ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းတိုက်စစ်ကစားသမား အီဇီကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။ မန်ယူနိုက်တက်အသင်းဟာ အီဇီကို ခေါ်ယူဖို့အတွက် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

■ လီဗာပူးလ်အသင်းဟာ အီဂျစ်တောင်ပံကစားသမား ဆာလာကို စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် ဘရန်ဖိုဒ့်အသင်းတိုက်စစ်မှူး အမ်ဘူမိုကိုခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဘရန်ဖိုဒ့်အသင်းဟာ အမ်ဘူမိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)လိုချင်နေတာဖြစ်ပါတယ်။

■ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ စပါးအသင်းနောက်ခံလူရိုမဲရိုးကို ခေါ်ယူမှုအမြန်ဆုံးပြီးဆုံးနိုင်ဖို့လုပ်ဆောင်နေပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ရိုမဲရိုးကို နွေရာသီမှာကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်းထဲထည့်သွင်းချင်နေတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းဟာ အငှားချထားတဲ့ ရပ်ရှ်ဖိုဒ့်နဲ့ အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဝက်ကင်စ်ကို အလဲအလှယ်ပုံစံမျိုးပြုလုပ်ဖို့ စိတ်ဝင်စားနေပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ရပ်ရှ်ဖိုဒ့်ကို အပြီးသတ်ဝယ်ယူခွင့်ရှိတာကြောင့် မန်ယူနိုက်တက်အသင်းဟာ ဒီအပြောင်းအရွှေ့ကနေ ဝက်ကင်စ်ကို ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိနေတာဖြစ်ပါတယ်။

■ မန်စီးတီးအသင်းဟာ ပေါ်တိုအသင်းဂိုးသမား ဒီယိုဂိုကော်စတာကို ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။ မန်စီးတီးအသင်းဟာ ပေါ်တူဂီလက်ရွေးစင်ဂိုးသမား ဒီယိုဂိုကော်စတာအတွက် ပေါ်တိုအသင်းကို ပြောင်းရွှေ့ကြေးပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းမှုပြုလုပ်ပြီး ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

■ ချယ်လ်ဆီး၊နယူးကာဆယ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ တောင်ကိုရီးယားဗဟိုနောက်ခံလူ ကင်မင်ဂျေးကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကလည်း ကင်မင်ဂျေးကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချဖို့ဆန္ဒရှိနေပါတယ်။