ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)
ပထမအကျော့

အာဆင်နယ် - PSG
(30 April 2025/ 1:30 am)

ဒီရာသီမှာ အာဆင်နယ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဒုတိယအသင်း၊ PSG က ပြင်သစ်လိဂ်ချန်ပီယံအသင်းဆိုပေမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့်တွေ့ဆုံမှုမှာ အာဆင်နယ်က PSG ကို ကိုင်ဟာဗက်ဇ်၊ ဆာကာတို့ရဲ့ဂိုးတွေနဲ့အတူ (၂-၀)ဂိုးနဲ့အနိုင်ယူထားတယ်။

အာဆင်နယ်က ချန်ပီယံလိဂ်အိမ်ကွင်းပွဲတွေမှာ အတော်ကို စိတ်ချရတဲ့အသင်းဖြစ်ပြီး ဒီပြိုင်ပွဲနဲ့ (၆)နှစ်ကြာဝေးကွာပြီးနောက်ပိုင်း ပြန်ကစားခဲ့တဲ့ နောက်ဆုံး(၂)ရာသီအိမ်ကွင်း ချန်ပီယံလိဂ် (၁၁)ပွဲမှာ (၉)ပွဲအထိနိုင်ခဲ့တယ်။ ထူးခြားတာက ဒီနိုင်တဲ့(၉)ပွဲစလုံး ပြိုင်ဘက်အသင်းတွေကို ဂိုးလုံး၀မပေးခဲ့ရဘဲ Clean-Sheet ရလဒ်တွေနဲ့ နိုင်ခဲ့တာဖြစ်တယ်။ အာဆင်နယ်ဂိုးမပေးဘဲ အနိုင်ရခဲ့တဲ့အသင်းတွေထဲမှာ PSV၊ ဆီဗီလာ၊ ပေါ်တို၊ PSG ၊ မိုနာကို၊ ရီးရဲလ်မက်ဒရစ်အစရှိတဲ့ ခြေစွမ်းခြေစမသေးတဲ့၊ တိုက်စစ်အားကောင်းတဲ့အသင်းတွေပါတယ်။

အာဆင်နယ်က ဒီလိုအိမ်ကွင်းမှတ်တမ်းကောင်းရှိပေမယ့် PSG ကတော့ နောက်ဆုံး(၂)ရာသီ အဝေးကွင်းပွဲတွေမှာ ရလဒ်ဆိုးတွေ အတော်များများတွေ့ခဲ့ရတယ်။ (၂)ရာသီအတွင်း အဝေးကွင်းချန်ပီယံလိဂ်(၁၄)ပွဲမှာ တစ်ဝက်တိတိဖြစ်တဲ့ (၇)ပွဲကို ရှုံးခဲ့တယ်။ ဒီရှုံးပွဲတွေထဲမှာ နယူးကာဆယ်၊ အာဆင်နယ်၊ ဗီလာအစရှိတဲ့ အင်္ဂလန်အသင်းတွေပါခဲ့တယ်။

Round of 16 မှာ လီဗာပူးလ်၊ ကွာတားဖိုင်နယ်မှာ ဗီလာအစရှိတဲ့ အင်္ဂလန်အသင်းတွေကို ဖြတ်ကျော်ခဲ့တဲ့ PSG အသင်းအနေနဲ့ ဆီမီးဖိုင်နယ်မှာတော့ အာဆင်နယ်ကို ကျော်ဖြတ်ဖို့ ခက်ခဲမှာဖြစ်သလို အာဆင်နယ်ကွင်းမှာကစားရမယ့် ပထမအကျော့ပွဲကလည်း လွယ်ကူတဲ့ပွဲတစ်ပွဲမဖြစ်လာမှာ အမှန်ပဲ။

အာဆင်နယ်မှာ ဂျေးဆူ၊ တိုမီယာဆု၊ ကိုင်ဟာဗက်ဇ်၊ ဂါဘရီယယ်တို့က ထုံးစံအတိုင်း နားနေရဦးမှာဖြစ်ပြီး ဂျော်ဂျင်ညို၊ ကာလာဖီအိုရီအစရှိတဲ့ ကစားသမားတွေလည်း ပါဝင်နိုင်ဦးမှာမဟုတ်ဘူး။ ပါတေးကလည်း ပွဲပယ်ပြစ်ဒဏ်ထိထားတယ်။ PSG ကတော့ ဒဏ်ရာရ/ပွဲပယ် ကင်းရှင်းနေတယ်။

ဒီလိုအခြေအနေရှိသည့်တိုင် အာဆင်နယ်အနေနဲ့ အိမ်ကွင်းမှာ PSG ကို ကျန်ရှိနေတဲ့ကစားသမားတွေနဲ့ အသာရအောင် ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အိမ်ရှင်အသင်းပဲ ရွေးချင်တယ်။ (၂-၀)(၂-၁)လို ရလဒ်မျိုးကို ကြိုက်မိတယ်။

Read more

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

ဒီရာသီချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တဲ့အသင်း(၈)သင်း (ပြိုင်ပွဲတစ်ခု ၄ သင်းစီ)ကို ပြန်လေ့လာကြည့်မယ်ဆိုရင် အုပ်စု

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလောပ့်က ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ သူ့ရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းနဲ့ သူ့ရဲ့နေရာမှာဆက်ခံခဲ

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

ဒီရာသီ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ပြိုင်ပွဲစုံဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့အသက်(၁၇)နှစ်အရွယ် လူငယ်ကစားသမား လာမင်းယာမားလ်က ဦးဆောင်နေ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်က ဂျာမနီလက်ရွေးစင်အသင်းရဲ့ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ရူဒီ