လမကုန်ခင် ပြတ်တုန်းလပ်တုန်းမှာ budget မာလာရှမ်းကောလေး လုပ်စားကြမယ်

လမကုန်ခင် ပြတ်တုန်းလပ်တုန်းမှာ budget မာလာရှမ်းကောလေး လုပ်စားကြမယ်

မာလာရှမ်းကောဆို နေ့တိုင်းစားရလည်း ရတယ်ဆိုတဲ့ သူတွေရှိကြလား..?

Adminဆိုလည်း အရမ်းကြိုက်တာကြောင့် ၁ပတ်ကို ၃,၄ ခါကတော့ စားဖြစ်နေတာ။ဒါပေမယ့် အမြဲ ဝယ်စားဖို့ဆိုတာကလည်း ကြာရင် budget နဲ့ မကိုက်တာကြောင့် အဆင်မပြေဘူးပေါ့နော်။

ခုလို လကုန်ဖို့ကလည်း နည်းနည်းလိုသေးသလို ပြတ်တုန်းလပ်တုန်း အချိန်လေးဆိုတော့ adminကတော့ အိမ်မှာပဲ လုပ်စားဖြစ်တာများပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ အိမ်မှာ လွယ်လွယ်ကူကူနဲ့ အရသာရှိတဲ့ မာလာရှမ်းကောလေးကို ဘယ်လိုလုပ်ရမလဲ ဆိုတာကိုadminက ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ဒီနည်းလမ်းလေးက လိုက်လုပ်ရ လွယ်ကူတဲ့ အပြင် အောက်မှာပုံတစ်ပုံချင်းစီနဲ့ ပြောပြပေးထားတာမို့လို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်လက် ဖတ်ပေးကြပါဦးနော်။

လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ-မာလာအနှစ်ထုပ်-ကြက်သွန်ဖြူ-ခေါက်ဆွဲခြောက်-ကြိုက်နှစ်သက်ရာအသား (adminတို့ကတော့ ဝက်သားကို အသုံးပြုထားပါတယ်)-ကြက်ဥချောင်း,ဂဏန်းချောင်း,ဝက်မှိုလုံး,အသားလုံး,ငါးအိုးစည်ကိုလည်း ကိုယ်ကြိုက်ရင်ကြိုက်သလို ထည့်လို့ရပါတယ်-အရွက်စုံ-နံနံပင် (မကြိုက်တဲ့သူဆိုရင်တော့ မထည့်လည်းရပါတယ်)
အရင်ဆုံး အရွက်တွေကို သေချာ ဆားနဲ့ ဆေးပြီး စစ်ထားပါ။
-ပထမဦးဆုံးအနေနဲ့ ဝက်သားကို နည်းနည်းလေးကျက်အောင် အရင်ကြော်လိုက်ပါမယ်။-ဝက်သားလေးက ပိုအရသာရှိနေအောင် မကြော်ခင် ဆားဆနွင်းနယ်ပြီး နပ်ထားပေးနော်။
-ပြီးရင်တော့ ကိုယ်ထည့်ချင်တဲ့ အရွက်တွေနဲ့ ခေါက်ဆွဲလေးကို ရေနွေးလေးနဲ့ ခဏ ပြုတ်ပြီး ပြန်စစ်ထားပါမယ်-အသားလုံးတွေ အသားချောင်းတွေကိုလည်း အပေါ်က အတိုင်းပဲ လုပ်ထားပါမယ်(ဒီနေရာမှာ ကြော်ချင်လည်း ရပါတယ်)
ဒါကတော့ adminတို့သုံးတဲ့ မာလာရှမ်းကော အနှစ်ထုပ်လေးပါ။ ကိုယ်ကြိုက်တဲ့ တံဆိပ်ကို အသုံးပြုနိင်ပါတယ်။
-ပြီးရင်တော့ မာလာရှမ်းကောစချက်ပါမယ်-မာလာရှမ်းကော အနှစ်ကြီးကို ဒီတိုင်းကြီးထည့်တာထပ် ကြက်သွန်ဖြူလေးကို အရင်ဆုံး ဆီသပ်ထားလိုက်ပါ-ပြီးမှ ကိုယ်သုံးချင်တဲ့ မာလာအနှစ်ထုပ်ကို ဖောက်ထည့်လိုက်ပါ ဒါမှ မာလာရှမ်းကောလေးက မွှေးမွှေးလေးနဲ့ ပိိုစားကောင်းမှာပဲ ဖြစ်ပါတယ်။
မာလာရှမ်းကောအနှစ်လေးလည်း ရပြီဆိုတော့ ခုနက ပြင်ဆင်ထားတဲ့ အရွက်တွေ အသားတွေကို ထည့်ပြီး သေချာလေး ပြန်ကြော်ပေးပါအရွက်တွေနဲ့ အသားတွေက ကျက်ပြီးသားမို့လို့ မီးကို အရမ်း မပြင်းဖို့နဲ့ အားနဲ့ မွှေတာမျိုးတွေ မလုပ်ပါနဲ့နော်-ခေါက်ဆွဲကိုလည်း နောက်ဆုံးမှ ထည့်ပေးပါ-ဒါမှသာ မာလာရှမ်းကောလေးက အရမ်းကြီး ပြဲမနေဘဲနဲ့ ဆိုင်မှာ စားသလိုမျိုး အရသာထွက်မှာပဲ ဖြစ်ပါတယ်-အပေါ့အငန်ကိုလည်း ကိုယ်စားသလို ပြန်ချိန်လို့ ရပါတယ်နော်
ကဲ ခုဆိုရင်တော့ အရသာရှိတဲ့ မာလာရှမ်းကောလေးကို သုံးဆောင်နိုင်ပါပြီ။​နည်းလမ်းလေးက လိုက်လုပ်ရလည်း လွယ်ကူတာမို့လို့ အိမ်မှာ လုပ်စားကြည့်ကြနော်။

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ