ကြည့်မြင်တိုင် ညဈေးမှာ ဘတ်ဂျက်ဟော့ပေါ့စားကြမယ်

ကြည့်မြင်တိုင် ညဈေးမှာ ဘတ်ဂျက်ဟော့ပေါ့စားကြမယ်

ဟော့ပေါ့လည်းစားချင်၊ ဘူဖေးဆိုင်ဆိုလည်း မစားနိုင်တာရယ် ဘတ်ဂျက်ပဲစားချင်တဲ့ သူတွေအားလုံး အတွက် admin ကနေ အဆင်ပြေစေမယ့် ဆိုင်ကောင်းကောင်းလေး တစ်ဆိုင် ရှာပေးထားပါတယ်။ ဆိုင်လေးကတော့ Piggy Buu Hotpot ဆိုတဲ့ ကြည့်မြင်တိုင်ညဈေးမှာ ရှိတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ဆိုင်လေးက အတွင်းမှာတော့ ကျယ်ကျယ်ဝန်းဝန်းလေးရှိပေမယ့် ညဈေးမှာဆိုတော့ ကားရပ်စရာနေရာအတွက် ရှာရတာတော့ရှိမယ်။ကဲ အပေါ်မှာ ပြောထားခဲ့တဲ့အတိုင်း သူကဘတ်ဂျက်ဆိုင်လေးပေါ့နော်။ သူ့ဆိုင်လေးမှာက ဟော့ပေါ့အပြင် မာလာရှမ်းကော၊ မောက်ချိုက်၊ အကင်၊ ထမင်းကြော် ဆိုပြီး ရွေးချယ်စရာတော်တော် များတယ်။ admin တို့လည်း အစက ဟော့ပေါ့ပဲ သွားစားရာကနေ ဆိုင်ရောက်တော့ မနေနိုင်ပဲ အကုန်စားကြည့်ခဲ့လိုက်တယ်။

ဟော့ပေါ့ဆိုရင်လည်း တစ်ယောက်စာ set ၊ နှစ်ယောက်စာ set ဆိုပြီးရှိတဲ့ အပြင် တစ်ပွဲချင်းဆီမှာလို့ရတဲ့ menu လေးတွေကလည်း တော်တော်စုံတယ် ပြောလို့ရတယ်။ ဈေးနှုန်းလေးတွေလည်း သင့်တင့်တဲ့ထဲပါတယ်။

အရည်ဆိုလည်း ရွေးလို့ရပြီး admin တို့ကတော့ တုံယမ်းနဲ့ မာလာ နှစ်မျိုးစားခဲ့ပါတယ်။ ပုံမှန်ဆို မာလာ team ပေမယ့် ဒီဆိုင်မှာ စားပြီး တုံယမ်းteam ဘက်ကို ပြောင်းချင်သလို ဖြစ်နေပြီ။ သူ့ဆိုင်က အရသာ နှစ်မျိုးလုံးကတော့ တော်တော်ကောင်းလို့ အသားရော အသီးအရွက်တွေရောက အချဉ်မလိုတဲ့အထိကို အရသာဝင်နေတာကတော့ အမှန်ပဲ။

အသားတွေဆိုလည်း အစုံရှိတဲ့ အပြင် handmade အသားလုံးလေးတွေလည်း ရှိတယ်နော်။ admin ကတော့ သူတို့ဆီက handmade အသားလုံးလေးတွေကို တော်တော်သဘောကျတယ်။ အထူးသဖြင့် ပြောင်းဖူးပုစွန်လေးဆို အခုထိ ပြန်စားချင်နေတုန်းပဲ။

ပြီးတော့ ဟင်းရည်ကလည်း ကြက်ပြုတ်ရည်နဲ့ သေချာလုပ်ပေးထားတာမလို့ ဝက်သားမစားတဲ့ သူတွေအတွက်လည်း အဆင်ပြေပါတယ်။

မာလာရှမ်းကော နဲ့ မောက်ချိုက်ဆိုလည်း ပါဝင်တဲ့ အသား၊အသီးအရွက် တွေအကုန်က အရသာ သေချာ ဝင်ပြီး လုံးဝကို ထိမိနေတာ ။ မကုန်ဘူးထင်တဲ့ admin တစ်ယောက် တစ်ပွဲကုန်ခဲ့ပါတယ်။ ဒီမှာဆိုလည်း ကိုယ် ထပ်ထည့်ချင်တဲ့ တခြား အသားတွေ၊အရွက်တွေကိုလည်း add on လုပ်လို့ရတယ်နော်။အခုပြောမှာကတော့ အားလုံးအံ့သြသွားနိုင်စေမယ့် promotion set တွေအကြောင်းပဲ ဖြစ်ပါတယ်။

သူ့set လေးတွေကလေ အစားအသောက် ၅မျိုးပါတဲ့ တစ် set ကိုမှ ၁၅၀၀၀ ကျပ်ပဲ ကျသင့်တာ ဖြစ်ပါတယ်။ set လေးတွေကလေ portion လည်း များတဲ့အပြင် တစ်set ကိုဆိုရင် ၂/၃ ယောက်လောက် စားလို့ရတော့ share လိုက်မယ်ဆို တစ်ယောက်ကို ဘယ်လောက်မှ ကျမှာမဟုတ်တော့ဘူးနော်။အကင်တွေကလည်း အနှစ်နဲ့ သေချာလုပ်ထားတော့ တော်တော်စားလို့ကောင်းတယ်။အောက်မှာတော့ admin စားခဲ့တာလေးတွေကို စျေးနှုန်းလေးတွေနဲ့အတူ ပြောပြပေးထားတာမို့လို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်လို့ရတယ်နော်။Promotion ကာလကလည်း အခုထိ ရှိသေးတာမို့လို့ ဟော့ပေ့ါကိုမှ ဘတ်ဂျက်နဲ့ ကောင်းကောင်းစားချင်တယ်ဆိုရင် ဒီဆိုင်လေးမှာ သွားစားကြည့်ကြဖို့ admin က အကြံပေးချင်ပါတယ်။

ဆိုင်နာမည်- Piggy Buu Hotpot
ဆိုင်လိပ်စာ-ကြည့်မြင်တိုင်ညစျေး၊စျေးကြီးလမ်း၊စျေးရုံအပေါ်ထပ်(AYA Bank အရှေ့)။
ဆက်သွယ်ရန် ဖုန်းနံပါတ်-09-940491666
Piggy Buu Hot Pot · R45F+RJ9, Zay Gyee St, Yangon, Myanmar (Birma)
Restaurant

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ