ဒီရာသီကုန်မှာ အသင်းခေါင်းဆောင် ဂျေမီဗာဒီ အသင်းနဲ့လမ်းခွဲတော့မယ်လို့ လက်စတာအသင်းကြေညာ

ဒီရာသီကုန်မှာ အသင်းခေါင်းဆောင် ဂျေမီဗာဒီ အသင်းနဲ့လမ်းခွဲတော့မယ်လို့ လက်စတာအသင်းကြေညာ

လက်စတာအသင်းခေါင်းဆောင် ဂျေမီဗာဒီဟာ ဒီရာသီကုန်မှာ အသင်းက လမ်းခွဲထွက်ခွာတော့မယ်လို့ လက်စတာအသင်းက ကြေညာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က ဖလီးဝုဒ်တောင်းအသင်းက ရောက်ရှိလာခဲ့တဲ့ ဂျေမီဗာဒီဟာ လက်စတာအသင်းအတွက် ပွဲပေါင်း(၄၉၅)ပွဲပါဝင်ကစားထားပြီး (၁၉၈)ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်နဲ့ FA ဖလားချန်ပီယံဆု(၁)ကြိမ်စီရယူနိုင်ခဲ့တာပါ။

အသက်(၃၈)နှစ်အရွယ်ရှိ ဂျေမီဗာဒီနဲ့ လက်စတာအသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင်ကုန်ဆုံးပြီဖြစ်သလို အသင်းကလည်း ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းဆင်းခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဂျေမီဗာဒီရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေအများအပြားထွက်ပေါခဲ့ပြီး အခုအချိန်မှာ လက်စတာအသင်းက သူထွက်ခွာမယ့်အကြောင်းကို ကြေညာခဲ့သလို၊ ကာယကံရှင်ဂျေမီဗာဒီကလည်း လက်စတာအသင်းဟာ သူ့နှလုံးသားတစ်နေရာမှာ အမြဲရှိနေမယ်လို့ ပြောပြီး အသင်းနဲ့သူ လမ်းခွဲတော့မယ့်အကြောင်းကို အတည်ပြုခဲ့ပါတယ်။

ဂျေမီဗာဒီက "လက်စတာအသင်းနဲ့ လမ်းခွဲမယ့်အကြောင်း ကြေညာရမယ့် ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ကျွန်တော်ဟာ ဒီကလပ်မှာ မယုံကြည်နိုင်စရာကောင်းလောက်တဲ့ (၁၃)နှစ်ကြာအချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ပြီး အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေရှိခဲ့ပေမယ့် အများစုက အမြင့်ဆုံးမှာရှိပါတယ်။ ထွက်ခွာရမှာက ကြေကွဲစရာဖြစ်ပေမယ့် မှန်ကန်တဲ့အချိန်လို့ထင်ပါတယ်"လို့ လက်စတာအသင်းရဲ့ ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ ဗီဒီယိုမှာဆိုခဲ့ပါတယ်။

ဂျေမီဗာဒီဟာ ဒီရာသီမှာ လက်စတာအသင်းအတွက် ပြိုင်ပွဲစုံ(၃၁)ပွဲပါဝင်ကစားထားပြီး (၈)ဂိုးသွင်းယူထားတာပါ။ ဂျေမီဗာဒီဟာ လက်စတာအသင်း ပရီးမီးယားလိဂ်ကတန်းဆင်းပြီးနောက် အသင်းပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ဂျေမီဗာဒီဟာ လက်စတာအသင်းက ထွက်ခွာမှာဖြစ်ပေမယ့် ကစားသမားဘဝက အနားယူဖို့ အစီအစဉ်မရှိသေးဘဲ မေဂျာလိဂ်ကလပ်အသင်းတွေရဲ့ချိတ်ဆက်မှုတွေကို ရရှိနေပါတယ်။

Read more

ဒေဝါလီခံပြီး လူမွဲစာရင်းသွင်းခံရဖို့ နီးစပ်နေတဲ့ စင်ကလဲယား

ဒေဝါလီခံပြီး လူမွဲစာရင်းသွင်းခံရဖို့ နီးစပ်နေတဲ့ စင်ကလဲယား

မန်စီးတီးအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ ထရီဗာစင်ကလဲယားဟာ အခွန်ငွေ ပေါင်(၃၆၀၀၀)ကျော်ကို မပေးဆောင်နိုင်ဘဲ ငွေကြေးအခက်အခဲ ကြီးကြီးမားမာ

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

ဒီရာသီလီဗာပူးလ်အသင်းမှာ ပွဲကစားချိန်မိနစ်တွေအကန့်အသတ်နဲ့သာ ရရှိနေတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အသင်းကိုဝေဖန်ထိုးနှက်ဖို့ ရည်ရွယ်ပြီး ရေးသားခဲ

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

PSG အသင်းဟာ နိုက်စ်အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ပြီး ဒီရာသီပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က လာမယ့် အာဆင်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (FA ဖလားဆီမီးဖိုင်နယ်) (26 April 2025/ 10:45 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဗီလာက ရမှတ်(၅၇)မှတ်နဲ့ အဆင့်(၇)မှာ ရှိနေပြီး ခရစ္စတယ်