတယ်။

ဒါပေမယ့် ဒီမှတ်တမ်းရုပ်ရှင်မှာ အခြားအကြောင်းအရာတွေထက် ဗင်နီစီယပ်စ်လူမျိုးရေးခွဲခြားခံရတဲ့ ဖြစ်ရပ်တွေကို အဓိကအသားပေးပြီး ဖော်ပြသွားမှာဖြစ်ကြောင်း သိရပါတယ်။

Read more

မေလ 13 ရက်မှာ မိတ်ဆက်တော့မယ့် Samsung ရဲ့ အပါးဆုံးဖုန်း

မေလ 13 ရက်မှာ မိတ်ဆက်တော့မယ့် Samsung ရဲ့ အပါးဆုံးဖုန်း

တရုတ်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံမှာပဲ မိတ်ဆက်သွားမှာဖြစ်ပြီး မေလ 23 မှာတော့ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။ နိုင်ငံတကာကိုတော့ မေလ 30 မှာ မိတ်ဆက်သွားနိ

US အတွက် India မှာတိုးမြှင့်ထုတ်လုပ်မည့်Apple

US အတွက် India မှာတိုးမြှင့်ထုတ်လုပ်မည့်Apple

Apple သည် အမေရိကန်မှာရောင်းချနေသော iPhone များကို အိန္ဒိယမှာတိုးမြှင့်ထုတ်လုပ်ရန်စီစဉ်နေကြောင်း Financial Times က ဖော်ပြခဲ့သည်။ သတင်းရင်းမြစ်များ၏အဆိုအရ အကြောင်းအရင်းမှာ သမ္

စပိန်ဘုရင့်ဖလားကို(၃၂)ကြိမ်မြောက် ရယူခဲ့တဲ့ ဘာစီလိုနာ

စပိန်ဘုရင့်ဖလားကို(၃၂)ကြိမ်မြောက် ရယူခဲ့တဲ့ ဘာစီလိုနာ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ဘာစီလိုနာအသင်း(၃-၂) ရီးရဲလ်မက်ဒရစ် (AET) စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို အချိန်ပိုသွင်းဂိ