အသက်ရလာတာနဲ့အမျှ အစာအာဟာရနဲ့ လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်အတွက် ဘယ်လို အရေးပါလာသလဲ

အသက်ရလာတာနဲ့အမျှ အစာအာဟာရနဲ့ လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်အတွက် ဘယ်လို အရေးပါလာသလဲ

အသက်ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေနှင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးဖို့က လိုအပ်လာပါပြီ။ အိပ်ရာထလိုက်တဲ့ အချိန်တွေ၊ ဆိုဖာပေါ်ကနေ အလွယ်တကူထလိုက်တဲ့ အချိန်တွေမှာ အရင်တုန်းကလိုမဟုတ်ဘဲ အထိုင်အထခက်ခဲလာတဲ့ ပြဿနာမျိုးလည်း ကြုံလာရပါပြီ။ အခုအချိန်မှာ ကြီးကြီးမားမား နာကျင်ကိုက်ခဲမှု မရှိဘဲ ကျန်းမာရေးကလည်း ကောင်းမွန်နေဆဲပဲဆိုရင်တောင်  နေ့စဉ်  ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ပေးတာက အသက်ရလာတဲ့အချိန်မှာ ရေရှည်ကျန်းမာရေးအတွက် အကူအညီဖြစ်စေမှာပါ။

တကယ်ကတော့ အသက် (၄၀)အစောပိုင်းကာလကနေစလို့ “Sarcopenia” လို့ခေါ်တဲ့ ကြွက်သားထု ဆုံးရှုံးတဲ့ ဇီဝဖြစ်စဉ်တစ်ခု စဖြစ်လာပြီး သူ့ရဲ့ အစောပိုင်း လက္ခဏာထဲမှာ မကြာခဏ လဲကျခြင်း၊ လမ်းလျှောက်ရ ခက်ခဲခြင်း၊ ဆုပ်ကိုင်ရ ခက်ခဲခြင်း၊ အထိုင်အထ ခက်ခဲခြင်း၊ လှေကားအတက်အဆင်း ခက်ခဲခြင်း၊ သက်လုံနဲ့ ခံနိုင်ရည်ကျဆင်းလာခြင်းတို့ ပါဝင်ပါတယ်။ ကြွက်သားအားမရှိဘူးဆိုရင် လေ့ကျင့်ခန်းကို မှန်မှန်မလုပ်နိုင်သလို၊ လေ့ကျင့်ခန်းမှန်မှန် မလုပ်နိုင်တာကြောင့်လည်း ကြွက်သားအားမရှိ စတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ ကြွက်သားတွေ ရဖို့အတွက်ဆို ကိုယ်လက်လှုပ်ရှားမှု နဲ့ အစားအသောက် အာဟာရ ညီမျှနေဖို့ လိုအပ်ပါတယ်။ ကြွက်သားတွေ သန်စွမ်းစေဖို့ ကိုယ်လက်လှုပ်ရှားမှုတွေကို မဖြစ်မနေလုပ်သင့်ပြီး ပြီးပြည့်စုံတဲ့ အာဟာရကို ရရှိဖို့ဆိုရင် အရည်အသွေးမြင့် ပရိုတင်းပါဝင်တဲ့ အစားအသောက်နဲ့ ဖြည့်စွက်စာတွေကို စားသုံးဖို့ လိုအပ်ပါတယ်။  Ensure Gold အသစ်မှာတော့ ပဲပိစပ်၊ ဆန် နဲ့ quinoa တို့က ရတဲ့ အပင်အခြေခံ ပရိုတင်းတွေ ပါဝင်ပြီး ကောင်းမွန်တဲ့ Almond (အယ်လ်မွန်) အရသာ ရှိပါတယ်။ နို့ကရတဲ့ ပရိုတင်းကို အခြေခံထားတဲ့ အာဟာရဖြည့်စွက်စာတွေအစား သောက်သုံးနိုင်တဲ့ အာဟာရဖြည့်စွက်စာပဲပေါ့။ ဒါကြောင့် နို့အရသာမကြိုက်တဲ့သူတွေအတွက်လည်း သင့်တော်တဲ့ Ensure Gold အသစ်ရဲ့ ပြည့်စုံမျှတတဲ့ အာဟာရကို သောက်သုံးပြီး ကျန်းမာရေးကောင်းကျိုးတွေ ရယူနိုင်ပြီလေ။
ပြည့်စုံမျှတတဲ့ အာဟာရ Ensure Gold Plant-Based မှာ
-ကြွက်သားကျန်းမာရေးကို အထောက်အကူပြု^ပေးနိုင်တဲ့ ပဲပိစပ်၊ ဆန်နဲ့ quinoa တို့က ရတဲ့ အရည်အသွေးမြင့် ပရိုတင်းသုံးမျိုး ပေါင်းစပ်ပါဝင်မှု၊

  • ခန္ဓာကိုယ်နဲ့ အစားအသောက်တချို့မှာ သဘာဝအတိုင်း တွေ့ရပေမဲ့ အသက်အရွယ်အလိုက် ကျဆင်းသွားတတ်တဲ့ HMB ပေါင်းစပ်ပါဝင်မှု၊
  • ကျန်းမာသန်စွမ်းစေဖို့ ဗီတာမင် နဲ့ သတ္တုဓာတ် (၂၈) မျိုး၊
  • နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ အိုမီဂါ (3) နဲ့  အပင်အခြေခံအဆီပေါင်းစပ်မှုနဲ့
  • ပုံမှန်ကိုယ်ခံအားစနစ်~ကို အထောက်အကူပြုပေးနိုင်တဲ့ ပရိုတင်း ဗီတာမင် A၊ B6၊ B12၊ C၊ D၊ E၊ ဖောလိတ်၊ ဆီလီနီယမ်၊ ကြေးနီ၊ ဇင့်နဲ့ သံဓာတ်တို့ ပါဝင်ပါတယ်။
    ဒီတော့ ကျန်းမာတဲ့ ကြွက်သားတွေ ရရှိဖို့ လုပ်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့အတူ စားသင့်တဲ့ အစားအသောက်တွေအကြောင်း စူးစမ်းလေ့လာကြည့်ရအောင်။
    အသက် ၄၀ နောက်ပိုင်း ကြွက်သားတွေ သန်မာဖို့ဆိုရင် ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်သင့်လဲ။
    Lying Hip Bridges
    ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်မှာရှိတဲ့ အကြီးဆုံးကြွက်သားအုပ်စုဖြစ်တဲ့ Glutes လို့ခေါ်တဲ့ နောက်ဘက်ကြွက်သားတွေကို အားကောင်းစေတဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။
    Squats
    Squats လေ့ကျင့်ခန်းရဲ့ အဓိကကောင်းကျိုးကတော့ လှေကားတက်တာမျိုးတွေ၊ ဒါမှမဟုတ် တစ်ခုခုအောက်ကျနေလို့ ကောက်လိုက်တဲ့အခါမျိုးတွေမှာ အထောက်အကူပြုစေတာ ဖြစ်ပါတယ်။
    Wall- Push Ups
    Wall- Push Ups ဆိုတဲ့အတိုင်း ကြမ်းပြင်မှာထောက်ပြီး ဒိုက်ထိုးရတဲ့လေ့ကျင့်ခန်းကို အဆင့်မြှင့်ထားတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး လက်မောင်းကို အားပြုရတဲ့အတွက် လက်မောင်းကြွက်သားတွေကို သန်မာစေပါတယ်။
    Toe- Stands
    တည်ငြိမ်မှုနဲ့ ခန္ဓာကိုယ်ဟန်ချက်ညီစေမှုတို့အတွက် ရိုးရှင်းတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ခြေကျင်းဝတ်နဲ့ ခြေသလုံးကြွက်သားတွေကိုလည်း အားကောင်းစေပါတယ်။
    Dead-Bugs
    လဲလျောင်းပြီးလုပ်ရတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် လွယ်ကူတယ်လို့ ထင်ရပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။
    လမ်းလျှောက်တာမျိုး၊ ဥယျာဥ်ထဲမှာ အပင်လေးတွေ စိုက်တာမျိုး၊ ယောဂလုပ်တာမျိုး စတာတွေကလည်း ကူညီပေးနိုင်ပါတယ်။ တကယ်လို့များ ကိုယ့်ရဲ့ ကြွက်သားအခြေအနေ ဘယ်လို ရှိနေလဲ သိချင်တယ်ဆိုရင်တော့ မိတ်ဆွေတစ်ယောက် ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး အောက်ပါ ရိုးရှင်းတဲ့ အဆင့်လေးတွေအတိုင်း “Stand-up Test” ကို လုပ်လို့ ရပါတယ်။
  • လက်တွေကိုယှက်ပြီး ရင်ဘတ်ရှေ့မှာ ထားလိုက်ပါ။
  • ခြေတစ်ဖက်တည်းနဲ့ ထိုင်နေရာကနေ ရပ်လိုက်ပါ။
  • ဒီအခြေအနေကို (၃) စက္ကန့်ကြာအောင် ထိန်းထားပါ။3
    ကိုယ်က ဒီလိုမျိုးအခြေနေကို လွယ်လွယ်ကူကူနဲ့ လုပ်နိုင်တယ်ဆိုရင်တော့ ဂုဏ်ယူပါတယ်။ ကြွက်သားတွေက ကောင်းမွန်နေဆဲပါပဲ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ နောက်မကျသွားခင် ကြွက်သားတွေကို ဂရုစိုက်ဖို့ လိုအပ်လာပြီနော်။

ကြွက်သားတွေကို သန်မာစေခြင်းက အိပ်မက်တွေ ဖန်တီးမှုအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါပဲ။ အဓိကကတော့ ဆက်ပြီး လျှောက်လှမ်းနေဖို့နဲ့ သင့်လျော်တဲ့ အာဟာရတွေကို ရရှိနေဖို့ပါနော်။ တကယ်လို့များ နေ့စဉ်အာဟာရတွေထဲမှာ လုံလောက်တဲ့ အာဟာရကို မရရှိဘူးလို့ ခံစားနေရတယ်ဆိုရင် အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ ကြိုးစားနေချိန်မှာ ကိုယ့်မူကိုယ့်ဟန်နဲ့ သန်စွမ်းစွာ နေထိုင်နိုင်အောင် ကူညီပေးနိုင်ဖို့အတွက် ပဲပိစပ်၊ ဆန်နဲ့ quinoa တို့က ရတဲ့ အပင်အခြေခံ ပရိုတင်းနဲ့ ထုတ်လုပ်ထားတဲ့ Ensure Gold Plant-Based အာဟာရဖြည့်စွက်စာရဲ့ အကူအညီကို ရယူနိုင်ပါတယ်။

Ensure Goldကို တစ်ရက် နှစ်ခွက် သောက်သုံးရုံနဲ့ HMB ၁.၅ ဂရမ်၊ လုံလောက်တဲ့ အိုမီဂါ 3,6,9၊ ဗီတာမင် နဲ့ အာဟာရဓာတ် (၂၈) မျိုးကို ရရှိနိုင်ဖို့ ထုတ်လုပ်ထားပြီး လူကြီးတွေရဲ့ အစာစားချင်စိတ်ကိုဖြစ်ပေါ်စေပြီ ခွန်အားတွေ ပိုမိုကောင်းမွန်လာဖို့ ထုတ်လုပ်ထားပါတယ်^။ အစာတစ်ခုခု နဲ့ တွဲပြီး သုံးဆောင်မယ်ဆိုရင်တော့ အစာစားချင်စိတ်နဲ့ ခွန်အားတွေကို တိုးစေလာမှာပါ။ လက်တို့စ်နို့သကြားဓာတ် မပါဝင်တဲ့အတွက် အစာအိမ် အူလမ်းကြောင်း ပြဿနာတွေကိုလည်း ရှောင်လွှဲနိုင်ပြီး အရင်ကထက် ပိုပြီး ကျန်းမာလာဖို့ ကူညီပေးနိုင်ပါတယ်။ အာရှက သောက်သုံးသူတွေ အကြိုက်တွေ့ကြတဲ့ အယ်လ်မွန်အရသာ ရရှိအောင် ဂရုတစိုက် ဖော်စပ်ထားလို့ နို့အရသာ မကြိုက်တဲ့သူတွေ၊ အသီးအရွက် ပိုမိုစားသုံးသူတွေအတွက်လည်း သင့်တော်စေပါတယ်။

References:

  1. Ensure Gold With HMB And High-quality Protein | Ensure (ensuremyanmar.com)
  2. Strength Training for Seniors: Stronger After 40 - Ensure (ensuremyanmar.com)
  3. Stand For Strength | Ensure (ensuremyanmar.com)
  4. Ensure Gold With HMB And High-quality Protein | Ensure (ensuremyanmar.com)
  5. Ensure. Everyday Complete, Balanced Nutrition for Adults. (abbottfamily.com.sg)
  6. What Is Sarcopenia? - Aging in Motion
  7. Sarcopenia - The Lancet
  8. Minding Our Muscles for Immune Health (nutritionnews.abbott)
    ^Ensure Gold contains scientifically evaluated level of protein which has been shown to improve strength
    ~Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc and iron, that help support the normal function of the immune system

Read more

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

ဒီသတင်းက ဧပြီ ၂၂ တည်းကမို့ နည်းနည်းကြာပြီဆိုတော့ သိပြီးတဲ့သူတွေတောင်ရှိလောက်ပါတယ်။ UAE အစိုးရကနေ နိုင်ငံရဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေအသစ်တွေရေးသားခြင်းနဲ့ ပြုပြင်ပြောင်းလဲ

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

NVIDIA သည် အမေရိကန်ပြည်ထောင်စုအတွင်း၌ AI supercomputers များကို ပထမဆုံးအကြိမ်အဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ၎င်းစီမံကိန်းတွင် TSMC၊ Foxconn၊ Wistron၊ Amkor နှင့် SPIL တို့နှင့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

လီဗာပူးလ်အသင်းက စပါးအသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ်‌အောင်ပွဲခံချိန်မှာ ဥရုဂွေးတိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာ အီဂျ

Man City (2 -0) Nottingham Forest    FA Cup (Semi Final)  Highlight

Man City (2 -0) Nottingham Forest FA Cup (Semi Final) Highlight

0:00 /0:34 1× ■ Video - မနေ့ကကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ် မန်စီးတီး(၂-၀)နော်တင်ဂမ်ဖောရက်စ်ပွဲမှာ မန်စီးတီးအသင်းအတွက် ပွဲအစ(၂)မိနစ်မှာ ရီကိုလူးဝစ်သွင်းယူခဲ့တဲ