လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

ဒီရာသီလီဗာပူးလ်အသင်းမှာ ပွဲကစားချိန်မိနစ်တွေအကန့်အသတ်နဲ့သာ ရရှိနေတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အသင်းကိုဝေဖန်ထိုးနှက်ဖို့ ရည်ရွယ်ပြီး ရေးသားခဲ့ပုံပေါ်တဲ့ပို့စ်ကို သူ့ရဲ့ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပြီးနောက် ပြန်ဖျက်သွားခဲ့ပါတယ်။

ဒါဝင်နူနက်ဇ်ဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းအတွက် (၂၅)ပွဲပါဝင်ကစားထားပြီး ဒီထဲမှာ (၈)ပွဲသာပွဲထွက်လူစာရင်းပါဝင်ခဲ့ရကာ ၂၀၂၅ ခုနှစ်ထဲမှာ (၁)ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ရပါတယ်။

မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာ ဒါဝင်နူနက်ဇ်အနေနဲ့ နောက်ထပ်တစ်ပွဲကို ပွဲထွက်လူစာရင်းပါဝင်ခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်းဟာ သူနဲ့ချုပ်ဆိုခဲ့တဲ့စာချုပ်အရ သူ့ရဲ့အသင်းဟောင်း ဘင်ဖီကာအသင်းထံ ပေါင်(၅)သန်းပေးချေရမယ်လို့ ဖော်ပြထားပါတယ်။

ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ပွဲပေါင်း(၆၀)ပွဲထွက်လူစာရင်းပါဝင်ခဲ့ရင် ဘင်ဖီကာအသင်းဟာ add-ons ရရှိမယ်လို့ ပေါ်တူဂီသတင်းတွေရဲ့ဖော်ပြချက်အရ သိရတာပါ။ ဒါဝင်နူနက်ဇ်ဟာ လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ပွဲပေါင်း(၅၉)ပွဲ ပွဲထွက်လူစာရင်းပါဝင်ထားပါတယ်။

ဒါဝင်နူနက်ဇ်ဟာ သူဖျက်ခဲ့တဲ့ ဆိုရှယ်မီဒီယာပို့စ်မှာ "ကျွန်တော် ပွဲတွေအများကြီးမကစားခဲ့ရတာ အံ့သြစရာမဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် ပရီးမီးယားလိဂ်မှာ ကျွန်တော်ပွဲထွက်ခဲ့ရတဲ့နောက်ဆုံးပွဲမှာ ကောင်းကောင်းကစားနိုင်ခဲ့တယ်။ ဒါပေမယ့် ရုတ်တရက်ဆိုသလိုပဲ ..... ..... "လို့ စာကို မတင်မကျရေးသားခဲ့တာပါ။ သူ့ရဲ့ခြေစွမ်းကောင်းနေပေမယ့် လီဗာပူးလ်အသင်းက ဘင်ဖီကာအသင်းကို ငွေမပေးရအောင် ကစားခွင့်မပေးဘူးလို့ သွယ်၀ှိုက်ရေးသားသလို ဖြစ်ခဲ့ပါတယ်။

ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ အနာဂတ်မရေမရာဖြစ်နေပြီး လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ထွက်ခွာရဖွယ်ရှိနေပါတယ်။ လီဗာပူးလ်အသင်းနည်းပြအာနီဆလော့က ဒါဝင်နူနက်ဇ်ရဲ့စာချုပ်ထဲမှာ ဒီလိုအချက်တွေရှိတာကို သူသတိမထားမိကြောင်းနဲ့ သူ့ကို ပွဲထွက်လူစာရင်းမှာ အသုံးမပြုဖို့ လီဗာပူးလ်အသင်းအားကစားဒါရိုက်တာက မညွှန်ကြားခဲ့ဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

Read more

ဒေဝါလီခံပြီး လူမွဲစာရင်းသွင်းခံရဖို့ နီးစပ်နေတဲ့ စင်ကလဲယား

ဒေဝါလီခံပြီး လူမွဲစာရင်းသွင်းခံရဖို့ နီးစပ်နေတဲ့ စင်ကလဲယား

မန်စီးတီးအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ ထရီဗာစင်ကလဲယားဟာ အခွန်ငွေ ပေါင်(၃၆၀၀၀)ကျော်ကို မပေးဆောင်နိုင်ဘဲ ငွေကြေးအခက်အခဲ ကြီးကြီးမားမာ

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

PSG အသင်းဟာ နိုက်စ်အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ပြီး ဒီရာသီပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က လာမယ့် အာဆင်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (FA ဖလားဆီမီးဖိုင်နယ်) (26 April 2025/ 10:45 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဗီလာက ရမှတ်(၅၇)မှတ်နဲ့ အဆင့်(၇)မှာ ရှိနေပြီး ခရစ္စတယ်

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ချယ်လ်ဆီးအသင်းရဲ့ အီတလီလူမျိုးနည်းပြမာရက်စ်ကာက ချယ်လ်ဆီးအသင်းအတွက် အင်္ဂလန်ကြယ်ပွင့်ကိုးလ်ပါမား (၁၆)ပွဲဆက်တိုက်ဂိုးမသွင်းယူနိုင်တာက သူ့ရဲ့အမှားကြ