Lifebuoy မှ ၅ နှစ်တာအတွင်း ကမ်ဘာ့လက်ဆေးရေးနေ့အား ပထမဦးဆုံး အွန်လိုင်းပေါ်မှတဆင့် ကျင်းပ

Lifebuoy မှ ၅ နှစ်တာအတွင်း ကမ်ဘာ့လက်ဆေးရေးနေ့အား ပထမဦးဆုံး အွန်လိုင်းပေါ်မှတဆင့် ကျင်းပ

Unilever ၏ ကျန်းမာရေးဆပ်ပြာ အမှတ်တံဆိပ်တစ်ခုဖြစ်သော Lifebuoy သည် ၅ ကြိမ်မြောက် ကမ်ဘာ့လက်ဆေးရေးနေ့အား ဂုဏ်ပြုသောအားဖြင့် Lifebuoy ၏ အမှတ်တံဆိပ်သံတမန်ဖြစ်သူ ‌ဒေါက်တာချစ်သုဝေ၊ နီနီခင်ဇော်၊ ဖြိုးပြည့်စုံ၊ အာဘွိုင်း မိသားစု၊ ကိကိနှင့် ခေတ်ခေတ်တို့နှင့် အတူ အွန်လိုင်းပေါ်မှတဆင့် ဗီဒီယိုဖြင့် ဆင်နွှဲခဲ့ကြသည်။ Lifebuoy မှ နှစ်စဉ် မြန်မာပြည်သူလူထုနှင့် ကျောင်းသူ ကျောင်းသားများအကြား ရိုးရှင်းသော လက်ဆေးသည့် အလေ့အထနှင့် ကျွမ်းဝင်မှု ရှိစေရန် အခမ်းအနားများကျင်းပခဲ့ရာ ယခုနှစ်တွင် ထူးထူးခြားခြား ပထမဦးဆုံးအကြိမ် အွန်လိုင်းပေါ်မှတဆင့် ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ Lifebuoy သည် ယခုနှစ် ကမ္ဘာ့လက်ဆေးရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ‘H for Handwashing’ ဟုအမည်ပေးထားသည့် ကန်ပိန်း နှင့်အတူ ကလေးငယ်များအား H ဆိုသည့်အက္ခရာကို မြင်တိုင်း လက်ဆေးခြင်း၏ အရေးပါပုံကို သိရှိစေရန် သင်ထောက်ကူပစ္စည်းများဖြစ်သည့် flashcard များကို ပညာရေးဝန်ကြီး ဌာနထံလှူဒါန်းခြင်းနှင့် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် H ပုံစံ လက်ဆေးဘစင်များကို လှူဒါန်းခြင်းဖြင့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။

ကမ္ဘာ့လက်ဆေးရေးနေ့ကို အောက်တိုဘာ ၁၅ ရက်နေ့တွင် ကမ္ဘာတဝှမ်းရှိနိုင်ငံပေါင်း ၁၀၀ ကျော်တွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး ဆပ်ပြာဖြင့်လက်ဆေးခြင်း၏ အရေးပါပုံကို ပိုမိုသိရှိနားလည်လာစေရန်၊ ရောဂါများကို ကာကွယ်ရန်နှင့် လူ့အသက်များကို ကယ်တင်ရန်အတွက် ရည်ရွယ်သည်။ ယခုနှစ် ကမ္ဘာ့လက်ဆေးရေးနေ့ နှင့်ပတ်သက်၍ Lifebuoyက ကလေးများအား လက်ဆေးခြင်း ၏ အရေးကြီးမှုအပေါ် ထိရောက်စွာ ပညာပေးနိုင်ရန်နှင့် လက်ဆေးခြင်းအပြုအမူများကို ငယ်စဥ်ကတည်းက စတင်ပြီး ထိရောက်စွာ သင်ကြားနိုင်ရန်အတွက် 'H for Handwashing' ကိုအစပြု၍ လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။ Lifebuoy သည် ထိုလှုပ်ရှားမှုကို ကလေးများစာသင်ကြားရာတွင် အထောက်အကူ ပစ္စည်းတစ်ခုဖြစ်သည့် Flashcard များမှတစ်ဆင့် 'ဥပမာ H ကို  Hat’ ဟုသင်ကြားနေသည့်နေရာတွင်  ‘H ကို Handwashing’ ဟုပြောင်းလဲ သင်ကြားခြင်းဖြင့် သင်ကြားပုံတွင် အခြေခံကျသော ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် Lifebuoyက flashcardများကို ပညာရေးဝန်ကြီး ဌာနထံလှူဒါန်းခြင်းဖြင့် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ ပညာရေးအဆောက်အအုံများသို့ ခွဲဝေချထားပေးရန် စီစဉ်ထားသည်။ တစ်ချိန်တည်းမှာပင် Lifebuoy သည် ' H for Handwashing' နှင့်ပတ်သက်သော ကလေးငယ်များ အလွယ်တကူ မှတ်မိလွယ်ပြီး သီဆိုနိုင်သည့် သီချင်းတစ်ပုဒ်ကိုလည်း ဖန်တီးခဲ့သည်။ Lifebuoy သည် ယခုကဲ့သို့ ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း အများပြည်သူပိုင်နေရာများတွင် မည်သူမဆို လက်ဆေးခြင်းအလေ့အထများကို ပြုလုပ်နိုင်ရန်အတွက် Lifebuoy ထုတ်ကုန်များနှင့်အတူ 'H for Handwashing’ လက်ဆေးစင်များကိုလည်း  အများပြည်သူဆိုင်ရာပန်းခြံများ၊ စျေးများ၊ အစိုးရအဆောက်အအုံများနှင့် ရန်ကုန်ရှိသုသာန်များ၊ မန္တလေးရှိ စျေးများနှင့်ဆေးရုံများ၊ တောင်ကြီးမြို့ရှိ စျေးများ စသည့် နေရာများတွင် လှူဒါန်းခဲ့သည်။

“Lifebuoy နဲ့အတူ မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့လက်ဆေးရေးနေ့ကို ရည်ရွယ်ပြီးပြုလုပ်တဲ့ အခမ်းအနားတိုင်း ထရီဇာ ပါဝင်ခဲ့တာ ၅နှစ်ရှိပါပြီ။ နှစ်စဉ်နှစ်တိုင်းပြုလုပ်နေတဲ့ Lifebuoy ရဲ့ ကမ္ဘာ့လက်ဆေးရေးနေ့နဲ့ ပတ်သက်တဲ့ အစီအစဥ်တွေကို ထရီဇာလည်း သဘောကျမိပါတယ်။ ကလေးတွေ ငယ်စဉ်ကတည်းက ကောင်းမွန်တဲ့ သန့်ရှင်းရေး အလေ့အကျင့်ကောင်းတွေကို သိရှိဖို့ အလွန်အရေးကြီးတယ်လို့ ယုံကြည်သလို ဒီနှစ် ‘H for Handwashing’ ကန်ပိန်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်လည်းယူမိပါတယ်။ A for apple, B for ball ဆိုတဲ့ ထရီဇာ တို့ငယ်ငယ်တည်းက သင်လာခဲ့ရတဲ့ သင်ခန်းစာလေးတွေကို ခုချိန်ထိမှတ်မိနေတုန်းပါပဲ။ ဒါကြောင့်မလို့ H ကို အရင်က Hat or Horse လို့သင်ခဲ့တဲ့ရတဲ့နေရာမှာ Handwashingလို့ အစားထိုးသင်ကြားဖို့အတွက် ပြုလုပ်ထားတဲ့ Lifebuoy ရဲ့လုပ်ဆောင်မှုကလည်း ကလေးတွေအတွက် အလွယ်တကူ မှတ်မိစေဖို့ အရမ်းကောင်းတဲ့ နည်းလမ်းတစ်ခုလို့ ထရီဇာက ယုံကြည်ပါတယ်။ ဒါ့အပြင် မိခင်တစ်ယောက်အနေနဲ့ ဒီလို အခြေခံကျတဲ့ လက်ဆေးခြင်းအကြောင်းကို သီချင်းတစ်ပုဒ်နဲ့ ဖန်တီးထားတာကိုလည်း အရမ်းသဘောကျသလို ကလေးတွေအတွက်လည်း တကယ်ပျော်စရာကောင်းတဲ့ သင်ကြားနည်းလေးတစ်ခုဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု Lifebuoy ၏ အမှတ်တံဆိပ် သံတမန် ဒေါက်တာချစ်သုဝေက ပြောကြားသည်။

အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုတွင် Lifebuoy ၏ 'H for Handwashing' သီချင်းကို ကလေးငယ်များဖြစ်ကြသည့် ကိကိ နှင့် ခေတ်ခေတ် တို့မှ ချစ်စဖွယ်ကောင်းသော အကဖျော်ဖြေခြင်းဖြင့် စတင်ခဲ့သည်။ ထို့နောက်တွင် Lifebuoy ၏ အမှတ်တံဆိပ် သံတမန် ဒေါက်တာချစ်သုဝေက 'H for Handwashing' လှုပ်ရှားမှုတွင် ပါဝင်သော ကလေးငယ်များအတွက် ပညာရေးအထောက်အကူပြု သင်ထောက်ကူများဖြစ်သည့် flashcard များအား ပညာရေး၀န်ကြီးဌာနသို့ လှူဒါန်းခြင်း၊ တစ်နိုင်ငံလုံးအနှံ့အပြားတွင် H ပုံစံလက်ဆေးစင်များ လှူဒါန်းခြင်း စသည့် လှုပ်ရှားမှုများကို တင်ဆက်ခဲ့သည်။ ထို့နောက်တွင် မြန်မာနိုင်ငံ၏ ကျော်ကြားသော အဆိုတော်များဖြစ်သည့် ဒေါက်တာနီနီခင်ဇော်နှင့် ဒေါက်တာဖြိုးပြည့်စုံတို့က ယခုနှစ် ကမ္ဘာ့လက်ဆေးရေးနေ့တွင် ပါ၀င်ရခြင်း ၏ အတွေ့အကြုံများကို ပြောကြားပေးခဲ့ပြီး 'H for Handwashing'သီချင်းကို အတူတကွ သီဆိုဖျော်ဖြေတင်ဆက်ပေးခဲ့သည်။ အာဘွိုင်း၊ မြတ်ရတနာကျော်နှင့် Scarlett တို့မှလည်း ယခုနှစ် ကမ်ဘာ့လက်ဆေးရေးနေ့တွင်အတွက် စီစဥ်ထားသည့် ကံစမ်းမဲအစီအစဉ်တွင် မည်သို့ပါ၀င်ရမည့် အကြောင်းနှင့် ကြည့်ရှုသူများအတွက် Lifebuoy ပရိုဖိုင် ဖရိမ်ရယူခြင်းကို ရှင်းလင်းပြောပြပေးခဲ့သည်။ ထို့နောက်တွင် ဗီဒီယိုကို ဒေါက်တာချစ်သုဝေက Lifebuoy  ၏ 'H for Handwashing’ သီချင်းလေးကို ပရိတ်သတ်များနှင့်အတူ ပျော်ရွှင်စွာ သီဆိုခြင်းဖြင့် နိဂုံးချုပ်ခဲ့သည်။

ယခုနှစ်၂၀၂၀တွင်  Lifebuoyမှ သင်သည်မည်သူဖြစ်ပါစေ၊ မည်သည့်နေရာမှာဘဲ ရှိနေပါစေ လက်ဆေးခြင်းဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်သည့်အချက်ကို  ကမ္ဘာကြီးကို သတိပေးနိုင်ခဲ့သည်။ ယနေ့ ကမ္ဘာပေါ်တွင် COVID-19 ကြောင့် လူတစ်သန်းကျော် အသက်ဆုံးရှုံးခဲ့ရသည့်အတွက်ကြောင့် ဆပ်ပြာဖြင့်လက်ဆေးခြင်းသည် coronavirus ပျံ့နှံ့မှုကို လျှော့ချရန် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ ထို့ကြောင့် Lifebuoy က ကမ္ဘာ့လက်ဆေးရေးနေ့တွင်သာမကဘဲ ယနေ့မှစတင်၍ လူတိုင်း နေ့စဥ် လက်ကိုမကြာခဏဆေးကြောခြင်းဖြင့် လုံခြုံစွာနေကြရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

Read more

Arsenal (0-1) PSG  UEFA Champions League (Semi Final/1st leg)  Highlight

Arsenal (0-1) PSG UEFA Champions League (Semi Final/1st leg) Highlight

■ Video - မနေ့ကကစားခဲ့တဲ့ ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့ အာဆင်နယ် (၀-၁) PSG ပွဲမှာ PSG အသင်းအတွက် ဒမ်ဘီလီရဲ့အနိုင်ဂိုး၊ PSG ဂိုးသမားဒွန်နာရမ်မာရဲ့ဂိုးကာကွယ်မှ

ဒွန်နာရမ်မာကို မကျော်ဖြတ်နိုင်လို့ အိမ်ကွင်းမှာ PSG ကို ရှုံးခဲ့ရတဲ့ အာဆင်နယ်အသင်း

ဒွန်နာရမ်မာကို မကျော်ဖြတ်နိုင်လို့ အိမ်ကွင်းမှာ PSG ကို ရှုံးခဲ့ရတဲ့ အာဆင်နယ်အသင်း

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့ ------------------------------------------- အာဆင်နယ် (၀-၁) PSG ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့မှာ အာဆင်နယ်အသင်းဟာ IFFHS ရဲ့လက်ရှိအကောင်းဆုံးဂိုးသမားအဖြစ်သတ်မှတ်

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

ဒီရာသီချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တဲ့အသင်း(၈)သင်း (ပြိုင်ပွဲတစ်ခု ၄ သင်းစီ)ကို ပြန်လေ့လာကြည့်မယ်ဆိုရင် အုပ်စု

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလောပ့်က ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ သူ့ရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းနဲ့ သူ့ရဲ့နေရာမှာဆက်ခံခဲ