အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်
Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသော ဇီဝမျက်လုံး Gennaris Bionic Vision System ကို မိတ်ဆက်ပေးခဲ့ပါတယ်။
ဆယ်နှစ်ကျော်ကြာ တီထွင်ခဲ့တဲ့ ဒီဆန်းသစ်တဲ့စနစ်ဟာဆိုရင် ပျက်စီးနေတဲ့ မျက်စိအာရုံကြောများကို သာမန်အတိုင်း လုပ်ဆောင်နိုင်ပြီး Camera မှတစ်ဆင့် ဦးနှောက်ကို အချက်အလက်များပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပစ္စည်းပုံစံဟာဆိုရင် မျက်မှန်နှင့်ဦးခေါင်းဟာဆိုရင် တွဲရက်ဝတ်ဆင်ရတဲ့ ပစ္စည်းပုံစံတစ်မျိုးပါ။ တပ်ဆင်ထားသူတွေဟာ အရာဝတ္တုများဆီကို သွားလာနိုင်ပြီး မှတ်မိစေရန်ကူညီပေးနိုင်အောင် အလင်းအစက်အပြောက်များပုံစံ ပုံဖော်ပေးထားပြီး အမြင်အာရုံအစစ်အတိုင်း ခံစားနိုင်အောင် အချက်အလက်များပေးပို့မှာဖြစ်ပါတယ်။
ဒီနည်းပညာဟာဆိုရင် အမြင်အာရုံကို ပြန်လည်ကောင်းမွန်စေရန် ရည်ရွယ်ရုံသာမက လေဖြတ်ရောဂါလိုမျိုး အာရုံကြောပိုင်းဆိုင်ရာအခြေအနေများကိုလည်း ကုသနိုင်ရန်အတွက် အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ တိရစ္ဆာန်များနှင့်စမ်းသပ်မှုများအောင်မြင်ထားပြီး သန်းနှင့်ချီသောလူသားတို့ရဲ့ ကျန်းမာရေးကို ကောင်မွန်စွာအကျိုးပြုစွမ်းဆောင်နိုင်အောင် မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။