ချန်ပီယံလိဂ်ပြိုင်ပွဲသီချင်းအစား ယူရိုပါလိဂ်ပြိုင်ပွဲသီချင်းမှားဖွင့်ခဲ့တဲ့ အက်စတွန်ဗီလာ-PSG ပွဲ

ချန်ပီယံလိဂ်ပြိုင်ပွဲသီချင်းအစား ယူရိုပါလိဂ်ပြိုင်ပွဲသီချင်းမှားဖွင့်ခဲ့တဲ့ အက်စတွန်ဗီလာ-PSG ပွဲ

မနေ့ကကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် (ဒုတိယအကျော့) အက်စတွန်ဗီလာ(၃-၂)PSG ပွဲမစတင်ခင်မှာ ဗီလာအသင်းတာဝန်ရှိသူတွေက အမှားအယွင်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

သူတို့ပြုလုပ်ခဲ့တဲ့အမှားက ပရိသတ်(၄၂၀၀၀)ကျော်လာရောက်ကြည့်ရှုနေတဲ့ကွင်းထဲမှာ မှားယွင်းခဲ့တဲ့အပြင် ဒီပွဲကို ရုပ်သံကလည်း တစ်ကမ္ဘာလုံးက ပရိသတ်တွေကြည့်နေတာကြောင့် အရှက်ရဖွယ်ဖြစ်ခဲ့ရပါတယ်။

ဒီပွဲမစတင်မီ ဘာမင်ဂမ်မြို့က ဗီလာပတ်ခ်ကွင်းအတွင်း ထုံးစံအတိုင်း ပြိုင်ပွဲသီချင်းကို တစ်ကွင်းလုံးကြားအောင် ဖွင့်ခဲ့ရာမှာ ချန်ပီယံလိဂ်ပြိုင်ပွဲသီချင်းဖွင့်ရမယ့်အစား ယူရိုပါလိဂ်ပြိုင်ပွဲသီချင်းဖွင့်ခဲ့မိတာပါ။

နှစ်ဖက် ကစားသမားတွေ ကွင်းအတွင်းနေရာယူပြီး သီချင်းကို စောင့်မျှော်နေရာမှာ သူတို့မျှော်လင့်ထားသလို နာမည်ကျော် ချန်ပီယံလိဂ်သီချင်းအသံ ထွက်ပေါ်မလာဘဲ ယူရိုပါလိဂ်သီချင်းသံထွက်လာလို့ ကစားသမားတချို့မျက်နှာမှာ အံအားသင့်တဲ့ရုပ်သွင်ကို တွေ့ရပါတယ်။

ဗီလာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ (၁၅)နှစ်ကြာဝေးကွာနေပြီး ဒီရာသီက ၂၀၁၀-၁၁ ရာသီနောက်ပိုင်းပထမဆုံးချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်ယှဉ်ပြိုင်ခွင့်ရတာပါ။ အရင်ရာသီတွေက ဗီလာအသင်းအနေနဲ့ ယူရိုပါလိဂ်ကို ကြိမ်ဖန်များစွာယှဉ်ပြိုင်ခဲ့ရပါတယ်။

ဒါကြောင့် ဗီလာကစားသမားအများစုက ယူရိုပါလိဂ်သီချင်းကိုကောင်းကောင်းယှဉ်ပါးနေကြပြီး တိုင်လေမန်း၊ ကွန်ဆာအစရှိတဲ့ကစားသမားတွေကတော့ ဒီသီချင်းသံထွက်ပေါ်လာတာကို ထူးထူးခြားခြားအံဩမနေတော့ဘဲ ရယ်ပြုံးပြုံးဖြစ်နေပြီး ဝါးလုံးကွဲမရယ်မိအောင် မနည်းထိန်းနေရတဲ့ရုပ်တွေကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီပွဲကို အက်စတွန်ဗီလာအသင်းရဲ့အမာခံပရိသတ်တစ်ဦးဖြစ်သူ ဗြိတိန်တော်ဝင်မင်းသား ဝီလျံလည်း သူ့သား ဂျော့်ချ်မင်းသားငယ်နဲ့အတူ လာရောက်ကြည့်ရှုခဲ့ပါတယ်။

ယူရိုပါလိဂ်သီချင်းသံထွက်ပေါ်လာချိန်မှာ ပရိသတ်တချို့ကတော့ သူတို့အသင်းရဲ့လုပ်ပုံကိုင်ပုံမှားယွင်းမှုအတွက် သည်းခံမနေဘဲ "Boo ... Boo ..." ဆိုပြီး လှောင်ပြောင်အော်ဟစ်ခဲ့ကြပါတယ်။

Read more

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

ဒီရာသီ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ပြိုင်ပွဲစုံဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့အသက်(၁၇)နှစ်အရွယ် လူငယ်ကစားသမား လာမင်းယာမားလ်က ဦးဆောင်နေ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်က ဂျာမနီလက်ရွေးစင်အသင်းရဲ့ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ရူဒီ

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ဒေါသတကြီးပြစ်တင်မှုကို ရင်ဆိုင်နေရတဲ့ ဘယ်လင်ဂမ်

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ဒေါသတကြီးပြစ်တင်မှုကို ရင်ဆိုင်နေရတဲ့ ဘယ်လင်ဂမ်

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ အချစ်ကြီးသလို အမုန်းကြီးသူတွေလို့ ပြောရင်မမှားနိုင်ပါဘူး။ အိမ်ကွင်းဘာနေဗျူးကွင်းမှာ မိမိချစ်ခင်နှစ်သက်တဲ့ကစားသမားကို တစ်ကွ

အစ်ကိုဖြစ်သူရဲ့ခြေရာကို နင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်

အစ်ကိုဖြစ်သူရဲ့ခြေရာကို နင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်

ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူးအစရှိတဲ့ အင်္ဂလန်ဘောလုံးလိဂ်(EFL)ပြိုင်ပွဲအသီးသီးရဲ့အကောင်းဆုံးဆုတွေကို မနေ့က ချီးမြှင့်ခဲ့ရာမှာ ချန်ပီယံရှစ်ပြိုင်ပွ