iOS အတွက် Grok App ထွက်ပြီ..

Musk ရဲ့ xAI ကနေ ထုတ်ထားတဲ့ AI Chatbot ဖြစ်တဲ့ Grok ကိုတော့ iOS တွေမှာ App တစ်ခုအနေနဲ့ install လုပ်ပြီး သုံးလို့ရပါပြီ။ 

ChatGPT တို့လို App အနေနဲ့ သုံးရမှာပါ။ ဒါပေမဲ့ iOS တစ်ခုထဲပဲ ရဦးမယ့်အပြင် လက်ရှိမှာလည်း US မှာပဲ အရင်သုံးနိုင်ဦးမယ်လို့ ဆိုထားပါတယ်။ US မှာရှိတဲ့ iOS သမားတွေအနေနဲ့ App Store ထဲမှာ ရှာကြည့်ပါ။  iOS user တွေဟာ Apple account ဒါမှမဟုတ် X account ကနေ Sing in ဝင်နိုင်တယ်လို့ ဆိုပါတယ်။ ထုံးစံအတိုင်း Premium နဲ့ ရိုးရိုး ဆိုပြီး version ၂ မျိုးရှိပါမယ်။ သုံးရမယ့်ပုံစံကတော့ X မှာ သုံးသလို တူတူပါပဲ။ 

2023 မှာ xAI ကနေ Grok ဆိုတဲ့ AI Chatbot ကို မိတ်ဆက်ခဲ့ပြီးတော့ Premium version သာ သုံးနိုင်ခဲ့တာပါ။ အဲ့ဒီနောက်မှာပဲ 2024 နိုဝင်ဘာလလောက်မှာတော့  X (Twitter) မှာ normal user တွေကိုပါ အခမဲ့သုံးနိုင်အောင် ခွင့်ပြုပြီးနောက် အခုလို App ထွက်လာတာက ဒုတိယခြေလှမ်းပါ။ Android တွေအတွက်ရယ် နိုင်ငံတကာကို ဖြန့်ချိဖို့ရယ်ကို စောင့်ကြတာပေါ့။ အရမ်းလည်း မကြာလောက်ဘူးလို့ ထင်ပါတယ်။