လေ့ကျင့်ရေးကွင်းရန်ပွဲမှာ နူနက်ဇ်ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းတွေကိုလီဗာပူးလ်အသင်းနည်းပြအာနီဆလော့ငြင်းဆန်

လေ့ကျင့်ရေးကွင်းရန်ပွဲမှာ  နူနက်ဇ်ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းတွေကိုလီဗာပူးလ်အသင်းနည်းပြအာနီဆလော့ငြင်းဆန်

ပြီးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းလူစာရင်းက ချန်လှပ်ခံခဲ့ရတဲ့ တိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်းရန်ပွဲမှာ ပါဝင်ခဲ့တယ်ဆိုပြီး ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကို လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ငြင်းဆန်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းတိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်ကို ပွဲကြည့်စင်ပေါ်ကနေ အားပေးခဲ့ရတာဖြစ်ပါတယ်။ လီ‌ဗာပူးလ်အသင်းနည်းပြအာနီဆလော့က ဝက်စ်ဟမ်းအသင်းနဲ့ ပွဲမတိုင်မီဖြစ်ခဲ့တဲ့ လေ့ကျင့်ရေးကွင်းရန်ပွဲမှာ ဒါဝင်နူနက်ဇ်မပါဝင်ကြောင်း ငြင်းခဲ့ပေမယ့် သူ့ကို လူစာရင်းမှာချန်လှပ်ခဲ့တာက ဖျားနာတာကြောင့်မဟုတ်သလို ဒဏ်ရာကြောင့်လည်း မဟုတ်ဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

ဒါ့အပြင် အာနီဆလော့က ဒါဝင်နူနက်ဇ်ဟာ သူ့ကိုယ်သူကောင်းမွန်တယ်လို့ မခံစားရတာကြောင့် ကွင်းထဲက ထွက်ခွာခဲ့တာဖြစ်ပြီး လက်စတာအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းလူစာရင်းထဲ ပြန်ပါဝင်နိုင်တယ်လို့ ဆိုခဲ့တာပါ။ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့ချိတ်ဆက်မှုတွေကို ခံနေရတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ အနာဂတ်မရေရာဘဲ နွေရာသီမှာ ထွက်ခွာသွားနိုင်တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာအသင်းကို အနိုင်ရပြီး အမှတ်ပေးဇယားအဆင့်(၂)နေရာက အာဆင်နယ်အသင်းက အစ်ဝှစ်ခ်ျအသင်းကို အရေးနိမ့်ခဲ့ရင် ချန်ပီယံဆုရယူနိုင်ဖို့ သေချာသွားမှာပါ။ လီဗာပူးလ်အသင်းနည်းပြအာနီဆလော့က သူဟာ ‌ဒီအကြောင်းကို မတွေးဘဲ လက်စတာအသင်းကို အနိုင်ရဖို့အတွက်သာ အာရုံစိုက်ထားတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Read more

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့(ဧပြီ ၃၀ ရက်)မှာ ကစားဖို့ရှိတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ဘာစီလိုနာ-အင်တာမီလန်ပွဲကို ဥရောပမှာ မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

မနေ့က ကစားခဲ့တဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အမျိုးသမီးအသင်းဟာ နာမည်ကြီးပြင်သစ်ကလပ် လိုင်ယွန်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အံ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲပြီး သူ့ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေ

တိုက်စစ်မှူးအီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို မိမိတို့အယူခံဝင်မယ်လို့ ဘုန်းမောက်နည်းပြအီရာအိုလာအတည်ပြု

တိုက်စစ်မှူးအီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို မိမိတို့အယူခံဝင်မယ်လို့ ဘုန်းမောက်နည်းပြအီရာအိုလာအတည်ပြု

ဘုန်းမောက်အသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ ဘရာဇီးလ်တိုက်စစ်မှူး အီဗာနီလ်ဆန်ရဲ့အနီကတ်ပြ