ဒီရာသီ မီလန်ဒါဘီပွဲ (၅)ပွဲစလုံး ရှုံးပွဲမရှိခဲ့ဘဲ ကိုပါအီတာလီယာဗိုလ်လုပွဲတက်လာတဲ့ အေစီမီလန်

ဒီရာသီ မီလန်ဒါဘီပွဲ (၅)ပွဲစလုံး ရှုံးပွဲမရှိခဲ့ဘဲ ကိုပါအီတာလီယာဗိုလ်လုပွဲတက်လာတဲ့ အေစီမီလန်

အေစီမီလန်အသင်းက ဒီရာသီမှာ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းနဲ့ မီလန်ဒါဘီ(၅)ပွဲဆုံတွေ့ရာမှာ တစ်ပွဲမှ မရှုံးခဲ့ဘဲ (၃)ပွဲနိုင်(၂)ပွဲသရေကစားနိုင်ခဲ့ပါတယ်။

မနေ့က ကစားခဲ့တဲ့ ကိုပါအီတာလီယာ ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲမှာ အေစီမီလန်အသင်းက (၃-၀)ဂိုးနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း(၄-၁)ဂိုးနဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ အေစီမီလန်အသင်းအတွက် ဂိုးတွေကို ပွဲချိန်(၃၆)နဲ့(၄၉)မိနစ်တွေမှာ ဂျိုဗစ်၊ (၈၅)မိနစ်မှာ ရိန်းဒါးစ်တို့က သွင်းယူပေးခဲ့တာပါ။

ပထမအကျော့မှာ အေစီမီလန်အသင်းက အင်တာမီလန်ကို (၁-၁)ဂိုးနဲ့ သရေကစားခဲ့တာဖြစ်ပြီး အခြားဆီမီးဖိုင်နယ်(ပထမအကျော့)မှာ အမ်ပိုလီကို (၃-၀)ဂိုးနဲ့အနိုင်ကစားထားတဲ့ ဘိုလော့နာနဲ့ ဗိုလ်လုပွဲမှာ ဆုံတွေ့ဖွယ်ရှိနေပါတယ်။ ဘိုလော့နာ-အမ်ပိုလီ ဆီမီးဖိုင်နယ် (ဒုတိယအကျော့)ကို ဒီညကစားသွားမှာဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာလည်း အင်တာမီလန်အသင်းကို ပထမအကျော့မှာ (၂-၁)ဂိုးအနိုင်၊ ဒုတိယအကျော့မှာ (၁-၁)ဂိုးသရေရလဒ်တွေနဲ့ ကစားခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုမှာ အသာစီးရခဲ့သလို၊ အီတလီစူပါဖလားဗိုလ်လုပွဲမှာ ဒီနှစ်သင်းတွေ့ဆုံခဲ့ရာမှာလည်း အေစီမီလန်အသင်းက (၃-၂)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

ဒါကြောင့် ဒီရာသီမှာ အေစီမီလန်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက်အင်တာမီလန်အသင်းကို ပြည်တွင်းပြိုင်ပွဲတိုင်းမှာ အသာရနေပြီး အီတလီစူပါဖလားပြိုင်ပွဲမှာ အင်တာမီလန်အသင်းရဲ့(၄)ကြိမ်ဆက်ချန်ပီယံအိပ်မက်ကို ဖျက်ဆီးပြီး ဗိုလ်စွဲခဲ့တာပါ။

ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ play-offs အဆင့်ကထွက်၊ စီးရီးအေပြိုင်ပွဲမှာ အဆင့်(၉)အထိ ရောက်နေတဲ့ အေစီမီလန်အသင်းအနေနဲ့ ပြည်တွင်းရှုံးထွက်ဆုဖလား(၂)လုံးဖြစ်တဲ့ အီတလီစူပါဖလားနဲ့ ကိုပါအီတာလီယာဖလား(၂)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မလားဆိုတာကတော့ မေလ(၁၄)ရက်နေ့မှာ ကစားမယ့် ကိုပါအီတာလီယာဖလားဗိုလ်လုပွဲမှာ စောင့်ကြည့်ရမှာပါ။

Read more

ဒေဝါလီခံပြီး လူမွဲစာရင်းသွင်းခံရဖို့ နီးစပ်နေတဲ့ စင်ကလဲယား

ဒေဝါလီခံပြီး လူမွဲစာရင်းသွင်းခံရဖို့ နီးစပ်နေတဲ့ စင်ကလဲယား

မန်စီးတီးအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ ထရီဗာစင်ကလဲယားဟာ အခွန်ငွေ ပေါင်(၃၆၀၀၀)ကျော်ကို မပေးဆောင်နိုင်ဘဲ ငွေကြေးအခက်အခဲ ကြီးကြီးမားမာ

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

ဒီရာသီလီဗာပူးလ်အသင်းမှာ ပွဲကစားချိန်မိနစ်တွေအကန့်အသတ်နဲ့သာ ရရှိနေတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အသင်းကိုဝေဖန်ထိုးနှက်ဖို့ ရည်ရွယ်ပြီး ရေးသားခဲ

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

PSG အသင်းဟာ နိုက်စ်အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ပြီး ဒီရာသီပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က လာမယ့် အာဆင်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (FA ဖလားဆီမီးဖိုင်နယ်) (26 April 2025/ 10:45 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဗီလာက ရမှတ်(၅၇)မှတ်နဲ့ အဆင့်(၇)မှာ ရှိနေပြီး ခရစ္စတယ်