ကမ်းခြေမသွားရတဲ့ Akhayar Team ကတော့ Food Gallery ကနေ ပင်လယ်စာမှာစားရင်း ကမ်းခြေ Vibe လေးကိုခံစားခဲ့ကြပါတယ်။
နည်းနည်းပဲမှာစားခဲ့တယ်ဆိုပေမယ့် လူ ၆ ယောက်၊၇ယောက်လောက်ထိ စားလို့ရခဲ့ပါတယ်။
Akhayar Team ကတော့ ကမ်းခြေနဲ့ ဝေးကွာနေတာတော်တော်ကြာပြီဆိုတော့ ပင်လယ်စာ အိမ်ချက်အရသာလေးကို လွမ်းနေတာနဲ့ တစ်နေ့က Facebook သုံးရင်းတွေ့လိုက်တဲ့ Page တစ်ခုကနေ မှာလိုက်ပါတယ်။
Akhayar Team ဘာတွေစားနေပြန်ပြီလဲ?
ပင်လယ်စာလို့ တွေးလိုက်တာနဲ့ ဂဏန်းကမပါမဖြစ်ဆိုတော့ ဒီဆိုင်မှာ ဂဏန်းမဆလာချက် ရတာနဲ့မှာလိုက်တယ်။ပုံမှန်အားဖြင့်ဂဏန်းမဆလာချက်တွေဆိုရင် ပေးရတဲ့ဈေးများပြီးတော့ အကောင်ရေနည်းနေတာတို့၊မလတ်ဆတ် တာတို့ဖြစ်နေတတ်ပါတယ်။ဒါပေမယ့် ဒီဆိုင်က ဂဏန်းမဆလာချက်အရသာကတော့စားကြည့်လိုက်ရုံနဲ့ လတ်ဆတ်တဲ့ အရသာကို ခံစားရပါတယ်။"ဘာစားစားထမင်းနဲ့စား "ဆိုတဲ့သူတွေအတွက်ကတော့ ဂဏန်းမဆလာချက်ထဲက အနှစ်ကို ထမင်းနဲ့ နယ် စားရင်တောင် ထမင်းတော်တော်မြိန်နေပြီ။ဂဏန်း ပုံမှန် အရွယ် အကောင်သုံးကောင် နဲ့ အကောင်ကြီးတစ်ကောင်ကိုမှ 15000 ပဲပေးရပါတယ်။
နောက်ထပ် ချဥ်ချဥ်စပ်စပ်စားချင်တာနဲ့ ပုစွန်အစိမ်းသုပ်၊ပုစွန်မီးဖုတ်သုပ်၊ကင်းမွန်သုပ် နဲ့ ရေဘဝဲ ချဥ်စပ်ချက်လေးပါ မှာစားဖြစ်လိုက်တယ်။ပင်လယ်စာ ကြိုက်ပေမယ့် ညှီတဲ့ဒဏ်မခံနိုင်လို့၊မလတ်ဆတ်လို့ မစားဖြစ်တဲ့သူတွေရှိပါတယ်။ဒီဆိုင်က မှာစားတာ အသားတွေကလည်း လတ်လတ်ဆတ်ဆတ်လေးနဲ့ ပုစွန်အစိမ်းသုပ်ဆိုလည်း ညှီတဲ့ အနံ့ လုံးဝမရပဲ အချဉ်အနှစ်ရဲ့ အရသာလေးက အထဲ ထိစိမ့်ဝင်နေတော့ စားရတာရှယ်ပဲ။ပုစွန်အစိမ်းသုပ်ကတော့ 10000ကျပ်ပဲ ကျသင့်ပါတယ်။
ပုစွန်မီးဖုတ်သုပ်ကတော့ ပုစွန်ကို မီးသွေးနဲ့ သေချာဖုတ်ထားပြီးတော့ ငါးပိ နဲ့သုပ်ထားတာပါ။ငါးပိမွှေးမွှေးလေး နဲ့ချဥ်ချဥ်စပ်စပ်လေးပုစွန်မီးဖုတ်သုပ်ကတော့ 8000ပါ။
အစိမ်းသုပ် မကြိုက်တဲ့သူတွေအတွက် ကင်းမွန်သုပ်လေးပါ။ကင်းမွန်ကတော့ အထွေအထူးပြောနေစရာမလိုပါဘူး။ကောင်းချက်9++...သူကတော့7000 ပါ
နောက်ထပ်တစ်ခုကရေဘ၀ဲချဥ်စပ်သူရဲ့ အရသာကလဲ ချဥ်ချဥ်စပ်စပ်လေးနဲ့ တကယ်ကိုစားလို့ကောင်းပါတယ်။ တစ်ယောက် တစ်ဇွန်းစီစားရင်းနဲ့ ကင်းမွန်သုပ် နဲ့ ရေဘဝဲချဥ်စပ်ချက် တွေကတော့ ခဏလေးနဲ့ကိုကုန်သွားတော့တာပဲ။ရေဘ၀ဲချဥ်စပ်ကတော့ 12000 ပါ။
ဂဏန်းကို ကိုကိုမှ မနွှာပေးရင် မစားတတ်ပါဘူး ဆိုတဲ့လူတွေအတွက်ကတော့ အသားနွှင်ပြီးချက်ထားတဲ့ ဂဏန်းချက်တစ်ပွဲထပ်မှာလိုက်သေးတယ်။အရမ်းစပ်တဲ့အထဲ မပါလို့ အစပ်သိပ်မစားတဲ့သူတွေကတော့ပိုပြီးကြိုက်ကြပါလိမ့်မယ်။ဂဏန်းအသားနွှင်ချက်ကတော့ 10000 ပါ။
နောက်ဆုံးMenu ကိုတော့ အကင်အရသာလေးလဲ ပါအောင်လို့ ပုစွန်ကင်လေးလဲမှာလိုက်သေး ။ လျှပ်စစ်မီးဖို နဲ့ကင်ထားတာမဟုတ်ပဲ မီးသွေးနဲ့ သေချာကင်ထားတာတော့ ပုစွန်ကင်ရဲ့ အရသာက ပိုပြီးအရသာရှိပါတယ်။ပုစွန်ကင်ကတော့13000 ပါ။TGIF မှာ ဒီပုစွန်ကင်နဲ့ဆို ဘာနဲ့လိုက်လဲ သိကြတယ်မှတ်လား?
မျှော်လင့်ထားတဲ့ အရသာထက်ပိုကောင်းပြီး အိမ်ချက်အရသာလေးဆိုပေမယ့် တကယ် ကမ်းခြေမှာ စားရတယ်လို့ထင်ရလောက်ကို လတ်ဆတ်ပြီး အရမ်းအရသာရှိပါတယ်။
အခု မင်မင်တို့ မှာစားတဲ့ဟင်းပွဲတွေ အပြင် အခြားMenuအသစ်တွေလည်းရှိဦးမှာ ဆိုတော့ ဆက်သွယ်လို့ ရမယ့် လိပ်စာလေးလဲထည့်ပေးထားပါတယ်။
ဒီဆိုင်လေး က လောလောဆယ်မှာတော့ ဆိုင်ခန်းဖွင့်ထားခြင်းတော့ မရှိသေးပါဘူး။
Delivery အနေနဲ့ တော့ ရနိုင်ပါတယ်။
Akhayar team လိုပဲကမ်းခြေမသွားနိုင်ကြတဲ့သူတွေလည်း Food Galley မှာ ပင်လယ်စာ မှာစားရင်း လန်းနိုင်ကြပါစေ။