လာလီဂါပြိုင်ပွဲမှာ (၄)ရာသီဆက်တိုက် တန်းဆင်းတဲ့ကစားသမား ဒါဝင်မာချစ်

လာလီဂါပြိုင်ပွဲမှာ (၄)ရာသီဆက်တိုက် တန်းဆင်းတဲ့ကစားသမား ဒါဝင်မာချစ်

ဒီရာသီကုန်မှာ ပရီးမီးယားလိဂ်က တန်းဆင်းတော့မယ့် ဆောက်သမ်တန်အသင်းရဲ့အင်္ဂလန်ဂိုးသမားအာရွန်ရမ်စ်ဒေးလ်က (၆)ရာသီအတွင်း အသင်း(၃)သင်း(ဘုန်းမောက်၊ ရှက်ဖီးယူနိုက်တက်၊ ဆောက်သမ်တန်)နဲ့ တန်းဆင်းတဲ့ဂိုးသမားအဖြစ် မီဒီယာတွေက ရေးသားဖော်ပြတာကို ခံနေရပါတယ်။

အာရွန်ရမ်စ်ဒေးလ်နဲ့ စပိန်ကလပ် ဗယ်လာဒိုလစ်အသင်းရဲ့ ဗင်နီဇွဲလားတောင်ပံကစားသမား ဒါဝင်မာချစ်တို့သာ ထိပ်တိုက်တွေ့ခဲ့ရင် ဒါဝင်မာချစ်က အာရွန်ရမ်စ်ဒေးလ်ကို သနားတယ်လို့ ပြောနေမလားပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဒါဝင်မာချစ်က လာလီဂါပြိုင်ပွဲမှာ (၄)ရာသီဆက်တိုက် တန်းဆင်းတဲ့ကစားသမားအဖြစ် ထူးထူးခြားခြား မှတ်တမ်းဝင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဗင်နီဇွဲလားလက်ရွေးစင်အသင်းအတွက် (၅၂)ပွဲကစားထားတဲ့ ဒါဝင်မာချစ်(၃၂ နှစ်)ဟာ ဂရန်နာဒါအသင်းမှာ ကစားနေစဉ် ၂၀၂၁-၂၂ ရာသီကုန်မှာ သူ့ရဲ့အသင်းက အဆင့်(၁၈)သာရခဲ့လို့ တန်းဆင်းခဲ့ရပါတယ်။

၂၀၂၃ ဇန်နဝါရီမှာ ဒါဝင်မာချစ်ဟာ ဗယ်လာဒိုလစ်အသင်းကို (၃)နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၂၂-၂၃ ရာသီကုန်မှာ သူပြောင်းရွှေ့ကစားခဲ့တဲ့ ဗယ်လာဒိုလစ်အသင်းကလည်း အဆင့်(၁၈)သာရခဲ့လို့ လာလီဂါကနေ တန်းဆင်းခဲ့ရပါတယ်။

၂၀၂၃ နွေရာသီမှာတော့ ဒါဝင်မာချစ်ဟာ ကာဒစ်ဇ်အသင်းမှာ အငှားစာချုပ်နဲ့ သွားကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီကုန်မှာ ဒါဝင်မာချစ်အငှားစာချုပ်နဲ့ သွားကစားခဲ့တဲ့ ကာဒစ်ဇ်အသင်းကလည်း အဆင့်(၁၈)နဲ့ တန်းဆင်းခဲ့ပါတယ်။

(၃)ရာသီဆက်တိုက် သူပါဝင်ကစားတဲ့အသင်း(၃)သင်းကို ရာသီကုန်မှာ အဆင့်(၁၈)နေရာသာ ရရှိစေပြီး တန်းဆင်းအောင်ကူညီပေးခဲ့တဲ့ ဒါဝင်မာချစ်ရဲ့ တန်းဆင်းစွမ်းအင်တွေက ဒီရာသီမှာ ပိုမိုအင်အားကြီးထွားလာတာကိုတွေ့ရပါတယ်။

ဒီရာသီမှာ ဒါဝင်မာချစ်ဟာ အငှားသွားကစားနေတဲ့ ကာဒစ်ဇ်အသင်းကနေ မူလကလပ် ဗယ်လာဒိုလစ်အသင်းကို ပြန်လာကစားနေပြီး သူ့အသင်းက ရာသီမကုန်မီမှာပဲ ရမှတ်(၁၆)
မှတ်နဲ့ စောစောစီးစီး တန်းဆင်းလက်မှတ်ရခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ(၁၃)ပွဲမှာ (၁၂)ပွဲရှုံးပြီး ရမှတ်(၁)မှတ်ပဲရခဲ့တဲ့ ဇယားအောက်ဆုံးက ဗယ်လာဒိုလစ်အသင်းဟာ အဆင့်(၁၉)နေရာက အသင်းနဲ့ ရမှတ်(၁၄)မှတ်အထိ ကွာဟနေပြီဖြစ်လို့ ဒီရာသီကုန်မှာဇယားအောက်ဆုံးအဆင့်ကနေ တန်းဆင်းဖို့ သေချာနေပြီဖြစ်ပါတယ်။

ဒါကြောင့် ဗယ်လာဒိုလစ်အသင်းနဲ့ ဆီဂန်ဒါကို လိုက်ပါသွားရတော့မယ့် ဒါဝင်မာချစ်ဟာ လာလီဂါပြိုင်ပွဲသမိုင်းမှာ ထူးထူးခြားခြား(၄)ရာသီဆက်တိုက် တန်းဆင်းတဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ နောက်ရာသီမှာ ဒါဝင်မာချစ်တစ်ယောက် ဘယ်လာလီဂါအသင်းကို ရောက်လာဦးမလဲ။ ဘယ်အသင်းကို ဆွဲချဦးမလဲဆိုတာကတော့ ကြည့်ရဦးမှာပါ။

Read more

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

PSG အသင်းဟာ နိုက်စ်အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ပြီး ဒီရာသီပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က လာမယ့် အာဆင်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (FA ဖလားဆီမီးဖိုင်နယ်) (26 April 2025/ 10:45 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဗီလာက ရမှတ်(၅၇)မှတ်နဲ့ အဆင့်(၇)မှာ ရှိနေပြီး ခရစ္စတယ်

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ချယ်လ်ဆီးအသင်းရဲ့ အီတလီလူမျိုးနည်းပြမာရက်စ်ကာက ချယ်လ်ဆီးအသင်းအတွက် အင်္ဂလန်ကြယ်ပွင့်ကိုးလ်ပါမား (၁၆)ပွဲဆက်တိုက်ဂိုးမသွင်းယူနိုင်တာက သူ့ရဲ့အမှားကြ

Gemini AI ကို မော်တော်ကားနဲ့ Smart Watch များမှာလည်း သုံးနိုင်ဖို့စီစဉ်နေ

Gemini AI ကို မော်တော်ကားနဲ့ Smart Watch များမှာလည်း သုံးနိုင်ဖို့စီစဉ်နေ

Gemini AI ကို မော်တော်ကားများနဲ့ Smart watch များမှာပါ အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း Google CEO Sundar Pichai က ကြေညာလာပါတယ်။  မော်တော်ကားများအတွက် Android Auto မှတဆင့် သုံးနိုင်အောင် ပြုလု