Google Chrome ကို ဝယ်ချင်နေပြန်တဲ့ OpenAI

Google Chrome ကို ဝယ်ချင်နေပြန်တဲ့ OpenAI

လက်ရှိ Google က Chrome နဲ့ပတ်သက်ပြီး စွပ်စွဲမှုတစ်ချို့ရှိနေပြီး တရားရင်ဆိုင်နေရပါတယ်။ Chrome ကို ရောင်းခိုင်းတဲ့အထိပါဖြစ်နေတာပါ။ ဒီအချိန်မှာ OpenAI ကနေ ဝယ်ဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်လာတာပါ။ 

ပြီးခဲ့တဲ့လတုန်းက US တရားရေးဌာနကနေ Chrome Browser ဟာ အွန်လိုင်းရှာဖွေရေးနယ်ပယ်မှာ လက်ဝါးကြီးအုပ် အာဏာအလွဲသုံးစားလုပ်နေတယ် (Monopoly လို့လည်း ဆို) ဆိုပြီး စွပ်စွဲထားတာပါ။ ဒါတင်မကသေးပဲ Chrome ကို Google ရဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုအဖြစ် ခွဲထုတ်ပြီး ရောင်းချဖို့ တောင်းဆိုခဲ့ပါတယ်။ 

OpenAI အနေနဲ့ 2023 လောက်တုန်းက Chrome ထဲမှာ ChatGPT ရှာဖွေမှုတွေ ထည့်သွင်းဖော်ပြဖို့ Google နဲ့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ဖူးတယ်လို့ သတင်းတွေထွက်ခဲ့သေးပါတယ်။ Google ဘက်က ညှိနှိုင်းမှုတွေ မလုပ်ဖူးကြောင်း ငြင်းဆန်ခဲ့ပေမဲ့ OpenAI ကတော့ မဝယ်ချင်တောင် ပူးပေါင်းမှုအချို့ လုပ်ချင်ခဲ့တဲ့ပုံပါပဲ။ 

လက်ရှိ Google စွပ်စွဲခံနေရတဲ့ အမှုကို Meta, Amazon, Apple တို့လို Big Tech ကုမ္ပဏီအများစုကလည်း စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။ Similarweb ဆိုတဲ့ Data ကုမ္ပဏီရဲ့အဆိုအရ အွန်လိုင်းအသုံးပြုသူ 64% ဟာ Chrome ကို အသုံးပြုကြပြီး သူ့နောက်မှာတော့ Apple ရဲ့ Safari ကို သုံးကြတယ်လို့ ဖော်ပြထားပါတယ်။ 

Read more

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

ဒီရာသီလီဗာပူးလ်အသင်းမှာ ပွဲကစားချိန်မိနစ်တွေအကန့်အသတ်နဲ့သာ ရရှိနေတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အသင်းကိုဝေဖန်ထိုးနှက်ဖို့ ရည်ရွယ်ပြီး ရေးသားခဲ

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

PSG အသင်းဟာ နိုက်စ်အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ပြီး ဒီရာသီပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က လာမယ့် အာဆင်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (FA ဖလားဆီမီးဖိုင်နယ်) (26 April 2025/ 10:45 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဗီလာက ရမှတ်(၅၇)မှတ်နဲ့ အဆင့်(၇)မှာ ရှိနေပြီး ခရစ္စတယ်

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ချယ်လ်ဆီးအသင်းရဲ့ အီတလီလူမျိုးနည်းပြမာရက်စ်ကာက ချယ်လ်ဆီးအသင်းအတွက် အင်္ဂလန်ကြယ်ပွင့်ကိုးလ်ပါမား (၁၆)ပွဲဆက်တိုက်ဂိုးမသွင်းယူနိုင်တာက သူ့ရဲ့အမှားကြ