ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

အဲဗာတန် - မန်စီးတီး
(ပရီးမီးယားလိဂ်)
(12 April 2025/ 8:30 pm)

အဲဗာတန်အသင်းက ရမှတ်(၃၈)မှတ်နဲ့ မန်ယူနိုက်တက်နဲ့စပါးအသင်းအထက် အဆင့်(၁၃)မှာ ရပ်တည်နေပြီး မန်စီးတီးအသင်းက ရမှတ်(၅၅)မှတ်နဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေတယ်။

ဒီနှစ်သင်းရဲ့ဒီရာသီရည်မှန်းချက်ချင်းနှိုင်းယှဉ်ရင် အဲဗာတန်က တန်းလည်းမဆင်း၊ ဥရောပဝင်ခွင့်လည်း ဝေးကွာနေတဲ့အနေအထားဖြစ်ပြီး မန်စီးတီးကတော့ နောက်က ချယ်လ်ဆီး၊ ဗီလာအစရှိတဲ့အသင်းတွေရဲ့ခြိမ်းခြောက်မှုကြောင့် အဆင့်(၅)ထဲဝင်ဖို့ အသည်းအသန်ကြိုးစားရမယ့် အနေအထားဖြစ်တယ်။

နောက်ရာသီ ရည်မှန်းချက်ဝေဝါးနေပေမယ့် ဒေးဗစ်မွိုက်စ်ရဲ့အဲဗာတန်အသင်းက ဘယ်အသင်းနဲ့မဆို ရမှတ်အနည်းဆုံး(၁)မှတ်ရအောင် အတင်းရုန်းကန်ကစားနေတာကိုတော့ တွေ့နေရတယ်။ လီဗာပူးလ်(ပကျော့)၊ မန်ယူနိုက်တက်၊ အာဆင်နယ်အပါအဝင် အသင်းအတော်များများကို (၁-၁)(၂-၂)ရလဒ်တွေနဲ့ သရေရလဒ်တွေရအောင် ကစားပြီး နောက်ဆုံးပွဲမှာလည်း ဖောရက်စ်အသင်းကို အဝေးကွင်းမှာ(၁-၀)ဂိုးနဲ့ အနိုင်ကစားခဲ့တယ်။

မန်စီးတီးအသင်းက နောက်ဆုံးပရီးမီးယားလိဂ်အဝေးကွင်း(၄)ပွဲမှာ (၃)ပွဲနိုင်ပွဲပျောက်ခဲ့ပြီး အာဆင်နယ်ကို(၁-၅)၊ ဖောရက်စ်ကို (၀-၁)ဂိုးတွေနဲ့ ရှုံးခဲ့ရတယ်။ လက်ရှိအသင်းမှာ တိုက်စစ်မှူးဟာလန်းမပါနိုင်သလို ဂိုးသမားအီဒါဆန်လည်း ဒီပွဲလွဲမယ်။ ဖိုဒန်လည်း မသေချာဘူး။ အဲဗာတန်မှာတော့ အရင်ဒဏ်ရာရသူတွေကလွဲလို့ ဒဏ်ရာရသူအသစ်မရှိဘူး။

မန်စီးတီးက အဲဗာတန်ကို နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ အဝေးကွင်း(၈)ပွဲမှာပွဲတိုင်း အနိုင်ကစားနိုင်ခဲ့တဲ့မှတ်တမ်းကောင်းတော့ရှိတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာ အသင်းက နည်းနည်းလျော့နေတာနဲ့ မိုယက်စ်ရဲ့အသင်းက အသင်းကြီးတွေကို အိမ်ကွင်းမှာ အနိုင်မရအောင် ဒုက္ခပေးနေတာကြောင့် မန်စီးတီးအနေနဲ့ နိုင်ပွဲရဖို့ အတော်ရုန်းကန်ရနိုင်တယ်။ အဲဗာတန် သရေတစ်မှတ်ရအောင် ယူဦးမယ်လို့ ထင်နေတယ်။ (၁-၁)(၂-၂)လို ရလဒ်တွေကိုပဲ ကြိုက်မိတယ်။

အက်စတွန်ဗီလာ - နယူးကာဆယ်
(ပရီးမီးယားလိဂ်)
(19 April 2025/ 11:00 pm)

အက်စတွန်ဗီလာက ရမှတ်(၅၄)မှတ်နဲ့ အဆင့်(၇)မှာ ရပ်တည်နေပြီး နယူးကာဆယ်က ရမှတ်(၅၉)မှတ်နဲ့ အဆင့်(၃)မှာ ရပ်တည်နေတယ်။

ဗီလာက ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရပြီဆိုတော့ ပရီးမီးယားလိဂ်ကို အပြည့်အ၀ ပြန်အာရုံစိုက်ရတော့မှာဖြစ်တယ်။ ထိပ်ဆုံး(၅)သင်းဝင်ရေးအတွက် လက်ကျန်ပွဲတိုင်းကို ရမှတ်ရသလောက်ယူဖို့ ကြိုးစားကစားရမှာဖြစ်တယ်။

အိမ်ကွင်းမှာ ဗီလာက ရလဒ်ကောင်းတွေ ဆက်တိုက်ယူထားပြီး (၅)ပွဲဆက်တိုက် အနိုင်ကစားထားတယ်။ အိမ်ကွင်းပွဲစဉ်တွေမှာ ဗီလာမရှုံးတာလည်း (၆)လလောက်ရှိနေပြီဖြစ်တယ်။ ရပ်ရှ်ဖို့ဒ်ရဲ့ ဖန်တီးမှုတွေနဲ့အတူ အဆန်စီယို၊ ရော်ဂျာစ်၊ တိုင်လေမန်းအစရှိတဲ့ ကစားသမားတွေက ဂိုးတွေသွင်းနေကြပြီး အိမ်ကွင်းပွဲစဉ်တွေမှာ ဂိုးမြူးနေတာကိုလည်း တွေ့ရတယ်။

နယူးကာဆယ်ကလည်း လတ်တလောမှာ ခြေစွမ်းထက်နေတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းအဝေးကွင်းမရွေး ဆက်တိုက်အနိုင်ယူနေတဲ့အသင်းဖြစ်တယ်။ အဆင့်(၃)နေရာတည်မြဲဖို့အတွက် ရမှတ်ပြည့်ရဖို့ ကြိုးစားရမှာဖြစ်တယ်။

အသင်းမှာ ဂျက်ကော့ဘ်မာဖီ၊ ဟာဗေးဘန်းစ်၊ အစ်ဆက်ခ်၊ တိုနယ်လီအစရှိတဲ့ကစားသမားတွေက ဂိုးတွေသွင်းယူပေးနေပြီး ဂိုးပြတ်နိုင်ပွဲတွေဆက်တိုက်ရယူနေတယ်။ ဗီလာမှာ ဒဏ်ရာရ၊ ပွဲပယ်ကစားသမားမရှိသလို နယူးကာဆယ်မှာလည်း အရင်ဒဏ်ရာရပြီးနားနေရသူတွေပဲ ရှိတယ်။

လက်ရှိမှာ Current Form အကောင်းဆုံးအသင်း(၂)သင်းတွေ့ကြမှာဖြစ်ပြီး တိုက်စစ်အားသန်သူတွေလည်းများတော့ ဒီပွဲဂိုးများမယ်ထင်နေတယ်။ (၂-၂)(၃-၃)လို ရလဒ်မျိုးတွေနဲ့ သရေကျမယ်လို့ ထင်နေမိတယ်။

Read more

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးဆာလာဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်(၅-၁)စပါးပွဲမှာ လီဗာပူးလ်အသင်းအတွက် ပွဲချိန်(၆၃)မိနစ်မှာ အနိုင်ဂိ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့(ဧပြီ ၃၀ ရက်)မှာ ကစားဖို့ရှိတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ဘာစီလိုနာ-အင်တာမီလန်ပွဲကို ဥရောပမှာ မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

မနေ့က ကစားခဲ့တဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အမျိုးသမီးအသင်းဟာ နာမည်ကြီးပြင်သစ်ကလပ် လိုင်ယွန်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အံ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲပြီး သူ့ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေ