Jetour ရဲ့ X series SUV အသစ်ဖြစ်တဲ့ X90 Plus

Jetour ရဲ့ X series SUV အသစ်ဖြစ်တဲ့ X90 Plus

Jetour X90 Plus ကို Gold AYA Motors မှ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ၂၇ ရက်နေ့ က Sedona Hotel မှာ မိတ်ဆက်ခဲ့တယ်။

မိတ်ဆက်ခဲ့တဲ့ Jetour X90 Plus ဟာဆိုလို့ရှိရင်တသွင်သွင် စီးဆင်းနေသည့် ရေတံခွန်အလား အရှေ့ Grill Pattern နှင့် ခန့်ညားထည်ဝါသည့် အသွင်အပြင်ဖြင့် Jetour X90 Plus သည် Jetour မှ X Series SUV များထဲတွင် အရွယ်အစား အကြီးဆုံးဖြစ်ပြီး ခုံ ၃ တန်း ပါဝင်ကာ ၇ ယောက်စီး ကားအမျိုးအစားဖြစ်သည်။

2.0 လီတာ Turbo Charge အင်ဂျင်နှင့်အတူ 7 Speed DCT transmission ကို တွဲဖက်ပေးထားသောကြောင့် အမြင့်ဆုံး မြင်းကောင်ရေ (Ps) 254 နှင့် အမြင့်ဆုံး Torque (N.m) 390 အထိပါဝင်သည်။ 255/45 R20 (Aluminium Alloy Rims) Wheel Type ဖြစ်ပြီး ဆီစားနှုန်းမှာ 8.1L/100 km ရှိသည်။ မိသားစုများ မြို့ပြင်/ မြို့တွင်း အသုံးပြုမှု အထူးအဆင်ပြေသည်။

Jetour X90 Plus ကို အဖြူရောင်၊ အနက်ရောင်နှင့် ခဲရောင် သုံးမျိုးရွေးချယ်နိုင်သည်။

GOLD AYA Motors ၏ Corporate Manager ကိုနောင်နောင်ထွန်း က “ အရည်အသွေး ကောင်းမွန်ပြီး မိသားစုများအတွက် ဖန်တီးထုတ်လုပ်ထားတဲ့ Premium SUV တစ်စီးဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဒါ့အပြင် ရန်ကုန်နှင့် မန္တလေးမြို့များတွင် အရောင်းပြခန်းများထားရှိကာ အရည်အသွေးမြင့် Jetour ကားများကို ရောင်းချလျက်ရှိသည်။

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ