foodpanda မှ မိတ်ဖက်ပေါင်း ၅၀ ကျော် နှင့်ပူးပေါင်း၍ လူမှုအကျိုးပြုအစီအစဉ်များ ဆောင်ရွက်

foodpanda မှ မိတ်ဖက်ပေါင်း ၅၀ ကျော် နှင့်ပူးပေါင်း၍ လူမှုအကျိုးပြုအစီအစဉ်များ ဆောင်ရွက်

foodpanda မှ ၄င်း၏မိတ်ဖက်လုပ်ငန်းရှင်များ၊ မှာယူစားသုံးသူများနှင့် ပို့ဆောင်ပေးသူများကို ဆက်လက်ပံ့ပိုးပေးနိုင်ရန် လူမှူအကျိုးပြုလုပ်ငန်းများကို အစဥ်တစ်စိုက် ဆောင်ရွက်လျက်ရှိပါသည်။ အစားအသောက်နှင့်ကုန်စုံ ပို့ဆောင်ပေးရုံသာမက လုပ်ငန်း၏ ပိုမိုကြီးမားသောရည်ရွယ်ချက်မှာ ယခုကဲ့သို့သောခက်ခဲသောကာလတွင် မိမိတို့နှင့် တွဲဖက်လုပ်ကိုင်သူအားလုံး၏ လူမှူအကျိုးစီးပွားများကို မြှင့်တင်ပေးနိုင်ရန်နှင့် ပံ့ပိုးမှုများကိုတတ်နိုင်သည့်ဘက်မှ ဆက်လက်ဆောင်ရွက်ပေးရန်ဖြစ်သည်။
“foodpanda နဲ့ဆိုရင် အော်ဒါတစ်ခုက အစားအ‌သောက်တစ်နပ်မှာစားလိုက်တယ်ဆိုတာထက်ပိုပါတယ်။ သုံးစွဲသူတွေမှာယူလိုက်တဲ့အော်ဒါတစ်ခုချင်းစီတိုင်းက သုံးစွဲသူတွေ အိမ်မှာပဲ အန္တရာယ်ကင်းကင်းနဲ့နေနိုင်ဖို့၊ ပို့ဆောင်ပေးတဲ့ rider တွေ ဝင်ငွေရရှိပြီး မိသားစုတွေကို ပြန်ထောက်ပံ့နိုင်စေဖို့အပြင် စားသောက်ဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်စေဖို့ အထောက်အကူပြုနေပါတယ်။ လွန်ခဲ့တဲ့လတွေကစပြီး foodpanda အနေနဲ့ လူမှုအကျိုးပြုအစီအစဉ်တွေကို ကြိုးစားလုပ်ဆောင်ခဲ့ပြီး နောင်လာမယ့်လတွေမှာလည်း ဒီလိုအစီအစဉ်တွေကို ဆက်လက်ပြုလုပ်ပေးသွားဦးမှာပါ။” ဟု foodpanda ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ကိုဇေယျာမင်းမှ ပြောကြားသွားခဲ့ပါသည်။


ပို့ဆောင်ပေးသူ Riders များအတွက်
မည်သည့်ပို့ဆောင်ရေးလုပ်ငန်းတွင်မဆို ပို့ဆောင်ရေးမိတ်ဖက်များသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ပို့ဆောင်သူများ အနေနဲ့ ဝင်‌ငွေဆက်လက်ရရှိကာ မိမိတို့၏မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် foodpanda ရဲ့ အစားအသောက်နှင့်ကုန်စည် ပို့ဆောင်ရေးလုပ်ငန်များကို ဆက်လက်လည်ပတ်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ပို့ဆောင်သူများ၏ နေ့စဥ်ဘဝ ပိုမိုအဆင်ပြေစေရန်အတွက် foodpanda သည် စက်တင်ဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အတွင်းမှာလည်း အပတ်စဥ် စနေ၊ တနင်္ဂနွေနေ့များ၌ foodpanda လုပ်ငန်းလည်ပတ်လျက်ရှိနေသောမြို့များတွင် ပို့ဆောင်ရေးမိတ်ဖက်များအတွက် အခမဲ့နေ့လယ်စာဝေမျှခြင်း
အစီအစဥ်များစီစဥ်ဆောင်ရွက်ခဲ့ပြီး ပို့ဆောင်သူများအနေနှင့် သတ်မှတ်ထားသောနေရာများတွင် အခမဲ့နေ့လယ်စာများကို အဆင်ပြေစွာရယူနိုင်ခဲ့ပါသည်။ foodpanda သည် အစီအစဉ်တစ်ခုလုံးအတွက် စုစုပေါင်း နေ့လည်စာနဲ့ အအေးပေါင်း ၂၅,၀၀၀ ကျော်ဝေမျှပေးနိုင်ခဲ့ပါသည်။ အဆိုပါအစီအစဥ်တွင် foodpanda သာမက foodpanda ၏ မိတ်ဖက်ပေါင်း ၅၄ ဆိုင် မှလည်း ဝင်ရောက်ပူပေါင်း၍ အစားသောက်နဲ့ အချိုရည်များ ဝေမျှပေးခဲ့ပါသည်။

ထို့အပြင် foodpanda သည် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန်နှင့် စားသုံးသူနှင့် လုပ်ငန်းရှင်များကြား အန္တရာယ်ကင်းစွာ ပို့ဆောင်ပေးနိုင်ရန် ၄င်း၏ပို့ဆောင်သူများအား ကာကွယ်ဆေးထိုးနှံပေးမှု အစီအစဥ်ကိုလည်း စတင်ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါသည်။ ကာကွယ်ဆေးထိုးနှံရန်စာရင်းပေးသွင်းထားသူများထဲမှ ပထမအသုတ်အား ကာကွယ်ဆေးထိုးနှံခြင်းအစီအစဥ်ကို စက်တင်ဘာလ ၁၇ ရက်နေ့၌ လုပ်ဆောင်ခဲ့ပြီး ကျန်ရှိသော ပို့ဆောင်သူ rider များအတွက်လည်း မကြာမီတွင် ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များအတွက်
ဆိုင်ထိုင်စားသုံးမှုများ ရပ်နားလိုက်ရခြင်းကြောင့် စားသောက်ဆိုင်များသည် ၄င်းတို့၏ စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန်အတွက် foodpanda ပလက်ဖောင်းကို အသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် ရောင်းချလာကြပါသည်။ စီးပွားရေးလုပ်ငန်းများ အွန်လိုင်း မှတစ်ဆင့် ဆက်လက်ရောင်းချနိုင်စေရန်အတွက် foodpanda မှလည်း ၄င်းတို့၏ ဝန်ဆောင်မှမှုအား မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ ပိုမိုဖြန့်ကျက်နိုင်စေရန် အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရောင်းအားတက်စေရန်ကူညီပံ့ပိုးပေးသည့်အနေဖြင့် သတ်မှတ်ထားသော ပြည်တွင်းစားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များတွင် LOVELOCAL ဘောက်ချာကုတ် များဖြင့် လျှော့စျေးရယူနိုင်သည့် အစီအစဥ်ကို ဇူလိုင်လမှ စတင် လုပ်ဆောင်လျက်ရှိပါသည်။

ဝယ်ယူအားပေးသူ မိဘပြည်သူများအတွက်
သုံးစွဲသူများ ပိုမိုသက်သာသက်သာစွာ မှာယူနိုင်စေရန် foodpanda မှ ပရိုမိုးရှင်းနှင့် လျှော့ဈေးဘောက်ချာကုတ်များကို စီစဉ်ပေးလျက်ရှိပါသဖြင့် အသုံးပြုသူမိဘပြည်သူများအနေဖြင့် အစားအသောက်နဲ့ကုန်စုံကို သက်သာစွာမှာယူနိုင်ပြီး မိမိအကြိုက်ဆုံး ဆိုင်နဲ့ ပို့ဆောင်သူတွေကို တစ်ဖက်တစ်လမ်းမှ ကူညီအားပေးနိုင်ပါသည်။ ထို့အပြင် Covid-19
ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် သတ်မှတ်ထားသောဆိုင်များမှ အော်ဒါမှာယူမှုများအတွက် လက်ဆောင်အဖြစ် mask အခုရေ ၂၅,၀၀၀ မျှဝေပေးသည့သည့် အစီအစဥ်ကိုလည်း စက်တင်ဘာလ နောက်ဆုံးအပတ်တွင် လုပ်ဆောင်ပေးခဲ့ပါသည်။မိမိတို့အိမ်တွင်သာနေ၍ အစားအသောက်နှင့် နေ့စဥ်သုံးပစ္စည်းများအား foodpanda မှ မှာယူ အသုံးပြုခြင်းဖြင့် Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်မည့်အပြင် ငွေကြေးကိုင်တွယ်အသုံးပြုလိုခြင်းမရှိသူများအတွက်လည်း အွန်လိုင်း ငွေချေစနစ်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပါသည်။

Read more

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးဆာလာဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်(၅-၁)စပါးပွဲမှာ လီဗာပူးလ်အသင်းအတွက် ပွဲချိန်(၆၃)မိနစ်မှာ အနိုင်ဂိ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့(ဧပြီ ၃၀ ရက်)မှာ ကစားဖို့ရှိတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ဘာစီလိုနာ-အင်တာမီလန်ပွဲကို ဥရောပမှာ မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

မနေ့က ကစားခဲ့တဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အမျိုးသမီးအသင်းဟာ နာမည်ကြီးပြင်သစ်ကလပ် လိုင်ယွန်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အံ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲပြီး သူ့ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေ