ကျေးဇူးမတင်ပါနဲ့ ပိုက်ဆံပိုကုန်လို့ပါ

ကျေးဇူးတင်ပါတယ်လို့ စားပြီးပြီလားလို့ နေကောင်းလားလို့ မေးတာ crush လည်း မကြိုက်သလို ChatGPT လည်း မကြိုက်ပါဘူး။  Crush ကတော့ ဘာလို့မကြိုက်လဲ မပြောတတ်ပေမဲ့ ChatGPT ကတော့ ပိုက်ဆံပိုကုန်လို့ပါ။ 

ChatGPT ကို “Please” နဲ့ “Thank You” လိုမျိုး ရိုးရှင်းတဲ့ စကားလုံးတွေပြောရင်တောင် ကုန်ကျစရိတ်ဘယ်လောက်ရှိနိုင်လဲဆိုပြီး X မှာ Tomie ဆိုတဲ့ user တစ်ယောက်က ပိုစ့်တင်ခဲ့တာပါ။ ဒီပိုစ့်ကို Sam Altman ကိုယ်တိုင် ပြန် reply ပြန်ခဲ့တာပါ။ ChatGPT ကို မေးခွန်းတွေမေးတာထက် “Please” နဲ့ “Thank You” လို့ ပြောတဲ့အခါတွေမှာ ကုမ္ပဏီက ဒေါ်လာသန်းနဲ့ချီ ပိုပြီးကုန်ကျတယ်လို့ ပြောလာတာပါ။ 

ကျွန်တော်တို့ Page မှာ အစ်ကိုတစ်ယောက် cmt လာရေးသလိုပဲ AI model တွေဟာ user တွေရဲ့ မေးမြန်းမှုကို ထိရောက်စွာ အလုပ်လုပ်ဖို့အတွက် GPU နဲ့ပတ်သက်ပြီး တွက်ချက်မှုများစွာ လုပ်ရပါတယ်။ အဲ့အတွက် လျှပ်စစ်ဓါတ်အားများစွာ support လုပ်ပေးရပါတယ်။ 

AI ကရေးပေးတဲ့ စာတိုတစ်ပုဒ် (ဥပမာ - အတိုချုပ်မေးလ်တစ်စောင် သို့မဟုတ် စာပိုဒ်တိုတစ်ခု) ထုတ်လုပ်ဖို့အတွက် (0.14 kWh) လောက်ထိ စွမ်းအင်သုံးစွဲနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒါဟာ LED မီးလုံး ၁၄ လုံးကို တစ်နာရီလောက် ထွန်းညှိထားတာနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ 

များသောအားဖြင့်က AI စသုံးပြီဆိုတာနဲ့ Hi နဲ့ အစချီကြတာပါပဲ။ ( ကျွန်တော်လည်း အပါအဝင်) ဆိုတော့ အခု အရမ်း Polite မဖြစ်တော့ပဲ သုံးပါ။ ကျေးဇူးတင်စရာမလိုပဲ သုံးပါ။ ပေါက်ကရမေးခွန်းတွေထက် အကျိုးရှိတာတွေအတွက်ပဲ သုံးပါ။