ခေါက်ဆွဲပြုတ်ကို ပို အရသာရှိတဲ့ပုံစံမျိုးနဲ့ ဘယ်လိုစားလို့ရလဲ

ခေါက်ဆွဲပြုတ်ကို ပို အရသာရှိတဲ့ပုံစံမျိုးနဲ့ ဘယ်လိုစားလို့ရလဲ

ဒီနေ့မှာတော့ ခေါက်ဆွဲပြုတ်ကို ဒီတိုင်းကြီးစားနေရတာ ငြီးငွေ့လာတဲ့ သူတွေအတွက် အသစ်အဆန်းလေးနဲ့ အရသာလည်း ပိုရှိအောင် စားလို့ရမယ့်ပုံစံလေးကို adminကနေ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ခေါက်ဆွဲပြုတ်ဆိုတာကတော့ ဘယ်လိုပြုတ်ပြုတ်အရသာရှိတာကြောင့် ဒါကို ဘယ်လိုမျိုး ပိုပြီး အရသာရှိအောင် စားမလဲဆိုတာကတော့ ပြုတ်တဲ့လူအပေါ် မူတည်သွားပြီနော်။

ဒါကြောင့် adminကနေ ခေါက်ဆွဲပြုတ်ကို ပို ပြီးအရသာရှိအောင် လုပ်စားလို့ရတဲ့ နည်းလမ်းကောင်းလေးတစ်ခုကို အောက်မှာ ပြောပြပေးထားပါတယ်။စိတ်ဝင်စားတယ်ဆိုရင် ဆက်လက် ဖတ်ပေးပြီး နည်းလမ်းလေးတွေကလည်း ခက်ခက်ခဲခဲမရှိတာကြောင့် အိမ်မှာ စမ်းလုပ်စားကြည့်ကြဖို့ အကြံပေးချင်ပါတယ်။

လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ -ကြက်ဉ -အပ်မှို -cheese -ဂဏန်းချောင်း, ဝက်မှိုလုံး(ကိုယ်ကြိုက်နှစ်သက်ရာ ထည့်နိုင်ပါတယ်) -ကြက်မဲလွှာ(ကိုယ်ကြိုက်နှစ်သက်ရာ ထည့်နိုင်ပါတယ်) -ကြက်သွန်မြိတ်
-ခေါက်ဆွဲပြုတ်ရင် အရင်ဆုံးသူ့မှာပါတဲ့ အမှုန့်တွေကို အရင်ပြုတ်တာက ခေါက်ဆွဲကို ပိုပြီး အရသာရှိစေပါတယ်။ - ပွက်လာပြီဆိုရင် အခြားထည့်ချင်တဲ့ အသားတွေ ထည့်ပြီး နောက်ဆုံးမှ ခေါက်ဆွဲခြောက်ကို ထည့်ပါ။ -adminကတော့ စိမ့်တဲ့အရသာကြိုက်လို့ အရည်ထဲကို အမြဲ cheese တစ်ပြား အမြဲ ထည့်ပါတယ်။ -နောက်ဆုံး ခေါက်ဆွဲအိပြီဆိုမှ ကြက်ဉကို ထည့်ပြီး ခဏကြာရင် ကြက်သွန်မြတ်လေး ဖြူးပြီး စားနိုင်ပါပြီ။
-ဆီချက်ဆိုရင်လည်း ကိုယ့်ထည့်ချင်တဲ့ အစာပလာတွေနဲ့ အနှစ်ကို အရင်ရောပြီးမှ ပြုတ်ထားတဲ့ ခေါက်ဆွဲပြုတ်ကို ရောတာ ပိုကောင်းပါတယ်။adminတို့က အရင်ရောဖို့ မေ့သွားလို့ ပြီးမှ အကုန်ရောပြီး စားလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ အပေါ်မှာ cheeseလေးတင်ပြီး ကြက်ဉ half-fried လေးနဲ့ဆို လုံးဝကို perfect ပဲနော်။

Read more

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘုန်းမောက်အသင်းနောက်ခံလူ ဒင်းဟိုက်ဆန်ကို စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပေါင်သန်း(၅၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ရီးရဲလ်မက်

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးဆုတွေအတွက် ဆန်ခါတင်စာရင်း

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးဆုတွေအတွက် ဆန်ခါတင်စာရင်း

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု၊ ပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆု နဲ့ အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်းကို ပရီးမီးယားလိဂ်အဖွ

ခေါက်လို့ရတဲ့ Laptop Display နဲ့ Huawei ဟာ Windows နဲ့ MacOS ကို စိန်ခေါ်တော့မယ်

ခေါက်လို့ရတဲ့ Laptop Display နဲ့ Huawei ဟာ Windows နဲ့ MacOS ကို စိန်ခေါ်တော့မယ်

မနေ့ကပဲ Huawei ကနေ Weibo မှာ Teaser ဓါတ်ပုံတစ်ပုံတစ်ခု ဖော်ပြလာပါတယ်။ လာမယ့် မေလ 19 ရက်မှာ Huawei Nova 14 Series အသစ်နဲ့အတူ HarmonyOS 5 စနစ်ကို အခြေခံထားတဲ့ laptop အသစ်တစ်လုံးကိုပါ မိတ်ဆက်

ဆန်ဂျို့စ်အသင်းနဲ့ပွဲအပြီးမှာ ဒိုင်လူကြီးနဲ့ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီ အပြင်းအထန်ငြင်းခုံမှုဖြစ်

ဆန်ဂျို့စ်အသင်းနဲ့ပွဲအပြီးမှာ ဒိုင်လူကြီးနဲ့ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီ အပြင်းအထန်ငြင်းခုံမှုဖြစ်

ဆန်ဂျို့စ်နဲ့ အင်တာမိုင်ယာမီအသင်း(၃-၃)ဂိုးစီ သရေကျခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်အပြီးမှာ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ ကွင်းလယ်ဒိုင်လူကြီးနဲ့ ထိပ်