ဂျပန်နိုင်ငံ၏စွမ်းအင်နည်းပညာသစ်
ဂျပန်နိုင်ငံသည် သန့်ရှင်းသောစွမ်းအင်ဖန်တီးထုတ်လုပ်မှုအတွက် ခေတ်ရှေ့ပြေးသောနေရာတစ်ခုကိုရောက်ရှိလာခဲ့ပြီး၊ Naru ရေလက်ကြားတွင် များပြားသော လှိုင်းလုံးများမှ စွမ်းအင်ထုတ်လုပ်နိုင်ရန်တာဗိုင်ကြီးတစ်စင်းဖြစ်သည့် AR1100 ကို ပထမဦးဆုံး တပ်ဆင်လိုက်သည်။
ဤတာဗိုင်ကို Proteus Marine Renewables က ထုတ်လုပ်ထားပြီး၊ သမုဒ္ဒရာရေစီးကြောင်းမှ ၁.၁ မက်ဂါဝပ် စွမ်းအင်ထိထုတ်နိုင်သည်။၎င်းသည် Goto ကျွန်းစုကို သန့်ရှင်းစွာထုတ်လုပ်နိုင်သောစွမ်းအင်ဖြင့်ထောက်ပံ့နိုင်ရန်ရည်ရွယ်ထားသည်။ယခုစီမံကိန်းသည် ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စမ်းသပ်မှုအောင်မြင်မှုအပေါ် အခြေခံပြီး တည်ဆောက်ခြင်းဖြစ်သည်။
AR1100 တာဗိုင်၏ ထူးခြားချက်မှာ ၎င်း၏ စက်တံများကို အချိန်နှင့်တပြေးညီ ချိန်ညှိနိုင်ပြီး လျှပ်စစ်ကွန်ယက်နှင့် ချောမွေ့စွာ ချိတ်ဆက်နိုင်ခြင်းဖြစ်သည်။ဤအရာကြောင့် လေမရှိချိန်၊ နေရောင်မရှိချိန်များတွင်တောင် တည်ငြိမ်ပြီးကာဗွန်နည်းသည့် စွမ်းအင်ကို ထုတ်နိုင်သည်။
ယခုတွင် Proteus သည် မက်ဂါဝပ်အရွယ်အစားရှိသော လှိုင်းစီးတာဗိုင်များကို ဂျပန်နှင့် အင်္ဂလန်နှစ်နိုင်ငံလုံးတွင် လုပ်ကိုင်နေသော ပထမဆုံးကုမ္ပဏီဖြစ်လာခဲ့သည်။ ထို့ပြင် သူတို့သည် စကော့တလန်၊ ပြင်သစ်၊ နှင့် အမေရိကန်တို့တွင်လည်း ယခုကဲ့သို့စီမံကိန်းများ ဆောင်ရွက်လျက်ရှိသည်။
ယခုတပ်ဆင်မှုကဂျပန်နိုင်ငံသည် သန့်ရှင်းသောစွမ်းအင်အပေါ် အလေးပေးနေကြောင်း ဖော်ပြပြီးကမ္ဘာအနှံအပြားရှိ သမုဒ္ဒရာအခြေပြု စွမ်းအင်ဖွံ့ဖြိုးမှုအတွက်ပြောင်းလဲလာအချက်တစ်ခုဖြစ်လာနိုင်သည်။