Mastercard ၏ အမျိုးသမီး စွန့်ဦးတီထွင်နိုင်မှုစွမ်းရည် စောင့်ကြည့်တိုင်းတာရေးစစ်တမ်းက COVID-19 ရောဂါကပ်ဘေးကြောင့် စီးပွားရေးနယ်ပယ်တွင် အမျိုးသမီးစွမ်းဆောင်ရှင် မျိုးဆက်သစ်တစ်ဆက် နောက်ကျသွားနိုင်ကြောင်း ထောက်ပြခဲ့

ကမ္ဘာတဝှမ်းမှ အမျိုးသမီးများအနေနှင့် COVID-19 ကပ်ဘေးကြောင့် နစ်နာမှုများပိုမိုကြုံတွေ့နေရပြီး - ၈၇ ရာခိုင်နှုန်းနီးပါးသော အမျိုးသမီး စီပွားရေးလုပ်ငန်းရှင်များသည် လုပ်ငန်းမတည်ငြိမ်သည့် အခြေအနေများကြုံတွေ့ရင်ဆိုင်နေရကာ ထိခိုက်နစ်နာမှုများ ပိုမိုများနေပါသည်။ ကပ်ဘေးကြောင့်  အမျိုးသမီးများ ကြုံတွေ့နေရသည့် အဓိကအခက်အခဲများမှာ အွန်လိုင်းဖြင့် အလုပ်လုပ်ကိုင်ရာတွင် ကျား၊ မ ကွာခြားမှုအလိုက် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ အခွင့်အရေးများမတူညီမှု နှင့် ပိုမိုများပြားလာသည့် မိသားစုတာဝန်များ ဖြစ်ကြောင်းတွေ့ရှိလာရသည်။

အဆိုပါ အခွင့်အရေးကွာခြားချက်များအားဖြေရှင်းရန်နှင့် အမျိုးသမီးများအနေဖြင့် ကန့်သတ်ခွဲခြားခံရမှုများမရှိဘဲ လုပ်ငန်းခွင်အလားအလာအခွင့်အလမ်းများ အပြည့်အဝရရှိနိုင်ရန် Mastercard ၏ အမျိုးသမီး စွန့်ဦးတီထွင်နိုင်မှုစွမ်းရည်စောင့်ကြည့်တိုင်းတာရေး (၂၀၂၀) စစ်တမ်းအားထုတ်ပြန်ခဲ့ပြီး အရှေ့တောင်အာရှက ထိုင်း၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှား  နှင့် တရုတ်တိုင်ပေ တို့မှာ အမျိုးသမီးများ၏ စွန့်ဦးတီထွင်နိုင်မှုကို အားပေးပံ့ပိုးသော ကမ္ဘာ့ထိပ်တန်း စီးပွားရေးနယ်ပယ် (၂၀) စာရင်းတွင် ပါဝင်ကြောင်း Mastercard က ယနေ့ နိုင်ငံတကာတွင် တစ်ပြိုင်နက်တည်းထုတ်ပြန်လိုက်ပါသည်။
၂၀၂၀ ခုနှစ်တွင် စီးပွားရေးစွမ်းဆောင်နိုင်စွမ်း ထိပ်ဆုံးရောက်ရှိနေသော နယ်ပယ်သည် ကျား၊ မ ကဏ္ဍ တန်းတူအခွင့်အရေးရစေရန် ပံ့ပိုးမှုကို ဦးစားပေးခြင်းကြောင့် သိသာထင်ရှားသည့် ရလဒ်ကောင်းများကို လျင်မြန်စွာရှိခဲ့ကြောင်း အကောင်းဆုံး သာဓကပေးလျက်ရှိသည်။ MIWE ၏ သမိုင်းတစ်လျှောက်တွင် ပထမအကြိမ်အဖြစ် အစ္စရေးနိုင်ငံသည် ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အကောင်းဆုံး စီးပွားရေးနယ်ပယ်အဖြစ် ဇယား၏ ထိပ်ဆုံးတွင် ရောက်ရှိနေပြီး ၂၀၁၉ ခုနှစ်တွင် နံပါတ် (၄) နေရာမှ အဆင့်တက်လာခြင်းဖြစ်သည်။ (၂) နှစ်အတွင်း အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များ (၂) ဆပေါ်ထွက်စေဖို့ ရည်ရွယ်ခဲ့သည့် အစ္စရေးနိုင်ငံ၏ အောင်မြင်မှုသည် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အာရုံစူးစိုက်သည့် တွန်းအားတစ်ခုအဖြစ် ရပ်တည်နေပြီး ၎င်း၏ SME လုပ်ငန်းတွေအပေါ်ပံ့ပိုးမှုအဆင့်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် အဆင့် (၄၂) နေရာမှ ၂၀၂၀ ခုနှစ်တွင် အဆင့် (၁) သို့ ရောက်ရှိလာခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် အားသာစွာ လုပ်ကိုင်နိုင်ခဲ့သည့်  အမေရိကန်ပြည်ထောင်စု ၏ စီးပွားရေးနယ်ပယ်တွင် ပထမနေရာမှ ဒုတိယနေရာသို့ ရောက်ရှိသွားပြီး နယူးဇီလန်သည် ဒုတိယနေရာမှ စတုတ္ထနေရာသို့ ရောက်ရှိသွားကာ စီးပွားရေးကဏ္ဍတွင် ကျား၊ မ တန်းတူညီမျှပါဝင်နိုင်မှုအားသည် ကမ္ဘာလုံးဆိုင်ရာ အကဲဖြတ်မှုတွင် အဆင့်လျော့ကျသွားသော်လည်း စီးပွားရေးလုပ်ငန်းများတွင် အမျိုးသမီးများအတွက် ကောင်းမွန်သော အခြေအနေများ ဖော်ဆောင်ပေးရန်အတွက် စဉ်ဆက်မပြတ် အာရုံစိုက် ဆောင်ရွက်လျက်ရှိ ပါသည်။ စီးပွားရေးအခြေအနေနှင့် စွန့်ဦးတီထွင်မှုအပေါ်ထားရှိသည့် ဓလေ့ခံယူချက်များကြောင့်  နမူနာယူထိုက်သော အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို မြင်သာစေပြီး စွန့်ဦးတီထွင်မှုကို ထောက်ပံ့ပေးမှုများက ၎င်းတို့၏ အောင်မြင်မှုအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။

မှတ်သားသင့်သည့် အချက်အနေဖြင့် သြစတေးလျ၊ အင်ဒိုနီးရှား၊ တရုတ်ပြည်မကြီး၊ စင်ကာပူ၊ ဗီယက်နမ် နှင့် မလေးရှားစသည့် စီးပွားရေးနယ်ပယ်အများစုသည် (နယ်ပယ် ၅၈ ခုအနက် ၃၄ ခုသည်) - MIWE စစ်တမ်းသတ်မှတ်ချက်အရ ရမှတ် ၆၀ - ၇၀ အထိကောင်းမွန်စွာ ရပ်တည်နေလျက်ရှိပြီး ဂျပန်နှင့် အိန္ဒိယ အပါအဝင် စီးပွားရေးနယ်ပယ် (၁၃) ခုသည် ရမှတ် ၅၀-၆၀ သာရရှိနေပါသည်။

တိုင်းတာရေးစစ်တမ်းတွင် ပါဝင်သော နယ်ပယ် (၅၈) အနက် (၁၂) ခုသည် တစ်နှစ်ထက်တစ်နှစ် အဆင့် (၅) နေရာနှင့် အထက်သို့ တက်ရောက်နိုင်ခဲ့ပြီး (၁၀) ခုလောက်သည် အဆင့် (၅) ဆင့်ထက်မနည်း ပိုမို ကျဆင်းနေသည်ကို တွေ့ရှိရသည်။ အာရှပစိဖိတ်ဒေသ၏ မြန်ဆန်စွာတိုးတက်နေသည့် စီးပွားရေးအခြေအနေများတွင် တရုတ်ပြည်မကြီး (+၆) နှင့် အင်ဒိုနီးရှား(+၅) တို့ပါဝင်လာပြီး စင်ကာပူ (-၁၂)၊ ဖိလစ်ပိုင် (-၁၀)၊ ‌ဟောင်ကောင် (-၈) နှင့် ဗီယက်နာမ် (-၇) တို့သည် ရမှတ်ကျဆင်းမှုများကွာဟနေသည်ကို တွေ့ရသည်။

“တွေ့ရှိချက်တွေအရ ရှင်းလင်းသွားတာက နိုင်ငံရဲ့စီးပွားရေးချမ်းသာကြွယ်ဝမှု၊ ဖွံ့ဖြိုးတိုးတက်မှုအဆင့်၊ အရွယ်အစားနှင့်ပထဝီအနေအထားတို့ကို ထည့်သွင်းမစဉ်းစားဘဲကြည့်ရင် ကျား၊ မ တန်းတူညီမျှမှု မရှိခြင်းက ကပ်ရောဂါမတိုင်ခင်ကတည်းက ဖြစ်ပွားနေခဲ့တာဖြစ်တယ်။ COVID-19 က အစကတည်းကခက်ခဲနေတဲ့အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ COVID-19 က ယခင်ရှိပြီးသား အခက်အခဲတွေဖြစ်တဲ့ အမျိုးသမီးတွေလုပ်ကိုင်ရတဲ့ လုပ်ငန်းခွင်အနေအထား၊ ကလေးသူငယ်စောင့်ရှောက်မှုနှင့်အိမ်တွင်းတာဝန်တွေ၊ စီးပွားရေးနယ်ပယ်ထဲက ကျား၊ မ တန်းတူညီမျှအခွင့်အရေး မရရှိမှုတွေကြောင့် အမျိုးသားတွေထက် အမျိုးသမီးတွေရဲ့ ဘဝနှင့်အသက်မွေးဝမ်းကျောင်းမှုကို ပိုပြီး မမျှမတဖြစ်စေ၊ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါပေမဲ့ ဒီကူးစက်ရောဂါကတဆင့် ကျွန်မတို့တွေက ဘေးအန္တရာယ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အချိန်တွေမှာ အမျိုးသမီးတွေရဲ့ အစွမ်းသတ္တိနဲ့ခံနိုင်ရည်ကို မြင်ရပါတယ်။ ဒီနှစ်ဟာ အမျိုးသမီးတွေရဲ့ စွမ်းရည်၊ အလားအလာရှိမှုတွေ ဘယ်လောက်ကျယ်ပြန့်သလဲဆိုတာ မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအချိန်အခိုက်အတန့်လေးက အစိုးရတွေ၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့ ယခုလို  ‘new normal’ မှာ အမျိုးသမီးများရှင်သန်ရပ်တည်နိုင်ရေးနဲ့ ဒစ်ဂျစ်တယ်ကမ္ဘာသို့ သွားနိုင်မယ့် စွမ်းရည်တွေကို သူတို့ကိုလမ်းညွှန်ပေးခြင်း၊ အမျိုးသမီးတွေရဲ့ အလုပ်အကိုင်နဲ့ စွန့်ဦးတီထွင်မှုစွမ်းရည်ကို ထောက်ပံ့ပေးတဲ့ မျှတပြီးအခွင့်အလမ်းပေးနိုင်တဲ့ ငွေကြေးဆိုင်ရာဝန်ဆောင်မှု စတဲ့အချက်သုံးချက်ကို အတူတကွပေါင်းစည်းပြီး လုပ်ဆောင်နိုင်မှ တော်ကာကျပါမယ်။ ဒါတွေကိုလုပ်ဆောင်ရတာ မလွယ်ကူပေမဲ့ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေက အမျိုးသမီးတွေသာမက လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် တန်ဖိုးရှိတဲ့ဆုလာဘ်တွေ ဖြစ်စေနိုင်ပါတယ်” ဟု Mastercard၏ စီးပွားရေးမိတ်ဖက်များ၊ အာရှပစိဖိတ် အမှုဆောင်ဒုဥက္ကဌ ဖြစ်သူ Julienne Loh ကပြောကြားသည်။

စစ်တမ်းအတွက် အသုံးပြုသည့် သုတေသန နည်းလမ်း (Methodology)
Mastercard၏ အမျိုးသမီး စွန့်ဦးတီထွင်နိုင်မှုစွမ်းရည်စောင့်ကြည့်တိုင်းတာရေးအစီအစဉ်၏ ရည်ရွယ်ချက်သည် ကမ္ဘာအနှံ့မှ စီးပွားရေးနယ်ပယ်၅၈ခုတွင် အမျိုးသမီးများ မည်ကဲ့သို့ ဉီးဆောင်နေသည်ကို လေ့လာဆန်းစစ်ရန်ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းက အမျိုးသမီးလုပ်သားအင်အား ၈၀% နီးပါးအား ကိုယ်စားပြုသည့် MIWE သည် လူမှုစီးပွားဆိုင်ရာ ပိတ်ပင်တားဆီးမှုများ နှင့် ၎င်းတို့၏ အောင်မြင်မှုများကို အလေးထားကာ လေ့လာသုံးသပ်ထားခြင်းဖြစ်သည်။
တိုးတက်မှုရလဒ်၊ ဗဟုသုတနှင့် ဘဏ္ဍာရေးအခွင့်အလမ်းရရှိမှုနှင့် စွန့်ဦးတီထွင်စီးပွားရေး ထောက်ပံ့နိုင်မှု အခြေအနေများနှင့် သက်ဆိုင်သည့် ကိန်းညွှန်း (၁၂)ခု၊ ထပ်ခွဲကိန်းညွှန်း (၂၅)ခုပါ အသေးစိတ်စိစစ်ချက်များ ပါဝင်သည့် သုတေတနနည်းစနစ်အရ  ဤကိန်းညွှန်းသည် လွန်ခဲ့သည့်နှစ်ပိုင်းအတွင်းရှိ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ စီးပွားရေးနယ်ပယ် (၅၈)ခု ၏ ရလဒ်ကို ရည်ညွှန်းထားပါသည်။ လေ့လာစမ်းစစ်မှု ရလဒ်များအရ ရည်ညွှန်းကိန်းများသည် အမျိုးသမီး စွန့်ဦးတီထွင်မှုများကြောင့် စီးပွားရေးတစ်ခုချင်းစီတွင် မည်မျှအောင်မြင်နေသည်ဆိုသည်ကို COVID-19 မဖြစ်ပွားမီအချိန်နှင့် နှိုင်းယှဉ်သုံးသပ်ဖော်ပြထားပါသည်။
ယခုနှစ် အစီရင်ခံစာတွင် ထပ်မံထည့်သွင်းထားသည့် သုံးသပ်ချက်တစ်ခုသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနယ်ပယ် (၄၀) အနေဖြင့် COVID-19 ရောဂါကူးစက်မှုကို တုံ့ပြန့်ရန်အတွက် အစိုးရအဖွဲ့များနှင့် အမျိုးသမီးစွန့်ဦးတီထွင်သူများအတွက် စီးပွားရေးလုပ်ငန်းများ၏ အရေးပေါ်ထုတ်ပြန်ချက်များ၏ အစောပိုင်း ရလဒ်များကို ထည့်သွင်းဖော်ပြထားပါသည်။
Mastercard ၏ အမျိုးသမီး စွန့်ဦးတီထွင်နိုင်မှုစွမ်းရည်စောင့်ကြည့်တိုင်းတာရေးအစီအစဉ်မှ တွေ့ရှိချက်များ သည် အစိုးရအဖွဲ့အစည်းများ၊ မူဝါဒရေးဆွဲသူများ၊ အစုရှယ်ယာပါဝင်ထားသူများ နှင့် တစ်ဦးတစ်ယောက် ချင်းအနေဖြင့် စီးပွားရေးလုပ်ငန်းများတွင် အမျိုးသမီးများ၏ အရေးပါသောအခန်းကဏ္ဍကို နားလည်သဘော ပေါက်စေရန် နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လေ့လာသင်ယူမှုများကို လက်တွေ့ပြန်လည်အသုံးချနိုင်ရန် ရှာဖွေထောက်ပံ့ပေးပါသည်။