ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

မန်ယူနိုက်တက် - ၀ုလ်ဗ်စ်
(ပရီးမီးယားလိဂ်)
(20 April 2025/ 7:30 pm)

မန်ယူနိုက်တက်က ရမှတ်(၃၈)မှတ်နဲ့ အဆင့်(၁၄)နေရာမှာ ရပ်တည်နေပြီး ၀ုလ်ဗ်စ်က ရမှတ်(၃၅)မှတ်နဲ့ အဆင့်(၁၇)နေရာမှာ ရပ်တည်နေတယ်။

၀ုလ်ဗ်က လတ်တလောမှာ ရလဒ်တွေပြန်ကောင်းလာပြီး နောက်ဆုံး(၄)ပွဲဆက်တိုက်အနိုင်ရထားတယ်။ မန်ယူနိုက်တက်ကိုလည်း ပထမအကျော့မှာ (၂-၀)ဂိုးနဲ့ နိုင်ထားတာဆိုတော့ အသင်းသမိုင်းတစ်လျှောက် မန်ယူနိုက်တက်ကို ပထမဆုံးအနေနဲ့ (၂)ကျော့စလုံးအနိုင်ရဖို့ကြိုးစားရမှာဖြစ်တယ်။

မန်ယူနိုက်တက်က ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တက်ထားတာဆိုတော့ ပရီးမီးယားလိဂ်ကို အာရုံနည်းနည်းလျော့နိုင်တယ်။ ပရီးမီးယားလိဂ်လက်ကျန်ပွဲတွေကို လူငယ်တွေပွဲထုတ်ကစားမယ်ဆိုတဲ့ အာမိုရင်ရဲ့စကားအရလည်း လူအပြောင်းအလဲတချို့ရှိနိုင်တယ်။

မန်ယူနိုက်တက်က အိမ်ကွင်းမှာ ခြေစွမ်းစိတ်မချရသေးပေမယ့် ၀ုလ်ဗ်စ်က နောက်ဆုံးပရီးမီးယားလိဂ်(၃)ပွဲဆက်တိုက်ကို အနိုင်ကစားထားတယ်။

ဒီပွဲအိမ်ရှင်ကို စိတ်မချဘဲ ရာသီကုန်ခါနီးလေ ပိုညှစ်ကစားလေဖြစ်နေတဲ့ ၀ုလ်ဗ်စ်ကိုတောင် ပိုကြိုက်မိတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ၀ုလ်ဗ်စ်အနိမ့်ဆုံးသရေတစ်မှတ်တော့ရယူနိုင်မယ်လို့ မျှော်လင့်မိတယ်။

ဖူလ်ဟမ် - ချယ်လ်ဆီး
(ပရီးမီးယားလိဂ်)
(20 April 2025/ 7:30 pm)

ဖူလ်ဟမ်က ရမှတ်(၄၈)မှတ်နဲ့ အဆင့်(၉)မှာ ရပ်တည်နေပြီး ချယ်လ်ဆီးက ရမှတ်(၅၄)မှတ်နဲ့ အဆင့်(၇)မှာ ရပ်တည်နေတယ်။

ဖူလ်ဟမ်အတွက် ဥရောပဝင်ခွင့်ရဖို့ အမှတ်လိုသလို၊ ချယ်လ်ဆီးကလည်း နိုင်ပွဲရယူနိုင်မှ ထိပ်ဆုံး(၅)သင်းစာရင်းထဲပြန်ဝင်နိုင်မယ်။ ဖူလ်ဟမ်က အခုနောက်ပိုင်းပွဲတွေမှာ ရှုံးပွဲတွေစိတ်လာပြီး နောက်ဆုံးပြိုင်ပွဲစုံ(၆)ပွဲမှာ ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ်၊ ဘုန်းမောက်အစရှိတဲ့အသင်းတွေကို ရှုံးခဲ့တယ်။

ချယ်လ်ဆီးကလည်း လတ်တလောမှာ ရလဒ်တွေယိုင်နေပြီး နောက်ဆုံးကစားထားတဲ့(၆)ပွဲမှာ နိုင်ပွဲ(၂)ပွဲပဲရခဲ့တယ်။ အာဆင်နယ်ကို ရှုံး၊ လီဂီယာဝါဆောကို ရှုံးပြီး ဘရန့်ဖို့ဒ်၊ အစ်ဝစ်ချ်တို့ကို သရေကျခဲ့တယ်။

နှစ်သင်းစလုံးက လက်ရှိအချိန်မှာ ခြေစွမ်းတည်ငြိမ်မှုနည်းနေပြီး ဒီနှစ်သင်းတွေ့ဆုံမှုတွေကို ပြန်ကြည့်ရင်တော့ ချယ်လ်ဆီးက သိသိသာသာ အသာရပါတယ်။ သမိုင်းတစ်လျှောက်(၉၃)ကြိမ် တွေ့ခဲ့ရာမှာ ချယ်လ်ဆီးက (၅၂)ပွဲအထိနိုင်ပြီး ဖူလ်ဟမ်နိုင်တာ (၁၃)ပွဲပဲရှိတယ်။ ဒါပေမယ့် ဒီရာသီ ပထမအကျော့မှာ ဖူလ်ဟမ်က (၂-၁)ဂိုးနဲ့နိုင်သွားတာတော့ သတိပြုရမယ်။

နှစ်သင်းစလုံးမှာ ဒဏ်ရာရသူတွေအနည်းငယ်စီရှိပေမယ့် အသင်းကို မထိခိုက်လောက်ပါဘူး။ ခြေစွမ်းတည်ငြိမ်မှုနည်းနေတာချင်းအတူတူ ဒီနှစ်သင်းမှာ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ကစားသမားတွေများတဲ့ချယ်လ်ဆီးကိုပဲ ရွေးချင်တယ်။ ချယ်လ်ဆီး(၂-၁)(၃-၂)လို ရလဒ်တွေနဲ့ အနိုင်ရမယ်လို့ ထင်မိတယ်။

Read more

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

ဒီသတင်းက ဧပြီ ၂၂ တည်းကမို့ နည်းနည်းကြာပြီဆိုတော့ သိပြီးတဲ့သူတွေတောင်ရှိလောက်ပါတယ်။ UAE အစိုးရကနေ နိုင်ငံရဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေအသစ်တွေရေးသားခြင်းနဲ့ ပြုပြင်ပြောင်းလဲ

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

NVIDIA သည် အမေရိကန်ပြည်ထောင်စုအတွင်း၌ AI supercomputers များကို ပထမဆုံးအကြိမ်အဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ၎င်းစီမံကိန်းတွင် TSMC၊ Foxconn၊ Wistron၊ Amkor နှင့် SPIL တို့နှင့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

လီဗာပူးလ်အသင်းက စပါးအသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ်‌အောင်ပွဲခံချိန်မှာ ဥရုဂွေးတိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာ အီဂျ

Man City (2 -0) Nottingham Forest    FA Cup (Semi Final)  Highlight

Man City (2 -0) Nottingham Forest FA Cup (Semi Final) Highlight

0:00 /0:34 1× ■ Video - မနေ့ကကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ် မန်စီးတီး(၂-၀)နော်တင်ဂမ်ဖောရက်စ်ပွဲမှာ မန်စီးတီးအသင်းအတွက် ပွဲအစ(၂)မိနစ်မှာ ရီကိုလူးဝစ်သွင်းယူခဲ့တဲ