Green Juice ပုံမှန်သောက်ခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
Green Juice က ကျန်းမာပြီး ရေဓာတ်ပြည့်ဝနေတဲ့ အသားအရေပိုင်ဆိုင်ဖို့အတွက် အကောင်းဆုံး ဖျော်ရည်ပါပဲ။အသားအရေကို ကြည်လင်တောက်ပစေပြီး ဝက်ခြံများကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဖျော်ရည် ပြင်ဆင်ခြင်းနှင့် ဖျော်ရည်ပြုလုပ်တာကလည်း မိနစ်အနည်းငယ်ပဲ ကြာပါတယ်။ဒါ့အပြင်မနက်ပိုင်းသောက်မယ်ဆိုရင်လည်း လန်းလန်းဆန်းဆန်းဖစ်နေဖို့အတွက်လည်း အထောက်အကူပေးနိုင်သေးတာနော်..
ပါဝင်ပစ္စည်းတွေအနေနဲ့ ~
●အစိမ်းရောင်ဖျော်ရည်သခွားသီး -သခွားသီးတွင်မယုံနိုင်လောက်အောင်လည်းရေဓာတ်ပြည့်ဝပါတယ်။သခွားသီးမှာပါဝင်တဲ့ ဗီတာမင် K နဲ့ Beta Carotene ကလည်း ခန္ဓာကိုယ်ထဲမှာရှိတဲ့ Free Radicals တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။
●Celery - ဆလရီမှာ Beta Carotene၊ Flavonoids၊ vitamin C နဲ့ antioxidant အာဟာရတွေ ပါဝင်ပြီး ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ Phytonutrients အရင်းအမြစ်တစ်ခုလဲ ဖြစ်ပါတယ်။
●Kale - ကိုက်လန်တွင် ကလိုရိုဖီးလ်ကြွယ်ဝပြီး အရေပြားအတွင်း ရောင်ရမ်းမှုနှင့် ဘက်တီးရီးယားများ ကြီးထွားမှုကို လျှော့ချပေးနိုင်ပါတယ်။ကိုက်လန်မှာ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင် B complexနဲ့ ဗီတာမင် C တို့လည်းပါဝင်ပါတယ်။
●သံပုရာသီးက အမျှင်ဓာတ်နှင့် ဗီတာမင် C အရင်းအမြစ်ဖြစ်ပြီး ကိုယ်ခံအားနှင့် အရေပြားကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။
●Granny Smith Apple - Granny Smith ပန်းသီးတွေကလည်း အူလမ်းကြောင်းအတွင်း ကောင်းမွန်တဲ့ ဘက်တီးရီးယားများ ကြီးထွားဖို့နဲ့ အစာချေဖျက်မှုကို အားပေးတဲ့ ပက်တင် (pectin) ကြွယ်ဝစွာပါဝင်ပါတယ်။
●ဂျင်းသည် ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားများကို တိုက်ထုတ်ပေးနိုင်ပါတယ်။
ဖျော်စပ်နည်းအသီးအနှံများကို မဖျော်မီ သေချာဆေးကြောပြီးဖျော်ရည်စက်ထဲထည့်ပါ။ကိုက်လန် ကိုအရင်ကြိတ်ချေပြီး ဂျင်း၊ တရုတ်နံနံ၊ သံပုရာသီးနှင့် သခွားသီးတို့ကို ထည့်ပါ။ အရင်ဆုံးထည့်ထားတဲ့ ပါဝင်ပစ္စည်း၊အကြွင်းအကျန်တွေကိုဖယ်ထုတ်ပြီးနောက် ပန်းသီးကို နောက်ဆုံးမှထည့်ပါမယ်။ပန်းသီးထည့်ပြီးရင်တော့ ရလာတဲ့ဖျော်ရည်ကို လေလုံတဲ့ဖန်ပုလင်းထဲကို ပြောင်းထည့်ထားပြီး ရေခဲသေတ္တာထဲထည့်ကာအအေးခံပါ၊အအေးတော့မခဲထားပါနဲ့။
နေ့တိုင်း ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ကြည်လင်တောက်ပတဲ့အသားအရေကိုပိုင်ဆိုင်ပြီး ယုံကြည်မှုအပြည့်နှင့် ပျော်ရွှင်နိုင်မှာပါ။ဟော်မုန်းဝက်ခြံများအတွက် ရုန်းကန်နေရသူတစ်ဦးဆိုရင် ကြည်လင်သောအသားအရေကို ထိန်းသိမ်းဖို့ အတွက် အကောင်းဆုံးနည်းလမ်းကတော့ အသားအရေအတွက် အာဟာရရှိတဲ့ ဖျော်ရည်ကိုသောက်ပြီး တစ်ရက်ကို အနည်းဆုံး 7-8 နာရီအိပ်စက်ကာ ကောင်းတဲ့ Skin Care Routine ကို လည်း လုပ်ပေးပါ။ကြည်လင်သောအသားအရေကိုပိုင်ဆိုင်ဖို့အတွက် Green Juice ကိုသောက်ဖို့ အစပိုင်းမှာတော့ ခက်ခဲနိုင်ပေမယ့် အလေ့အကျင့်လုပ်ကြည့်နော်..