ကျောက်ပန်းတောင်းက မုန့်ပျားသလက်ကို ရန်ကုန်မှာစားကြမယ်

ကျောက်ပန်းတောင်းက မုန့်ပျားသလက်ကို ရန်ကုန်မှာစားကြမယ်

“ကျောက်ပန်းတောင်းထိသွားစရာမလိုပဲ ရန်ကုန်မှာကျောက်ပန်းတောင်း မုန့်ပျားသလက်ကောင်းကောင်းစားလို့ရနေပါပြီ!”
မုန့်ပျားသလက်စားချင်နေတာအတော်ကြာပြီ၊
ဆိုင်ရှားတာရယ် ဆိုင်ကောင်းကောင်းမတွေ့သေးတာရယ်နဲ့မစားဖြစ်ဘူး၊ ဒီဆိုင်လေးကိုတော့တစ်နေ့ကpostတွေ့လိုက်တာကြောင့်ရယ်မင်မင်နဲ့လည်းနီးနေတာနဲ့ရယ် ဒီနေ့သွားစားဖြစ်ခဲ့တယ်။


ဆိုင်နာမည်လေးက” ဂျမ်းစိန်”တဲ့…မင်မင်ဒီနေ့စားကြည့်ခဲ့တာ၃မျိုးပါ။


မုန့်ပျားသလက်(ရှယ်) -၁၅၀၀
အသီးအရွက် အာလူး(ချဉ်စပ်) -၆၀၀
ငုံးဥ အကြေကြော်(ချဉ်စပ်) -၈၀၀
မင်မင်စားတဲ့၁၅၀၀တန်လေးကသူ့ဆီမှာစျေးအများဆုံးပဲ။
မုန့်ပျားသလက်(ရှယ်)
ငုံးဥ ၇လုံး၊အာလူးကြော်နဲ့အသီးအရွက်ပါတယ်။
အသီးအရွက်က ဆူးပုတ်ရွက် ခရမ်းချဉ်သီးနဲ့ မုန်လာဥနီလေးရယ်ပါ။


သူကဆိုဒ်ပိုကြီးတယ် မုန့်သားက မပျော့မမာအိအိလေးနဲ့အနားကြွပ်ကြွပ်လေး၊ ငုံးဥလေးနဲ့တွဲထားတော့မုန့်သားကပိုအိတယ်လို့ခံစားရမိတယ်။


အသီးအရွက် အာလူး(ချဉ်စပ်)
အာလူးကြော်နဲ့အသီးအရွက်အပြင် ချဉ်စပ်ဆိုတော့ငရုတ်သီးစိမ်းလေးရယ်နဲ့ပေါ့ ၊
လိုက်ဖက်တဲ့ခရမ်းချဉ်သီးနဲ့ငရုတ်သီးစိမ်းအပြင်ဆူးပုတ်ရွက်နံ့လေးနဲ့
အာလူးကြော်ကလည်းအပူပေးထားတော့ကြွပ်ကြွပ်ကြီးမဟုတ်တော့ပဲအားလုံတွဲဖက်ပြီးပြီးအရသာရှိတယ်။


ငုံးဥ အကြေကြော်(ချဉ်စပ်)
ငုံးဥ ၂လုံးနဲ့ အသီးအရွက်နဲ့အာလူးကြော်လေးကိုခြေပြီးကြော်ထားတာ ငရုတ်သီးစိမ်းရယ်နဲ့
တကယ်တော့မင်မင်မသိဘူးအကြေကြော်ဆိုတာ
တစ်ခြား တစ်မျိုးထင်လို့တာ သူကအသီးအရွက်အာလူးနဲ့သိပ်မကွာဘူး။ ငုံးဥ ၂လုံးပဲကွာတာ။
မန်ကျည်း ငရုတ်သီးစိမ်းချဉ်စပ်စပ်လေးကိုဂေါ်ဖီနဲ့
နံ့နံ့ပင်လေးထည့်ထားပေးတယ်။ ဒီတိုင်းစားတာ
ထက်အချဉ်လေးနဲ့ကပိုအရသာရှိတယ်။

မင်မင်စားလိုက်တာတော့အချဉ်၂ခွက်ကုန်တယ်
ဆိုင်က ၂နာရီဆိုဖွင့်ပါပြီ။ လူကျရင်တော့စောင့်ရတယ်နော်။
မြို့နယ်အလိုက်လဲ delivery ရှိပါတယ်တဲ့။

Address : ဓမ္မစိန္တာလမ်း အောက်ဘက်(အာသောကစျေးအဝင်)၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
Phone : 09455907132 /09449291622

Read more

FA ဖလားဆီမီးဖိုင်နယ်ကို လွဲချော်ခဲ့တဲ့ ရပ်ရှ်ဖိုဒ့်ရာသီကုန်အထိ အနားယူရဖွယ်ရှိတယ်လို့ အူနိုင်းအမ်မရီ ဖွင့်ဟ

FA ဖလားဆီမီးဖိုင်နယ်ကို လွဲချော်ခဲ့တဲ့ ရပ်ရှ်ဖိုဒ့်ရာသီကုန်အထိ အနားယူရဖွယ်ရှိတယ်လို့ အူနိုင်းအမ်မရီ ဖွင့်ဟ

ခရစ္စတယ်ပဲလေ့စ်အသင်းက အက်စတွန်ဗီလာအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးရပ်

တန်းတက်လာတဲ့(၃)သင်းစလုံး တန်းပြန်ဆင်းပြီး တန်းဆင်းအသင်းတွေ အစောဆုံးအဖြေထွက်တဲ့ရာသီ

တန်းတက်လာတဲ့(၃)သင်းစလုံး တန်းပြန်ဆင်းပြီး တန်းဆင်းအသင်းတွေ အစောဆုံးအဖြေထွက်တဲ့ရာသီ

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄) နယူးကာဆယ်(၃-၀)အစ်ဝစ်ချ်ပွဲ အပြီးမှာ အဆင့်(၁၈)က အစ်ဝစ်ချ်အသင်းက တန်းဆင်းလက်မှတ်ရသွားခဲ့လို့ ဒီရာသီမှာ တန်းဆင်းမယ့် အသင်း(၃)သင်းစလုံးစုံသွားခဲ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဒိုင်လူကြီးကို ရေခဲနဲ့ပစ်ပေါက်တဲ့ ရူဒီဂါ ကြီးမားတဲ့ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဒိုင်လူကြီးကို ရေခဲနဲ့ပစ်ပေါက်တဲ့ ရူဒီဂါ ကြီးမားတဲ့ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိ

မနေ့က စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ဘာစီလိုနာ(၃-၂)ရီးရဲလ်မက်ဒရစ်ပွဲမှာ ကွင်းလယ်ဒိုင်လူကြီး ရီကာဒိုဒီဘာဂို့စ်ကို ရေခဲနဲ့ပစ်ပေါက်ခဲ့တဲ့ ရီးရဲလ်မက်

မေလ 13 ရက်မှာ မိတ်ဆက်တော့မယ့် Samsung ရဲ့ အပါးဆုံးဖုန်း

မေလ 13 ရက်မှာ မိတ်ဆက်တော့မယ့် Samsung ရဲ့ အပါးဆုံးဖုန်း

တရုတ်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံမှာပဲ မိတ်ဆက်သွားမှာဖြစ်ပြီး မေလ 23 မှာတော့ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။ နိုင်ငံတကာကိုတော့ မေလ 30 မှာ မိတ်ဆက်သွားနိ