လမျက်နှာပြင်ပေါ်မှာအသုံးပြုနိုင်မဲ့တာယာ
Bridgestone သည်လကမ္ဘာပေါ်တွင်စူးစမ်းလေ့လာရမှုများအတွက် ဒီဇိုင်းထုတ်ထားသောတာယာအသစ်ကို မိတ်ဆက်ခဲ့သည်။ပုံမှန် ရော်ဘာတာယာများနှင့်မတူဘဲ၎င်းတာယာသည် ပြင်းထန်သောအပူချိန်၊ ဓါတ်ရောင်ခြည်များနှင့် ခက်ခဲသော လမျက်နှာပြင်ပေါ်တွင်မောင်းနှင်နိုင်အောင်တည်ဆောက်ထားသည်။
40th Space Symposium တွင်ထုတ်ဖော်ပြသခဲ့သည့် အချက်အလက်များတွင်တာယာသည်ပေါ့ပါးသောယာဉ်နှင့် အလယ်အလတ်တန်းစားယာဉ်များအတွက်ဆိုကာversionနှစ်မျိုးပါဝင်သည်။နှစ်မျိုးလုံးတွင် ပြောင်းလွယ်ပြင်လွယ်ရှိသော သတ္တုတုံးများနှင့် အပိုင်းပိုင်းဆက်ထားသောနင်းပြားများပါရှိသည်။
၎င်း၏ Air Free တာယာနည်းပညာကြောင့်အာကာသတွင်အသုံးပြုမည့်ယာဉ်များအတွက်ရည်ရွယ်ကာ Apollo missionအတွင်းမိုင်ပေါင်း 6,000 ကျော်နှင့်အနာဂတ်လကမ္ဘာ mission များအတွက်ပံ့ပိုးပေးနိုင်ရန် Bridgestone ကဖန်တီးထားခြင်းဖြစ်သည်ဟုသိရသည်။