ကမ်းခြေမသွားရလည်း ပင်လယ်စာ စားရင်း ကမ်းခြေမှာ အပန်းဖြေတဲ့ ခံစားချက်မျိုး ရချင်ပါသလား ?

ကမ်းခြေမသွားရတဲ့ Akhayar Team ကတော့ Food Gallery ကနေ ပင်လယ်စာမှာစားရင်း ကမ်းခြေ Vibe လေးကိုခံစားခဲ့ကြပါတယ်။

နည်းနည်းပဲမှာစားခဲ့တယ်ဆိုပေမယ့် လူ ၆ ယောက်၊၇ယောက်လောက်ထိ စားလို့ရခဲ့ပါတယ်။

Akhayar Team ကတော့ ကမ်းခြေနဲ့ ဝေးကွာနေတာတော်တော်ကြာပြီဆိုတော့ ပင်လယ်စာ အိမ်ချက်အရသာလေးကို လွမ်းနေတာနဲ့ တစ်နေ့က Facebook သုံးရင်းတွေ့လိုက်တဲ့ Page တစ်ခုကနေ မှာလိုက်ပါတယ်။

Akhayar Team ဘာ​တွေစား​နေပြန်ပြီလဲ?

ပင်လယ်စာလို့ တွေးလိုက်တာနဲ့ ဂဏန်းကမပါမဖြစ်ဆို​တော့ ဒီဆိုင်မှာ ဂဏန်းမဆလာချက် ရတာနဲ့မှာလိုက်တယ်။ပုံမှန်အားဖြင့်ဂဏန်းမဆလာချက်တွေဆိုရင် ပေးရတဲ့ဈေးများပြီးတော့ အကောင်ရေနည်းနေတာတို့၊မလတ်ဆတ် တာတို့ဖြစ်နေတတ်ပါတယ်။ဒါပေမယ့် ဒီဆိုင်က ဂဏန်းမဆလာချက်အရသာက​တော့စားကြည့်လိုက်ရုံနဲ့ လတ်ဆတ်တဲ့ အရသာကို ခံစားရပါတယ်။"ဘာစားစားထမင်းနဲ့စား "ဆိုတဲ့သူတွေအတွက်ကတော့ ဂဏန်းမဆလာချက်ထဲက အနှစ်ကို ထမင်းနဲ့ နယ် စားရင်တောင် ထမင်းတော်တော်မြိန်နေပြီ။ဂဏန်း ပုံမှန် အရွယ် အကောင်သုံးကောင် နဲ့ အကောင်ကြီးတစ်ကောင်ကိုမှ 15000 ပဲပေးရပါတယ်။
နောက်ထပ် ချဥ်ချဥ်စပ်စပ်စားချင်တာနဲ့ ပုစွန်အစိမ်းသုပ်၊ပုစွန်မီးဖုတ်သုပ်၊ကင်းမွန်သုပ် နဲ့ ရေဘဝဲ ချဥ်စပ်ချက်လေးပါ မှာစားဖြစ်လိုက်တယ်။ပင်လယ်စာ ကြိုက်ပေမယ့် ညှီတဲ့ဒဏ်မခံနိုင်လို့၊မလတ်ဆတ်လို့ မစားဖြစ်တဲ့သူတွေရှိပါတယ်။ဒီဆိုင်က မှာစားတာ အသား​တွေကလည်း လတ်လတ်ဆတ်ဆတ်လေးနဲ့ ပုစွန်အစိမ်းသုပ်ဆိုလည်း ညှီတဲ့ အနံ့ လုံးဝမရပဲ အချဉ်အနှစ်ရဲ့ အရသာလေးက အထဲ ထိစိမ့်ဝင်နေတော့ စားရတာရှယ်ပဲ။ပုစွန်အစိမ်းသုပ်ကတော့ 10000ကျပ်ပဲ ကျသင့်ပါတယ်။
ပုစွန်မီးဖုတ်သုပ်ကတော့ ပုစွန်ကို မီးသွေးနဲ့ သေချာဖုတ်ထားပြီးတော့ ငါးပိ နဲ့သုပ်ထားတာပါ။ငါးပိ​​မွှေးမွှေးလေး နဲ့ချဥ်ချဥ်စပ်စပ်​လေးပုစွန်မီးဖုတ်သုပ်ကတော့ 8000ပါ။
အစိမ်းသုပ် မကြိုက်တဲ့သူ​တွေအတွက် ကင်းမွန်သုပ်​လေးပါ။ကင်းမွန်က​တော့ အ​ထွေအထူး​ပြော​နေ​စရာမလိုပါဘူး။ကောင်းချက်9++...သူက​တော့7000 ပါ
နောက်ထပ်တစ်ခုက​ရေဘ၀ဲချဥ်စပ်သူရဲ့ အရသာကလဲ ချဥ်ချဥ်စပ်စပ်လေးနဲ့ တကယ်ကိုစားလို့ကောင်းပါတယ်။ တစ်ယောက် တစ်ဇွန်းစီစားရင်းနဲ့ ကင်းမွန်သုပ် နဲ့ ရေဘဝဲချဥ်စပ်ချက်​ တွေက​တော့ ခဏလေးနဲ့ကိုကုန်သွား​တော့တာပဲ။ရေဘ၀ဲချဥ်စပ်က​တော့ 12000 ပါ။
ဂဏန်းကို ကိုကိုမှ မနွှာပေးရင် မစားတတ်ပါဘူး ဆိုတဲ့လူတွေအတွက်ကတော့ အသားနွှင်ပြီးချက်ထားတဲ့ ဂဏန်းချက်တစ်ပွဲထပ်မှာလိုက်​သေးတယ်။အရမ်းစပ်တဲ့အထဲ​ မပါလို့ အစပ်​​သိပ်မစားတဲ့သူ​တွေက​တော့ပိုပြီးကြိုက်ကြပါလိမ့်မယ်။ဂဏန်းအသားနွှင်ချက်က​တော့ 10000 ပါ။
နောက်ဆုံးMenu ကိုတော့ အကင်အရသာလေးလဲ ပါအောင်လို့ ပုစွန်ကင်​လေးလဲမှာလိုက်​သေး ။ လျှပ်စစ်မီးဖို နဲ့ကင်ထားတာမဟုတ်ပဲ မီးသွေးနဲ့ သေချာကင်ထားတာတော့ ​ပုစွန်ကင်ရဲ့ အရသာက ပိုပြီးအရသာရှိပါတယ်။ပုစွန်ကင်က​တော့13000 ပါ။TGIF မှာ ဒီပုစွန်ကင်နဲ့ဆို ဘာနဲ့လိုက်လဲ သိကြတယ်မှတ်လား?

မျှော်လင့်ထားတဲ့ အရသာထက်ပိုကောင်းပြီး အိမ်ချက်အရသာ​လေးဆို​ပေမယ့် တကယ် ကမ်းခြေမှာ စားရတယ်လို့ထင်ရလောက်ကို လတ်ဆတ်ပြီး အရမ်းအရသာရှိပါတယ်။

အခု မင်မင်တို့ မှာစားတဲ့ဟင်းပွဲတွေ အပြင် အခြားMenuအသစ်တွေလည်းရှိ​ဦးမှာ​ ဆိုတော့ ဆက်သွယ်လို့ ရမယ့် လိပ်စာလေးလဲထည့်ပေးထားပါတယ်။
ဒီဆိုင်​လေး က ​လော​လောဆယ်မှာ​တော့ ဆိုင်ခန်းဖွင့်ထားခြင်းတော့ မရှိသေးပါဘူး။
Delivery အနေနဲ့ ​တော့ ရနိုင်ပါတယ်။
Akhayar team လိုပဲကမ်း​ခြေမသွားနိုင်​ကြတဲ့သူ​တွေလည်း Food Galley မှာ ပင်လယ်စာ မှာစားရင်း လန်းနိုင်ကြပါစေ။