ရောဂါကြီးကြီးမားမားဖြစ်မှာထက် ရောဂါကုဖို့ ကုန်ကျစရိတ်ကြီးမှာကို ပိုကြောက်တယ်

ရောဂါကြီးကြီးမားမားဖြစ်မှာထက် ရောဂါကုဖို့ ကုန်ကျစရိတ်ကြီးမှာကို ပိုကြောက်တယ်

ဆေးကုသစရိတ်များများစားစားမရှိလို့ ဆေးမကုသနိုင်ခြင်းက အသေးစားရောဂါဝေဒနာအတွက် ဘာမှမဟုတ်ပေမဲ့ အသက် အန္တရာယ်ရှိတဲ့ ရောဂါဝေဒနာကြီးကြီးမားမားရှိလာပြီဆိုရင်တော့ မလွယ်ကူတော့တဲ့ ကိစ္စကြီးတစ်ရပ်ဖြစ်လာပါလိမ့်မယ်။ ကိုယ်က မိသားစုကို ဦးဆောင်နေရတယ်၊ ကိုယ်တိုင်ထက် မိသားစုအရေးကို အများကြီးထည့်တွက်နေရတဲ့ လူတွေမှာဆို ငွေ အများကြီးအကုန်ခံမှ ကုသလို့ရနိုင်မယ့် ရောဂါြဖစ်လာတဲ့အခါ ကိုယ့်ရောဂါပျောက်ရေးအတွက် ငွေကိုပဲ အများကြီးသုံးရ မလား။ ဒါမှမဟုတ် ဆေးမကုတော့ဘဲ အဲ့ကုန်ကျမယ့်ငွေတွေကို မိသားစု၊ သားသမီးအနာဂတ်အတွက် ရည်ရွယ်ပြီး ဆေးကုဖို့ လက်လျှော့လိုက်မလားလို့ ရွေးချယ်ရတဲ့ အခိုက်အတန်တွေနဲ့ ကြုံရသူတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်ဖူး၊ တွေ့ဖူး၊ ကြားဖူးကြမှာပါ။

ဒီတော့ ရောဂါကြီးကြီးမားမားဖြစ်တာကို ကြောက်ဖို့ဆိုတာထက် အဲ့ရောဂါကို ပျောက်အောင်ကုဖို့ ကုန်မှာကို ပိုကြောက်နေကြရ တာမျိုးပေါ့။

တချို့ရောဂါမျိုးတွေဆို အရင်တုန်းက သေစေနိုင်ပေမယ့် တဖြည်းဖြည်းနဲ့ ဆေးပညာတွေတိုးတက်လာတော့ အသက်မသေ အောင် ကုသနိုင်တဲ့ ဆေးဝါးတွေ ရှာတွေ့ပြီး တန်ဖိုးရှိတဲ့ လူ့အသက်ကို ကယ်တင်လာနိုင်ကြပါပြီ။ ဒါပေမဲ့လည်း ရောဂါက ပြင်းထန်လေလေ၊ ငွေကုန်ကြေးကျကလည်း များလာလေလေပါပဲ။ မြန်မာနိုင်ငံမှာဆို နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ် အစရှိတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာ ပြင်းထန်တဲ့ရောဂါတွေအဖြစ်များတတ်ကြသလို လေဖြတ်တာ၊ ကင်ဆာစတဲ့ ရောဂါကြီး တွေ ခံစားနေရသူတွေ ဒုနဲ့ဒေးရှိပါတယ်။ တချို့ဆို ရောဂါက အလျင်အမြန်ပျောက်နိုင်ပါရဲ့ ဆေးဝါးကောင်းနဲ့ ကုသမှုခံယူဖို့ ငွေကြေးမရှိကြလို့ စိတ်ပင်ပန်းနေကြရတုန်းပါ။ ဝေဒနာရဲ့နှိပ်စက်မှုထက် ငွေကြေးကြောင့် ပင်ပန်းဖိစီးပြီး စိတ်ထောင်းကိုယ်ကြေဖြစ်လာတတ်ပါတယ်။ ကြာလာလေလေ အသက်ရှင်ရေးကို မရွေးနိုင်တော့ဘဲ ငွေမကုန်ဖို့သာ ဦးတည် ရွေးချယ်လာရတာမျိုးပါ။

တကယ်တော့ ဆေးကုသဖို့ ကုန်ကျစရိတ်ကို အထောက်အပံ့တစ်ခုနဲ့အကာအကွယ်သာရမယ်ဆို ကျွန်တော်တို့အားလုံး စိတ်သက်သက်သာသာနဲ့ ရောဂါပျောက်အောင်ကုချင်ကြသူတွေချည်းပါပဲ။ ဒါပေမဲ့ အဲ့ဒီလိုပေးမယ့်သူမှမရှိတာလို့ တွေးမိကြ တယ်မလား။

ပေးမယ့်သူတကယ်ရှိပါတယ်။

ပြင်းထန်ရောဂါတွေခံစားရတာနဲ့ ဆေးကုသစရိတ်ကို ထောက်ပံ့ပေးမယ့်သူ တကယ်ရှိပါတယ်။

Manulife Myanmar ရဲ့ Manulife Critical Illness Care ပြင်းထန်ရောဂါအာမခံဟာ ပြင်းထန်ရောဂါတွေအတွက် အာမခံအကျိုးခံစားခွင့်ကို ထောက်ပံ့ပေးမှာမို့ ကိုယ်က စိတ်အေးလက်အေးနဲ့ ဆေးကုသမှု ခံယူလိုက်ရုံပါပဲ။ ကိုယ်တိုင်က ကျန်းမာနေသေးတဲ့ ငယ်ရွယ်ချိန်မှာကတည်းက စီမံခန့်ခွဲမှုတစ်ခုလိုသဘောထားပြီး အသက်အာမခံကို ဝယ်ယူထားမယ်ဆိုရင် ကိုယ်တိုင်အတွက်ရော မိသားစုအတွက်ပါ စိတ်အေးရစေမှာပါ။ အသက်အာမခံကိုမှ ပြင်းထန်ရောဂါတွေအတွက်ပါ အာမခံ အကာအကွယ်ပေးမယ်ဆိုတော့ တကယ့်ကို စိတ်အေးချမ်းသာစွာနဲ့ အသက်ရှင်သန်ဖို့ ဆေးကုသမှု ခံယူလိုက်ရုံပါပဲ။

ပြင်းထန်ရောဂါလို့သတ်မှတ်ရာမှာ လေဖြတ်တာ၊ ရုတ်တရက်နှလုံးဖောက်တာအပြင် ပြင်းထန်တဲ့ကင်ဆာအဆင့်၊ နှလုံးပင်မ သွေးလွှတ်ကြောခွဲစိတ်တာ၊၊ နှလုံးပတ်သွေးလွှတ်ကြောလမ်းကြောင်းလွှဲဖို့ခွဲစိတ်ရတာတွေအပြင်၊ အဆုတ်နဲ့အသည်းရောဂါ နောက်ဆုံးအဆင့်အခြေအနေ၊ ကျောက်ကပ်ပျက်တာအပြင် နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ ပန်ကရိယလို အရေး ကြီးတဲ့ ကိုယ်တွင်းအင်္ဂါအစားထိုးကုသတာတွေအထိ အကျုံးဝင်ပြီး ငွေကြေးကာကွယ်မှုပေးသွားမှာဖြစ်ပါတယ်။

ဒီတော့ ကိုယ်က ရောဂါကိုပဲ အာရုံစိုက်ကုသလို့ ရနိုင်သလို မိသားစုကလည်း ကိုယ့်ဆေးဖိုးကြောင့် ထမ်းထားရမယ့် ဝန်ထုပ်ဝန်ပိုး တွေ လျော့ကျသွားပြီး ကိုယ့်ကျန်းမာရေးကိုပဲ သူတို့လဲ အလေးပေး‌စောင့်ရှောက်ပေးလာနိုင်စေမှာပါ။

ကိုယ်အသက်ရှင်နေသမျှ ကိုယ်ချစ်ရသူတွေအတွက် အများကြီးထပ်ပြီးပံ့ပိုးပေးနိုင်တာကို အမြဲသတိရပါ။

ဒီနေ့ကစလို့ တန်ဖိုးဖြတ်မရနိုင်တဲ့ ကိုယ့်ကျန်းမာရေးကို ကိုယ်ကိုတိုင်က စတင်ကာကွယ်ထားလိုက်ပါ။

-

Manulife Critical Illness Care ပြင်းထန်ရောဂါအာမခံနှင့် အခြားအသက်အာမခံများအကြောင်း အသေးစိတ်သိရှိလိုပါက Manulife Myanmar ၏ Customer Care Team ဖုန်းနံပါတ် ၀၉၇၆၅၄၆၇၁၀၀ ၊ အီးမေလ်း Customer_Service_MM@manulife.com သို့မဟုတ် Manulife Myanmar ဝက်ဘ်ဆိုဒ် https://www.manulife.com.mm/en/products.html သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

Read more

တိုက်စစ်မှူးအီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို မိမိတို့အယူခံဝင်မယ်လို့ ဘုန်းမောက်နည်းပြအီရာအိုလာအတည်ပြု

တိုက်စစ်မှူးအီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို မိမိတို့အယူခံဝင်မယ်လို့ ဘုန်းမောက်နည်းပြအီရာအိုလာအတည်ပြု

ဘုန်းမောက်အသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ ဘရာဇီးလ်တိုက်စစ်မှူး အီဗာနီလ်ဆန်ရဲ့အနီကတ်ပြ

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

ဒီသတင်းက ဧပြီ ၂၂ တည်းကမို့ နည်းနည်းကြာပြီဆိုတော့ သိပြီးတဲ့သူတွေတောင်ရှိလောက်ပါတယ်။ UAE အစိုးရကနေ နိုင်ငံရဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေအသစ်တွေရေးသားခြင်းနဲ့ ပြုပြင်ပြောင်းလဲ

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

NVIDIA သည် အမေရိကန်ပြည်ထောင်စုအတွင်း၌ AI supercomputers များကို ပထမဆုံးအကြိမ်အဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ၎င်းစီမံကိန်းတွင် TSMC၊ Foxconn၊ Wistron၊ Amkor နှင့် SPIL တို့နှင့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

လီဗာပူးလ်အသင်းက စပါးအသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ်‌အောင်ပွဲခံချိန်မှာ ဥရုဂွေးတိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာ အီဂျ