ပျံသန်းမှုတွေကို စောင့်ကြည့်နိုင်မယ့် App

ဟိုတစ်လောက အမေရိကန်ပြည်နယ်တော်တော်များများမှာ ဘာမှန်းမသိတဲ့ drones အကြီးကြီးတွေ ပျံနေလို့ဆိုပြီး အုပ်အော်သောင်းနင်း ဖြစ်သွားတာ မှတ်မိကြမှာပါ။

ဒီလိုမျိုးပြဿနာတွေကို ကာကွယ်ဖို့အတွက်အတွက် app တစ်ချို့ရှိနေပါတယ်။ Flightradar24 ဆိုတဲ့ App က user တွေကို ပျံသန်းနေတဲ့ လေယာဉ်တွေကို real-time အချိန်နဲ့တစ်ပြေးညီ ဘယ် လေယာဉ်တွေကို ကိုယ်နဲ့အနီးတစ်ဝိုက်မှာပျံသန်းနေလဲဆိုတာမျိုးကိုဖော်ပြပေးပါတယ်။ လေယာဉ်လိုင်းထောင်ပေါင်းများစွာအပြင် ကိုယ်ပိုင်လေယာဉ်တွေ ရဟတ်ယာဉ်တွေ ကိုပါဖော်ပြပေးနိုင်ပါတယ်။ တစ်ချို့အမည်မသိ ယာဉ်ပျံတွေတွေနဲ့ commercial drones တွေကိုပါ နေရာအတိအကျနဲ့ဖော်ပြပေးနိုင်လို့ တော်တော်လေးကို အသုံးဝင်တဲ့ App လို့ပြောရမှာပါ။

Flightradar24 ရဲ့ App ထဲမှာဘဲဖြစ်ဖြစ် website ထဲမှာဘဲဖြစ်ဖြစ် ကိုယ့်ရဲ့ location ပေါ်မှာမူတည်ပြီး ကို့ရဲ့ အပေါ်မှာ သွားနေတဲ့ air traffic တွေ၊ လေယာဉ်တွေရဲ့ ဦးတည်ရာတွေ၊ မြန်နှုန်းတွေနဲ့ ဆိုက်ရောက်မယ့် နေရာတွေကိုပါ သိနိုင်တဲ့အပြင် လေယာဉ်တစ်ခုချင်းစီရဲ့ registration code လိုမျိုးတွေကိုပါ အသေးစိတ်ဖော်ပြပေးထားပါတယ်။

Flightradar24 ရဲ့ အမိုက်ဆုံးအချက်ကတော့ app ထဲမှာဘဲ camera ကိုဖွင့်၊ မိုးပေါ်ထောင်ပြီး တကယ့် ကိုယ့်ရဲ့အပေါ်မှာသွားနေတဲ့ လေယာဉ်တွေကို ချိန်ပြီး ဘယ်လေယာဉ်လဲ ဘယ်ကိုသွားမှာလဲ ဆိုတာကို တစ်ချိန်ထဲမှာကြည့်လို့ရနေတာပါဘဲ။ နေ့ညမရွေးကြည့်လို့ရတာဖြစ်ပြီး ဒီ function ကတော်တော်လေးကို အသုံးဝင်ပါတယ်။

Flightradar24 မှာ ကောင်းကင်ပေါ်မှာရှိနေတဲ့ air traffic ပေါင်း နှစ်သိန်းကျော်ကို track လုပ်နိုင်မှာဖြစ်ပါတယ်။ တစ်ချို့ လူတွေကတော့ ဒီ app ကိုအသုံးပြုပြီး air traffic တွေကို လိုက်ပြီး track လုပ်ရတာ ဝါသနာတစ်ခုလိုကိုဖြစ်လာပါတယ်။ တစ်ချို့ တစ်ကိုယ်ရေသုံး drone တွေ နဲ့ လုံခြုံရေးအရ ကွယ်ဝှက်ထားတဲ့ စစ်တပ်သုံး အဆင့်မြင့်လေယာဉ်တွေ (ဥပမာ Air Force One) လို လေယာဉ်တွေကိုတော့ track လုပ်နိုင်မှာမဟုတ်ပါဘူး ခင်ဗျာ။