လှည်းတန်း ဘက်မှာစျေးသက်သက်သာသာနဲ့ မာလာမောက်ချိုက်စားချင်တယ်ဆိုတဲ့ သူတွေအတွက်

လှည်းတန်း ဘက်မှာစျေးသက်သက်သာသာနဲ့ မာလာမောက်ချိုက်စားချင်တယ်ဆိုတဲ့ သူတွေအတွက်

လှည်းတန်းဘက်မှာစျေးသက်သက်သာသာနဲ့မာလာမောက်ချိုက်စားချင်တယ်ဆိုတဲ့သူတွေအတွက်ဆိုင်လေးတစ်ဆိုင်အကြောင်းလာပါပြီ

ဦးထွန်းလင်းခြံလမ်း ABC ဆိုင်ရဲ့ရှေ့ကလမ်းသွယ်လေးထဲမှာရှိတယ့်" Homeမာလာရှမ်းကော " ဆိုတဲ့ဆိုင်လေးပါ။လှည်းတန်းမှာနေတဲ့မင်မင့်သူငယ်ချင်းတစ်ယောက်ညွှန်းတာနဲ့မာလာမောက်ချိုက်သွားစားကြည့်ဖြစ်တာ၊အရင်ဆုံးရွေးစရာပြောရရင်အသားအပြင်ထုံချိုင်းတွေအသီးအရွက်တွေလည်းစုံတယ်။စျေးကလည်း၁၀၀၀လောက်ကစပြီးရှိတယ်၊တစ်သောင်း၀န်းကျင်ဆို၂ယောက်၊၃ယောက်လောက်အ၀စားလို့ရတဲ့အနေအထားမျိုး။အရသာကိုပြောရရင်လည်းသူ့စျေးလေးနဲ့ဆိုစားပျော်တယ် စားကောင်းတယ်ပြောရမယ်၊အထုံအစပ်ထိတယ်၊မင့်မင့်အတွက်ဆိုဆီတော့နည်းနည်းများတယ်။

Homeမှာမာလာရှမ်းကောကလည်းနာမည်ကြီးဘဲတဲ့နော်၊စားပြီးရင်းစားချင်တဲ့၊ သူ့ဆိုင်ကိုမင်မင်သဘောကျတာလေးကမာလာရှမ်းကောရော၊မောက်ချိုက်ရော နှစ်မျိုးလုံးတစ်နေရာထဲရတော့ သူငယ်ချင်းတွေအုပ်စုလိုက်နဲ့ဆို နှစ်မျိုးတစ်ခါတည်းကြိတ်ရုံဘဲ

ဆိုင်Menuကလည်း Kimchiထမင်းသုပ်၊မြေအိုးထမင်းပေါင်းပါရတယ်။မင်မင်စားကြည့်ခဲ့တာက မြေအိုးထမင်းပေါင်းကိုကြက်နဲ့၊အသီးအရွက်အစုံရောအသားတွေလည်းအများကြီးပါတယ်။အနံ့ကလည်းမွှေးနေရော ထမင်းကလည်းများတော့၂ယောက်လောက်တောင်စားလို့ရတယ်

လူပြည့်နေတာများတော့နေရာမရတာမျိုးတော့ဖြစ်နိုင်တယ်။မင်မင်သွားတဲ့အချိန်ကနေ့လည်စာကျော်ညနေမရောက်အချိန်ဆိုတော့ လူတော့ရှင်းနေတာ။ဆိုင်ကလည်းမနက်ထဲကဖွင့်တယ်ပြီးတော့deliveryနဲ့လည်းပို့ပေးပါတယ်တဲ့။Pageမှာ Menuတွေလည်းတင်ပေးထားတယ်။

Home Mala Xiang Guo · R4HH+6JR, Yangon, Myanmar (Birma)
★★★★☆ · Restaurant
ဦးထွန်းလင်းခြံလမ်း abc စတိုး မျက်နှာချင်းဆိုင်လမ်းသွယ်
https://www.facebook.com/profile.php?id=100068017891185

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ