ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ
(FA ဖလားဆီမီးဖိုင်နယ်)
(26 April 2025/ 10:45 pm)

လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဗီလာက​ ရမှတ်(၅၇)မှတ်နဲ့ အဆင့်(၇)မှာ ရှိနေပြီး ခရစ္စတယ်ပဲလေ့စ်က ရမှတ်(၄၅)မှတ်နဲ့ အဆင့်(၁၂)မှာ ရှိနေတာကြောင့် ဗီလာက က ခြေစွမ်းပိုမိုမြင့်မားတဲ့အနေအထားမှာရှိတယ်လို့ ယေဘုယျပြောလို့ရတယ်။ ဒါပေမယ့် ဒီရာသီ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာ ပထမအကျော့(၂-၂)ဂိုးနဲ့သရေကျပြီး ဒုတိယအကျော့မှာ ခရစ္စတယ်ပဲလေ့စ်က အိမ်ကွင်းမှာ (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာကိုတော့ သတိတစ်ချက်ထားရမယ်။

လတ်တလော ရလဒ်ပိုင်းနှိုင်းယှဉ်မယ်ဆိုရင် ခရစ္စတယ်ပဲလေ့စ်က (၄)ပွဲဆက်တိုက်နိုင်ပွဲပျောက်နေပြီး မန်စီးတီး၊ နယူးကာဆယ်တို့ကို (၅)ဂိုးစီပေးပြီး ရှုံးခဲ့ရတယ်။ နောက်ဆုံးပွဲမှာ အာဆင်နယ်ကို အဝေးကွင်းမှာ (၂-၂)ဂိုးနဲ့ သရေကစားထားတယ်။

ဗီလာကတော့ ခရစ္စတယ်ပဲလေ့စ်ထက်စာရင် ရလဒ်ပိုင်းပိုကောင်းပြီး နောက်ဆုံး(၄)ပွဲမှာ ဆောက်သမ်တန်၊ PSG ၊ နယူးကာဆယ်အစရှိတဲ့အသင်းတွေကို အနိုင်ယူပြီး နောက်ဆုံးပွဲမှာ မန်စီးတီးကို နောက်ဆုံးမိနစ်ပေးဂိုးနဲ့ ရှုံးခဲ့ရတယ်။

နှစ်သင်းစလုံးမှာ လတ်တလောဒုက္ခပေးစရာ ဒဏ်ရာရ/ပွဲပယ်ပြဿနာမရှိဘူး။ ခရစ္စတယ်ပဲလေ့စ်မှာ အရင်နားနေရတဲ့ ချာဒီရီယာ့ဒ်နဲ့ ဒူကူရေးတို့လောက်ပဲ ဒီပွဲလွဲမှာဖြစ်ပြီး ဗီလာမှာတော့ ဒဏ်ရာရသူမရှိဘူး။ နှစ်သင်းစလုံး ဗိုလ်လုပွဲတက်ရောက်ရေးအတွက် လူစုံတက်စုံနဲ့ ရွက်ကုန်ဖွင့်ကစားကြမှာဖြစ်တယ်။

နှစ်သင်းစလုံးထက်မြက်တဲ့တိုက်စစ်တွေကို ပိုင်ဆိုင်ထားကြပြီး အီဇီ၊ ဆား၊ မာတီတာ၊ မူနော့ဇ်တို့က ဗီလာနောက်တန်းကို ပရီးမီးယားလိဂ်အိမ်ကွင်းပွဲတုန်းကလို ဒုက္ခပေးနိုင်သလို၊ ဝက်ကင်စ်၊ ရပ်ရှ်ဖို့ဒ်၊ ရော်ဂျာစ်၊ အဆန်စီယိုတို့ရဲ့ ဗီလာတိုက်စစ်ကလည်း ခရစ္စတယ်ပဲလေ့စ်ကို ရှုံးကြွေးဆပ်နိုင်ဖို့ ကြိုးစားကြမှာဖြစ်တယ်။

ခြေစွမ်းပိုင်းနှိုင်းယှဉ်ရင် ဗီလာနည်းနည်းလေးသာသလို ခရစ္စတယ်ပဲလေ့စ်နောက်တန်းကို စိတ်မချတာကြောင့် ဒီပွဲအနိုင်ကို ဗီလာပဲ ရွေးချယ်ချင်တယ်။ (၁-၀)(၂-၁)လို ရလဒ်မျိုးတွေ့ရမယ်ထင်တယ်။

ဘာစီလိုနာ - ရီးရဲလ်မက်ဒရစ်
(စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ)
(27 April 2025/ 2:30 am)

ဒီနှစ်သင်းသမိုင်းတစ်လျှောက်တွေ့ဆုံမှုမှာ ရီးရဲလ်မက်ဒရစ်က (၁၀၅)ပွဲနိုင်ပြီး ဘာစီလိုနာက (၁၀၂)ပွဲနိုင်တာကြောင့် ရီးရဲလ်မက်ဒရစ်က အသာရတယ်လို့ ပြောနိုင်ပေမယ့် ဒီရာသီ ထိပ်တိုက်တွေ့ဆုံမှုမှာ အလူးအလဲခံနေရတာက ရီးရဲလ်မက်ဒရစ်ဖြစ်တယ်။

ဒီရာသီ လာလီဂါပထမအကျော့အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်က(၀-၄)ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ရသလို ဆော်ဒီမြေမှာ ကစားခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာလည်း ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၅-၂)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တယ်။

ဒီရာသီမှာ ဘာစီလိုနာက နည်းပြဟန်ဆီဖလစ်ခ်ရဲ့လက်ထဲမှာ လူငယ်ကစားသမားအများစုနဲ့ စွမ်းရည်ထက်မြက်တဲ့အသင်းအဖြစ် ရှိနေပြီး ဒီနောက်ပိုင်းနှစ်တွေမှာ ဂိုးသွင်းနှုန်းအကောင်းဆုံးအသင်း၊ ကစားအားအကောင်းဆုံးအသင်းအဖြစ် ရှိနေတယ်။

ဒီနှစ်ထဲမှာ ဒေ့ါမွန်ကို ချန်ပီယံလိဂ်မှာ ရှုံးတာကလွဲလို့ ပြိုင်ပွဲစုံမှာ ရှုံးပွဲတစ်ပွဲမှမရှိဘဲ (၂၂)ပွဲနိုင်(၄)ပွဲသရေကစားထားတယ်။ ယာမားလ်၊ ရာဖင်ညာ၊ အော်လ်မို၊ ပက်ဒရီ၊ ဖယ်ရန်တောရက်စ်အစရှိတဲ့ အရည်အသွေးရှိကစားသမားတွေကို ဟန်ဆီဖလစ်က စုစည်းမှုနဲ့ နားလည်မှုတည်ဆောက်ပေးထားတော့ အသင်းက တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရှိနေတယ်။

ရီးရဲလ်မက်ဒရစ်က ဒီရာသီမှာ ဘာစီလိုနာသာမကဘဲ အသင်းကြီးတွေနဲ့ တွေ့တဲ့ပွဲအတော်များများမှာ ရုန်းကန်ရတာကို တွေ့ရတယ်။ အေစီမီလန်၊ လီဗာပူးလ်၊ ဘီလ်ဘာအို၊ အာဆင်နယ်(ချန်ပီယံလိဂ် ၂ ကျော့စလုံး)အစရှိတဲ့အသင်းတွေကိုလည်း ဒီရာသီမှာရှုံးခဲ့ရပြီး အရေးအကြောင်းဆို ဘာပေ၊ ဗင်နီစီယပ်စ်၊ ရိုဒရီဂိုတို့ ဂိုးပေါက်ရှာမတွေ့တာလည်း ပြဿနာဖြစ်တယ်။

ဒီပွဲမှာ ဘာစီလိုနာတိုက်စစ်မှူးလီဝန်ဒေါစကီးကစားနိုင်မှာမဟုတ်ဘဲ ဘာနယ်လ်၊ ကာဆာဒို၊ ဘယ်လ်ဒေးတို့က ထုံးစံအတိုင်းလွဲမှာဖြစ်တယ်။ ရီးရဲလ်မှာတော့ အရင်ဒဏ်ရာရထားသူတွေဖြစ်တဲ့ မီလီတာအို၊ ကာဗာဟယ်လ်၊ ကာမာဗင်ဂါတို့ပဲ လွဲမှာဖြစ်ပြီး ကျန်ကစားသမားတွေ လူစုံရှိပါတယ်။

ဒီနှစ်သင်း ကစားသမားစုဖွဲ့မှုမှာ သိသိသာသာမကွာဟပေမယ့် ဒီရာသီ ခြေစွမ်း၊ ထိပ်တိုက်တွေ့ဆုံမှု၊ လက်ရှိအသင်း Rhythm အစရှိတာတွေမှာ ဘာစီလိုနာက သိသိသာသာ အသာရနေတာကိုတွေ့ရလိမ့်မယ်။ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရှိပေမယ့် ပွဲကျပ်ကာလရဲ့ပထမဆုံးပွဲလည်းဖြစ်၊ ဖလားဆွတ်ခူးမယ့် ဗိုလ်လုပွဲလည်းဖြစ်တာကြောင့် ဘာစီလိုနာ အားကုန်ထုတ်ကစားမှာသေချာပါတယ်။

စပိန်ဘုရင့်ဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဘာစီလိုနာ (၃၂)ကြိမ်မြောက်ဖလားကို ရယူမယ်လို့ ထင်နေမိတယ်။ ဘာစီလိုနာအနိုင် (၂-၁)(၃-၁)လို ရလဒ်တွေကို ကြိုက်မိတယ်။

Read more

ဒေဝါလီခံပြီး လူမွဲစာရင်းသွင်းခံရဖို့ နီးစပ်နေတဲ့ စင်ကလဲယား

ဒေဝါလီခံပြီး လူမွဲစာရင်းသွင်းခံရဖို့ နီးစပ်နေတဲ့ စင်ကလဲယား

မန်စီးတီးအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ ထရီဗာစင်ကလဲယားဟာ အခွန်ငွေ ပေါင်(၃၆၀၀၀)ကျော်ကို မပေးဆောင်နိုင်ဘဲ ငွေကြေးအခက်အခဲ ကြီးကြီးမားမာ

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

ဒီရာသီလီဗာပူးလ်အသင်းမှာ ပွဲကစားချိန်မိနစ်တွေအကန့်အသတ်နဲ့သာ ရရှိနေတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အသင်းကိုဝေဖန်ထိုးနှက်ဖို့ ရည်ရွယ်ပြီး ရေးသားခဲ

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

PSG အသင်းဟာ နိုက်စ်အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ပြီး ဒီရာသီပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က လာမယ့် အာဆင်

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ချယ်လ်ဆီးအသင်းရဲ့ အီတလီလူမျိုးနည်းပြမာရက်စ်ကာက ချယ်လ်ဆီးအသင်းအတွက် အင်္ဂလန်ကြယ်ပွင့်ကိုးလ်ပါမား (၁၆)ပွဲဆက်တိုက်ဂိုးမသွင်းယူနိုင်တာက သူ့ရဲ့အမှားကြ