ကျားဖြန့်တွေကို နှိမ်နင်းပေးမယ့် Ai အဖွားအို

ကျားဖြန့်တွေကို နှိမ်နင်းပေးမယ့် Ai အဖွားအို

ဒီဖက်ခေတ်မှာ အင်တာနက်ကနေတဆင့် လိမ်လည်တာတွေ၊ ဖုန်းကနေတဆင့် လိမ်လည်တာတွေများပြားနေတဲ့အချိန်မှာ ဒီ  scammer တစ်ဦးချင်း တစ်ယောက်ချင်းစီကို လိုက်လံနှိမ်နှင်းဖို့က အခက်အခဲဖြစ်လာပါတယ်။ နိုင်ငံတိုင်းအလိုလို ဒီပြဿနာကို ရင်ဆိုင်နေရတာဖြစ်ပြီး ငွေလိမ်ဂိုဏ်းတွေအဖြစ်နဲ့ အစုလိုက်အဖွဲ့လိုက် ရပ်တည်နေကြတာဖြစ်ပါတယ်။ တစ်နေ့တခြား ငွေလိမ်ဂိုဏ်းတွေရဲ့ အန္တရာယ်က ကြီးမားလာပြီး အသက်အရွယ်ကြီးသူတွေကို အများအားဖြင့် ပစ်မှတ်ထား လိမ်လည်နေကြတာဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံမှာရှိတဲ့ O2 ဆိုတဲ့ ဖုန်းအော်ပရေတာ ကုမ္ပဏီကြီးတစ်ခုကနေ ဖုန်းကနေတစ်ဆင့် လိမ်လည်မှုများကို တားဆီးဖို့အတွက် ဒီလမှာ Ai အသစ်တစ်ခုကို မိတ်ဆက်ခဲ့တာဘဲဖြစ်ပါတယ်။ သူမရဲ့ နာမည်ကိုတော့ ဒေစီ ဟာရစ် (Daisy Harris) လို့ခေါ်ပါတယ်။ အသက်အရွယ်ကြီးရင့်နေပြီး စကားပြောဖော်လိုအပ်နေသူဖြစ်ပါတယ်။  ဒေစီ ဟာရစ် ဟာ ငှက်တွေကို အလွန်သဘောကျနှစ်သက်သူ ဖြစ်ပြီး သူမရဲ့ ပြတင်းပေါက်အပြင်မှာ ငှက်တစ်ကောင်ရှိပါတယ်။ သူမရဲ့ ကြောင်လေးကို Fluffy လို့ခေါ်ပြီး ချည်ထိုးရတာကို ကြိုက်နှစ်သက်သလို သူမရဲ့ အလုပ်လုပ်ပုံကို ပြောပြရတာကိုလည်း အကြိုက်ဆုံးဖြစ်ပါတယ်။ လက်ဖက်ရည်နဲ့ ဘီစကစ်မုန့်ကို အားလပ်ချိန်မှာ စားရတာကိုလည်း သဘောကျပါတယ်။ သူမဟာ အင်တာနက် အသုံးပြုဖို့အတွက်ကိုတော့ အခက်အခဲရှိပုံရပါတယ်။ Tech Support တွေကနေ သေသေချာချာ ရှင်းပြရင်တော့ နားလည်နိုင်မယ်လို့ထင်ရပါတယ်။

ADS -SAMPLE

သူမဟာ သေချာပေါက် scammer တွေ သဘောကျနှစ်သက်တဲ့ စရိုက်လက္ခဏာ ရှိသူဖြစ်ပါတယ်။ သူမဟာ Scammer တွေကို တားဆီးနှိမ်နှင်းဖို့အတွက်တော့ မတတ်နိုင်ပေမယ့် scammer တွေကို အလုပ်ရှုပ်ကုန်အောင်နဲ့ သူတို့ရဲ့အချိန်တွေကို အလဟသ ဖြစ်အောင်တော့ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ အကယ်၍ လိမ်လည်သူတစ်ဦးက သူမရဲ့ ဖုန်းနံပါတ်ကို ဖုန်းခေါ်လာခဲ့ရင် ဒေစီ ဟာ သူတို့ရဲ့အချိန်တွေကို အကန့်အသတ်မရှိ ဖုန်းထိုင်ပြောပေးခြင်းဖြင့် ကုန်ဆုံးစေမှာဖြစ်ပါတယ်။ လိမ်လည်မှုလုပ်သူတွေကို ဖုန်းဖြေဆိုနေစဉ်အတွင်းမှာပဲ သူတို့ရဲ့ ဖုန်းနံပါတ်နဲ့ အချက်အလက်တွေကို အစိုးရကို သတင်းပေးပို့မှာလည်း ဖြစ်ပါတယ်။

လူသားတွေအနေနဲ့လည်း ဒီလို scammers တွေကို တစ်ဦးချင်းတစ်ယောက်ချင်းစီအနေနဲ့ လိမ်လည်သူတွေကို ဖော်ထုတ်ပြီး သူတို့ရဲ့စကားတတ်စွမ်းမှုတွေနဲ့ လိမ်လည်သူတွေရဲ့ အချိန်ကို ရိုက်စားလုပ်တာမျိုးတွေ၊ social media အပေါ်မှာ ပြန်လည်ဖော်ပြတာမျိုးတွေ ပြုလုပ်ကြတာရှိကြပါတယ်။ ဒါပေမဲ့ ထောင်နဲ့ချီတဲ့ လိမ်လည်သူတွေကို စကားထိုင်ပြောပေးဖို့တော့ မတတ်နိုင်ပါဘူး။ ၂၄ နာရီ လိမ်လည်သူတွေကို တစ်ဦးချင်းစီ ဖော်ထုတ်ဖို့လည်း မဖြစ်နိုင်ပေမဲ့ Ai ကတော့ အဲ့ဒီကန့်သတ်ချက်တွေ အားလုံးကို ကျော်ဖြတ်နိုင်မှာပါ။ အင်္ဂလန်နိုင်ငံမှာရှိတဲ့ သုတေသန တစ်ခုအရ အသက် ၇၅ နှစ်အထက်ရှိသူအားလုံးရဲ့ ၄၀ ရာခိုင်နှုန်း ဟာ လစဥ် သို့မဟုတ် နေ့စဥ် ဖုန်းလိမ်လည်မှုတွေမှာ ပစ်မှတ်ထားခံနေရတယ်လို့လည်း သိရပါတယ်။

ဒေစီမှာ မှုခင်းနှိမ်နှင်းရေး လက်မှတ်မရှိပါဘူး၊ ရဲတပ်ဖွဲ့ဝင်လည်းမဟုတ်ပါဘူး၊ လိမ်လည်မှုအားလုံးကို ရပ်တန့်စေနိုင်တဲ့အစွမ်းလည်းမရှိပါဘူး။ ဒါပေမဲ့ လိမ်လည်သူတစ်ဦးဦးက သူမထံဖုန်းခေါ်ဆိုလာခဲ့ရင်တော့ ဒေစီဟာ သူတို့ရဲ့အချိန်ကို အကန့်အသတ်မရှိ အလဟသ ကုန်ဆုံးစေဖို့တော့ စွမ်းဆောင်နိုင်ပါတယ်။

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ