Gemini AI ကို မော်တော်ကားနဲ့ Smart Watch များမှာလည်း သုံးနိုင်ဖို့စီစဉ်နေ

Gemini AI ကို မော်တော်ကားများနဲ့ Smart watch များမှာပါ အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း Google CEO Sundar Pichai က ကြေညာလာပါတယ်။

မော်တော်ကားများအတွက် Android Auto မှတဆင့် သုံးနိုင်အောင် ပြုလုပ်သွားမှာဖြစ်ပြီး Samrt Watch များအတွက်ကိုတော့ Wear OS 6 နဲ့အတူ သုံးနိုင်ဖို့ ဖန်တီးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲမှာပဲ Tablet များနဲ့ Ear Buds တွေမှာ Google Assistant ကနေ Gemini အဖြစ် ပြောင်းလဲပြီး အဆင့်မြင့်တင်သွားဖို့ရှိကြောင်းလည်း ကြေညာခဲ့ပါတယ်။

Google အနေနဲ့ Gemini AI ကို ဒီနှစ်တွေအတွင်း Device တော်တော်များများမှာ ရရှိအောင် ကြိုးပမ်းနေဆဲဖြစ်ပေမဲ့ Android Tablet, Smart watch နဲ့ အချို့သော Google Electronic Device တွေမှာတော့ သုံးလို့မရနိုင်သေးပါဘူး။ Google အနေနဲ့လည်း 2025 ကစပြီး Gemini on the consumer side ကို ချဲ့ထွင်သွားဖို့ ရှိကြောင်း ကြေညာထားခဲ့တာမို့ Gemini AI ကို ဒီ့ထက်ပိုပြီး နယ်ပယ်အစုံမှာ တွေ့ရဖို့များနေပါပြီ။