လက်ဖဝါးထဲက သေးသေးကျစ်ကျစ်လေး

OnePlus ရဲ့ Compact ဖုန်းအသေးလေးဆိုပြီး နာမည်ကြီးနေတယ်။ အမှန်က ပြီးခဲ့တဲ့ရက်ပိုင်းကမှ တရုတ်မှာ မိတ်ဆက်သွားတဲ့ OnePlus 13T ပါပဲ။ ဒါပေမဲ့ OnePlus 13s ဆိုတဲ့နာမည်အသစ်နဲ့ အိန္ဒိယမှာ မိတ်ဆက်သွားမှာ။

မိတ်ဆက်မယ့်ရက်အတိအကျတော့ မကြေညာသေးဘူး။ ပုံတွေပဲ ထွက်လာသေးတာပါ။ အပေါ်မှာပြောသလို OnePlus 13T နဲ့ နာမည်ပဲကွဲသွားမှာပါ။ Spec: တွေကတော့ အကုန်တူတူတွေပဲ။ တကယ်မိတ်ဆက်ခါမှ ဘာတွေပြောင်းထားလဲတော့ ထပ်သိရမယ်။

Compact ဖုန်းဆိုသလိုပဲ 6.32” Screen Size , Snapdragon 8 Elite, 6260mAh Battery, 80W Fast Charge တို့ပါမယ်။ OnePlus India ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားတဲ့ landing page ထဲမှာတော့ Black နဲ့ Pink ၂ ရောင်ပြထားတယ်။ OnePlus 13T တုန်းကတော့ ၃ ရောင်ပါတယ် Gray ရော။

ဆိုတော့ ဘာမှတော့မထူးခြားပါဘူး။ ဒီဒီဇိုင်းကာလာ, ဒီ Spec: တွေပဲ နာမည်ပဲပြောင်းတာ။ အမြွာညီအစ်ကိုတွေပေါ့။ အစ်ကိုကြီးကတော့ မိတ်ဆက်ပြီးသွားပြီ။ ညီလေးမှာ ဘာတွေပြောင်းသွားမလဲကတော့ စောင့်ကြည့်ရမှာပါပဲ။ လောလောဆယ်တော့ OnePlus 13T ကတော့ လူပြောများနေတဲ့ ဖုန်းတွေထဲက တစ်လုံးလို့ ပြောလို့ရပါတယ်။