"ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့အတွက် အ​လေ့အကျင့်​ကောင်းများ "

"ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့အတွက် အ​လေ့အကျင့်​ကောင်းများ "

လူ​တွေအများစုက အောင်မြင်ပြီး​တော့ ကျန်းမာ​ပျော်ရွှင်တဲ့ဘဝကိုလိုချင်ကြတာ​တော့ အမှန်တရားတစ်ခုပါပဲ။ဒါမယ့်​အောင်မြင်မှု​နောက်ကိုလိုက်ရင်းနဲ့ ကျန်းမာ​ရေးအတွက် ​မေ့​နေတတ်ကြပါတယ်။ဒီ​လိုမဖြစ်ရ​အောင်ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့အ​​လေ့အကျင့်​​ကောင်း​တွေ​မွေးမြူဖို့လိုအပ်ပါတယ်။ဒီ​နေ့မှာ​တော့ ကျန်းမာ​ရေးနဲ့ညီညွှတ်တဲ့ အ​လေ့အကျင့်​တွေကို​ပြောပြ​ပေးချင်ပါတယ်။​

လေ့ကျင့်ခန်းပုံမှန်ပြု​လုပ်​ပေးပါ။​လေ့ကျင့်ခန်းလုပ်တာက ကျန်းမာ​ရေးကို​ကောင်းမွန်​စေပါတယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်​ပေးခြင်း​က ကိုယ်အလေးချိန်ထိန်း​ပေးခြင်း၊အရိုးများကျန်းမာ​စေခြင်း၊ ကြွက်သားများနှင့်အဆစ်များကို ထိန်းသိမ်းပေးကာ သွေးတိုး၊ နှလုံးရောဂါနှင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင်အ​မေရိကန်နိုင်ငံမှာ တစ်နှစ်လျှင်သေဆုံးမှု ၂၆၀,၀၀၀ ခန့်ထဲမှာ အများစုက ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းကြောင့်ဖြစ်ပါတယ်။တစ်ပတ်မှာ 5-6 ရက်​လောက် မိနစ် 30 ခန့်​လေ့ကျင့်ခန်းပြုလုပ်​ပေးပါ။မိနစ် 30 လမ်းလျှောက်ခြင်းကဲ့သို့ ရိုးရှင်းသော​လေ့ကျင့်ခန်းကလည်း ကျန်းမာရေးအတွက် ​ကောင်းမွန်တာကိုအံ့ဖွယ်​တွေ့ရပါတယ်။ ​​လေ့ကျင့်ခန်းပုံမှန်လုပ်​ဆောင်တာက ရေရှည်ကျန်းမာဖို့အတွက်ပါကူညီ​ပေးနိုင်ပါတယ်။

မနက်စာပုံမှန်စားပါ။ဒါကအရမ်းအ​ရေးကြီးတဲ့အချက်ပါ။တစ်​နေ့တာကို အားအင်အပြည့်နဲ့ ​ရှေ့ဆက်နိုင်ဖို့က မနက်စာစားခြင်း၊မစားခြင်းအ​ပေါ် သက်​ရောက်မှုရှိပါတယ်။မနက်စာပုံမှန်စားတဲ့သူ​တွေမှာ ကိုလက်စထ​ရော ​လျော့နည်း​နေတာကိုတွေ့ရှိရပါတယ်။အမျှင်ဓါတ်နဲ့ပရိုတင်းကြွယ်ဝတဲ့အစားအစာ​တွေကိုစားသုံးခြင်းက အားအင်ပြည့်ဝ​စေပြီး လန်းဆန်းတက်ကြွ​စေပါတယ်။

တစ်​နေ့တာကိုကျန်းမာ​ရေးနဲ့ ညီညွှတ်တဲ့အစားအ​သောက်ကို​ရွေးချယ်စားပါ။သစ်သီး၊အခွံမာသီး​တွေစား​ပေးပြီး အချိုရည်နဲ့အခြားမုန့်ပဲသ​ရေစာ​တွေကို​ရှောင်ကြဥ်ပါ။နှလုံးကျန်းမာ​ရေးအတွက် တစ်ပတ်ကိုနှစ်ခါ​လောက် ငါး စား​ပေးသင့်ပါတယ်။ပရိုတင်းဓါတ်ပြည့်ဝတဲ့ငါး(Mackerel, Salmon, Albacore Tuna)​တွေမှာ နှလုံး​ရောဂါအန္တရာယ်ကို​လျှော့ချ​ပေးနိုင်တဲ့ Omega-3,Fatty Acids​တွေလည်းပါဝင်ပါတယ်။အသက်ကြီးလာတဲ့အခါမှာ ​ရောဂါကင်းနိုင်ဖို့အတွက် ဗီတာမင်၊ သတ္တုဓါတ်၊အမျှင်ဓါတ်ပြည့်ဝတဲ့ သစ်သီးဝလံ နဲ့အသီးအနှံ​တွေကို များများစား​ပေးပါ။​

ရေဓါတ်ပြည့်ဝ​နေပါ​စေ။ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်များ၊တစ်ရှူးများ နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီအတွက် ​ရေလိုအပ်တာ​ကြောင့် သင့်တင့်တဲ့​ရေပမာဏ ပြည့်ဝ​နေဖို့လိုအပ်ပါတယ်။​နေ့စဥ် ​ရေ၈ခွက်​လောက်က​တော့ မဖြစ်မ​​နေ​သောက်​ပေးသင့်ပါတယ်။

အိပ်​ရေးဝ​​​အောင်အိပ်ပါ။အိပ်စက်ခြင်းက ကျန်းမာ​ရေးအတွက် အ​ရေးကြီးတဲ့အရာတစ်ခုပါပဲ။အိပ်​ရေးပျက်တာ​တွေများလာတဲ့အခါငိုက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊အာရုံစူးစိုက်မှုကင်းမဲ့ခြင်း၊​မေ့​မေ့​လျော့​လျော့ဖြစ်လာခြင်းတို့ဖြစ်နိုင်တာကို အားလုံးလည်းသိထားမှာပါ။​နောက်ဆက်တွဲဆိုးကျိုးအ​နေနဲ့က​တော့ ဦး​နှောက်ကိုသက်​ရောက်မှုရှိလာနိုင်ပြီး အယ်ဇိုင်းမားကဲ့သို့​သော​ရောဂါ​တွေဖြစ်နိုင်လို့ ဂရုစိုက်ဖို့လိုပါတယ်။

#akhyarlifestyle #Healthylife #healthtips

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ